ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) မေ ၂၄၊ ၂၀၂၂
ဈေးကြီးပေး ဝယ်ရတဲ့
ငါးခြောက်တွေထဲမှာ
သဲတွေ ပါတတ်သလားဆိုတော့
...
ပါတတ်တာပေါ့ကွာ
ငါးခြောက်ဆိုတာ
သဲပေါ်လှမ်းရတာမျိုးလေ။
စေတနာနဲ့ ပေးလည်း
ဝေဒနာ ဖြစ်နိုင်တယ်
သည်းခံ နားလည်တတ်ရင်တော့
ဒို့ အဆုံးကို
ဒို့ရောက်မှာ။
လူ့လောကမှာ
လူကြီး လူဂေါင်းကြီးတွေ
ပျော်ရွှင်ဖို့ ဈေးအပေါဆုံးက
လူ့ဘဝနဲ့ လူ့အသက် ဖြစ်နေတဲ့ခေတ်
မင်းတို့ ပြန်မရစ်ကြပါနဲ့တော့။
မင်းတို့ခေတ် ရောက်တဲ့အထိ
မင်းတို့ချီနိုင်မှာ ငါယုံတယ်
ငါးခြောက်ထဲ သဲပါရုံနဲ့
ထမင်းစား မပျက်နဲ့
ဆက်ဝါး မြိုချ
မင်းတို့ရဲ့
အလှဆုံး အနာဂတ်ကို
မင်းတို့မျှော်။
...
"ကောင်းကင်တော်ဦးကို
အပျော်ကျူးစွာ
မင်းတို့ မော်ဖူးရမှာ"
(ဆရာ မောင်အောင်ပွင့်)
...
အသေအချာကြီးပါ
ငါ့ ဆရာတယောက် ပြောတဲ့စကား
မင်းတို့ကို ငါပြန်ပါးလိုက်မိ။
၂၀၂၂ ဧပြီ ၂၀
Comments
Post a Comment