ရုဒ - ဖာသည်မရဲ့သုတ်ပိုးအပြည့်နဲ့ အရည်ရွမ်းနေတဲ့ ဂြိုဟ်သားတကောင်နဲ့ဦးနှောက်

Image- Crd
ဖာသည်မရဲ့သုတ်ပိုးအပြည့်နဲ့ အရည်ရွမ်းနေတဲ့
ဂြိုဟ်သားတကောင်နဲ့ဦးနှောက်
ရုဒ
(သစ်ခက်သံလွင်) ဧပြီ ၇၊ ၂၀၂၂


သူ့ဦးနှောက်ဟာနှမ်းဖတ်ကျောက်နဲ့လုပ်ထားတဲ့အရာ
သူ့မျက်နှာဟာတစ္ဆေတကောင်ရဲ့သက်မဲ့မျက်ခွက်
သူ့နှလုံးသားဟာကျိန်စာမိနေတဲ့ဂေးလ်တကောင်ရဲ့ဆာလောင်မှုမျိုးနဲ့လောင်မြိုက်နေပုံ
မြေခွေးအကောင်တစ်သန်းမြိုချထားတဲ့ဝမ်းဗိုက်ကြီးထဲပြည့်နှက်နေတဲ့ကောက်ကျစ်မှုက
ဆွေမျိုးသားချင်းတွေကိုအစိမ်းသေသေဆုံးစေမှုတွေနဲ့ကရွတ်ကင်းလျှောက်နေပုံ
အဲ့သလိုအာရုံဗဂျီကားတွေဟာ
(၁၈)နှစ်အောက်လူငယ်တွေကနေမွေးကင်းစတွေရဲ့အာရုံရုပ်ရှင်ထဲမှာနာကျင်မှုဇာတ်ညွှန်းတွေနဲ့
ပြည့်သိပ်နေခဲ့ပါပြီ
အကြိမ်ရေ (၁) သန်းအော်ကြ
ရေမှာအရုပ်ရေးပြနေတဲ့ပုံပြောသူတွေကိုမုန်းတယ်
မေ့မျောပြီးပြန်နိုးထလာတဲ့မသာဟာ
တောင်ပေါ်မြေပြန့်ခြေဦးတည့်ရာသွေးရူးသွေးတန်း
ချိုးဖြူငှက်ကလေးကိုဂုတ်ချိုးသတ်ပြီးကောင်းကင်ထဲလွတ်နေသရွေ့
ငြိမ်းချမ်းရေးဟာ....သေဆုံးနေရအုံးမယ်
တရားဟာ.....ဓမ္မ ဖြစ်ကြောင်း
အဓမ္မဟာ.....မတရား ဖြစ်ကြောင်း
ပုစွန်ခေါင်းတွေကိုသင်ကြားဖို့သင်ရိုးကိုပြဋ္ဌာန်းရုံသာ
ငါတို့ဟာအသိုက်မဲ့တဲ့အမှောင်ထဲမှာနားမကြားတဲ့ဘုရားသခင်ကိုအော်ပြောဆုတောင်းလို့
ရက်စက်မှုအပေါင်းသရဖူဆောင်းထားတဲ့ဖာသည်မရဲ့သုတ်ပိုးအပြည့်နဲ့ဂြိုဟ်သားဟာ.....
ဒီကမ္ဘာဂြိုဟ်ကဟုတ်ဟန်မတူ....။           ။

ရုဒ
၆.၄.၂၀၂၂
* ဂုတ်ချိုး- ကုပ်ချိုး

Comments