မိုးမြင့်ယံ - မမေ့ကြေး

 မမေ့ကြေး 
 မိုးမြင့်ယံ
(သစ်ခက်သံလွင်) ဇူလိုင် ၂၁၊ ၂၀၂၂

ငါတို့ရဲ့ ကျလာတဲ့မျက်ရည်တွေကို
သံပူတံဆိပ်ပေးပြီး
ဘယ်ဘက်ရင်ဘတ်မှာ ခတ်နှိပ်ထားတယ်
ငါတို့ရဲ့ ကျောပြင်အရေပြားပေါ်မှာ
တောင်းတန်းက စစ်ဘေးရှောင်တွေပုံရိပ်
တက်တူးတွေ ကျောလုံးပြည့်ထိုးနှံထားတယ်
ငါတို့ရဲ့ မျက်ဝန်းအိမ် Gallery ထဲမှာ
ကျဆုံး သူရဲကောင်းများစွာရဲ့ ရုပ်ပုံလွှာတွေ
ထည့်သွင်း သိမ်းဆည်းထားရတယ်
ငါတို့ရဲ့ ဦးနှောက် သိုဝှက်ခန်းထဲမှာ
ကမ္ဘာမကြေ သီချင်း Raintone သံထည့်ပြီး
အချိန်ပြည့် Alarm ပေးထားရတယ်
ကဗျာဆရာတွေဟာ သူတို့ရေးမဲ့ စကားလုံး
ဖြူလွှလွှ အက္ခရာ စာလုံးတွေနေရာမှာ
ခုတော့ ..... 
ရဲရင့်ယုံကြည်ခြင်း နှင်းဆီတခင်းပျိုးလို့
အက္ခရာတွေ အကုန်လုံးကို
အနီရောင်စာလုံးအဖြစ် ပြောင်းလိုက်ကြတယ် 

Comments