မနအ - သဲချောင်း

သဲချောင်း
မနအ
(သစ်ခက်သံလွင်) ဇူလိုင် ၉၊ ၂၀၂၂

ခြုံနွယ်တွေက ကျိုးတိုးကျဲတဲ
သစ်ပင်တချို့  မိုးတိုးမတ်တတ် 
လေရိုင်းတွေ တဖြတ်ဖြတ်
ကြတ်ကုန်း၊ ကျောက်ဖြုန်းတွေကြားက
သူ့နှုတ်ခမ်းပါးပါးလေးနဲ့ ထွင်းဖောက်ထားပေမယ့်
နွေ နဲ့ ဆောင်းဆို ခြောက်သယောင်းနေတတ်တဲ့
ချောင်းခြောက်ကလေးရဲ့ ရင်ဘတ်ပေါ်မှာ   ...
တအောင့်တနား
စောင့်စား၊ အမောဖြေ
ဟိုမှာ  တောခြေရာ
ဟိုမှာ  ရွက်ကြွေ
တောင်ကျရေစီးသံ
သဲတွေ  ပွတ်တိုက်ရွေ့လျားသံ  ...။     ။

၄ ဇူလိုင် ၂၀၂၂

Comments