တေးသီငှက် - "တိတ်ဆိတ်ခြင်းရဲ့ ပေါက်ကွဲသံ"

"တိတ်ဆိတ်ခြင်းရဲ့ ပေါက်ကွဲသံ"
တေးသီငှက်
(သစ်ခက်သံလွင်) ဧပြီ ၂၆၊ ၂၀၂၂

လေက အစ ဆိတ်ငြိမ်နေတယ်
ကြားလား ...

တပ်မက် တိမ်းမူးနေတဲ့ အစွယ် တွေကို
ရိုက်ချိုးလိုက်တဲ့ အသံ တခု
ကြားလား ...

ဖျတ်ဖျတ်လူးနေတဲ့ ငါးတွေသာ
လမ်းပေါ် မှာ ပစ်တင်ထားကြ
ကြားလား  ...

စကြဝဠာပတ်လမ်း ထဲ မှာ တော့
ငါတို့ရဲ့ အစွမ်းကုန်မြှင့်တင်ထားတဲ့ ဂီတ
နားပါးတဲ့ သူတွေ ကြားရပေချိမ့် ။     ။

10 12 2021.

Comments