ဉာဏဉာဏ် - '' မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ချလိုက်စမ်းပါ ''

မောင်းပြန်ရိုင်ဖယ်နဲ့ ပစ်ချလိုက်စမ်းပါ  
ဉာဏဉာဏ်
(သစ်ခက်သံလွင်) ဧပြီ ၂၅၊ ၂၀၂၂

ဆက်သွယ်ရေးကြေးနန်းတစောင်အဝင်
တိုက်ပွဲဟာ ကြက်ပျံမကျအောင် လှပနေတယ်
ငါတို့ရဲ့ရှေ့‌ပွိုင့်မှာ ငါတို့အလံထူမယ်‌

လေးကိုအပိုင်းပိုင်းချိုးမယ်
လှံကိုအပိုင်းပိုင်းဖြတ်တယ်
ရထားလုံးတွေဟာ စစ်တံပိုးသံကို စောင့်ကြိုနေတယ်

တရားအရ တိုက်ခိုက်ခြင်းအလို့ငှာ
စစ်မဟာဗျူဟာကျကျ
စစ်သေနကဗျူဟာကျကျ

တဆစ်ဆစ်နာကျင်နေတဲ့
နေ့ရက်တွေကိုဖြတ်ကျော်ဖို့ 
ငါတို့ တရားသောစစ်ကို ဆင်နွှဲကြရ
ဓမ္မမြေကို ပြန်သိမ်းယူဖို့
အဓမ္မ အမှောင်အမိုက်ကို တိုက်ခိုက်ကြရ

သတင်းမှသည် မွှေးကြိုင်ခြင်း
အလင်းမှသည် ထွန်းလင်းတောက်ပခြင်း

အရှိတရားများဖြန့်ကျက်လို့
ဖက်ဆစ်ကျွန် ခွေးတသိုက်ကို 
အမျိုးဖြုတ်ရမှာ...အမြစ်ဖြတ်ရမှာ
ရှင်းရှင်းဖျက်ဆီးကြရမှာ

ယမ်းနံ့တွေနဲ့စားရတဲ့ နံနက်စာက
အဘယ်လောက် မြိန်ရေယှက်ရေရှိလိုက်သလဲ
သေနတ်ပြောင်းဝကို သန့်ရှင်းစင်ကြယ်အောင်
ဆေးကြောလို့ အရန်ဟင်းတခွက်အဖြစ်ချက်ပြုတ်စီမံထားခဲ့

ကျည်ဆန်တွေနဲ့ ကတဲ့ပွဲပါ
ငါတို့ပစ်ချလိုက်တဲ့အထဲ
ငါတို့ရဲ့ မခံမရပ်နိုင်မှုတွေ
ငါတို့ရဲ့ဒေါသတွေ
ငါတို့ရဲ့ပေးဆပ်မှုတွေ

မောင်းပြန်သေနတ်တွေကတော့
မတရားမှုတွေကျရှုံးဖို့ အမှန်တရားဘက်မှာရပ်
လက်သီးလက်မောင်းတန်းဟစ်ကြွေးဆဲ ။

April_23_2022

Comments