ဇမ်သစ်အောင်
(သစ်ခက်သံလွင်) ဇွန် ၇၊ ၂၀၂၂
ကျောင်းကိုတအားချစ်လို့
ကျောင်းကို ထားပစ်ခဲ့ရတယ်
ကျောက်သင်ပုန်းကို ချစ်သလို
ကြောက်သင်ပုန်းကို မုန်းခဲ့
သစ်ပင်တွေကိုချစ်လို့
အနာဂတ်တွေစိုက်ပျိုးခဲ့
မရိုက်ရက်လို့ တုတ်မကိုင်ဖူးတဲ့ လက်က
သေနတ်ကို နာကျည်းချက်နဲ့ ကိုင်ခဲ့တယ်
ခေါင်းလောင်းသံနဲ့ ဝေးသွားပြီးတဲ့နောက်
အမြောက်သံတွေကြား
နားတစွင့်စွင့်
မျှော်လင့်ချက်ကို အလံလိုလွှင့်တင်ရင်း
နိုင်ငံတော်သီချင်းကို
ပီပီသသ
ကြည်ကြည်မြမြ ဆိုနိုင်တဲ့တစ်နေ့
အချစ်ရေ
မောင်တို့ကျောင်းမှာ ပြန်တွေ့မယ်။ ။
(မြေဖြူကို စွန့်လွှတ်ပြီး အမှန်တရားအတွက် လက်နက်ဆွဲကိိုင်သူ ဆရာများအားလုံးကို
ဒီကဗျာနဲ့ လေးနက်စွာ ဦးညွတ်လိုက်ပါတယ်။)
10:06 AM
Comments
Post a Comment