ပါတော်မူတမ်းချင်းထဲက ပိတောက်
ဒီသစ်
(သစ်ခက်သံလွင်) ဧပြီ ၁၅၊ ၂၀၂၂
အခုလို
အပူကဲတဲ့ညမျိုးမှာ
ပွင့်ခြောက်မွမွကို
ဖွဖွလေး မွှေးရင်းနဲ့ ။
ရွာထိပ်က
အိပ်တန်းပျက်သွားတဲ့ငှက်ငယ်တို့
ဒီးလွှားပျံသန်းလို့ ။
မိုးအဖွင့်ဂီတ
နောက်ကျနေပြီလား
ပတ်ကြားအက်လယ်ကွင်းများ
နား စွင့်နေကြရဲ့. ။
"...ရွှေရည်လူးခဲ့ပေါ့"...တဲ့
"နတ်ရှင်နောင်"ရဲ့
စိုလက်ခဲ့ပန်းချီကား
ပိုး ဖောက်သွားပြီ။
အထီးကျန် သင်္ကြန်မရဲ့
ပင်စည်မဲ့...ပွင့်ဖတ်မဲ့
တခြမ်းဖဲ့ခံခဲ့ရအလှ
ဘယ်လို ဖာ ထေး ပြ လို့ မှ...။
အေးလေ...
တကယ်တော့
ပြတင်းချပ်အဖွင့်
ဝေးလွင့်ထွက်သွားခဲ့
လေရိုင်းတအုပ်ရဲ့ စီးကြောင်းထဲမှာ
သင်းမြရနံတွေ...
မျော ပါ သွား ခဲ့ ပြီ ကိုး...။
Comments
Post a Comment