မနအ - ကိယက်ဗ် ရေ

Photo- Crd
ကိယက်ဗ် ရေ
မနအ
(သစ်ခက်သံလွင်) မတ် ၃၁၊ ၂၀၂၂

ငါ က  
နွေ၊ မြူ၊ မှုန် ပျ နေတဲ့ ကောင်းကင်အောက် မှာ
ကိယက်ဗ် ရေ.. 
မင်း က
နှင်း၊ မြူ၊ မှိုင်း သက် နေတဲ့ ကောင်းကင်အောက်မှာ ..။
ကိယက်ဗ် ရေ
မင့် မွေးရပ်၊ မင့် ကောင်းကင်မှာ
မင့် ရင်ခွင်က ကလေးတွေ 
အေးစက်စက် ရေခဲအမှုန်အမွှားကြားကနေ
ဘေးလွတ်ရာ နယ်စပ်
အနောက်ဖက်အရပ်ကို ‌ပြေးကြရသလိုပါပဲ
ငါ့ကောင်းကင်၊ ငါ့‌ မွေးရပ်မှာ
ကြပ်တည်းမှု၊  ကြမ်းတမ်းမှုတွေ တသီကြီးနဲ့
ဖိုသီဖတ်သီ ရပ်တည်ရဖို့တောင် ခက်ခဲ
ငါ့ ရင်ခွင်ထဲက  ကလေးတွေကတော့
ပူနွေးနွေး လေပြင်းတွေကြားကနေ
ဘေးလွတ်ရာ တောစပ် 
အရပ်မျက်နှာ မရွေး
ခြုံကြား ကိုင်းကြား  ပြေးလွှားပုန်းနေကြရတာပါပဲ ..။
ငါတို့ဟာ ပြေးနေကြရသူတွေပါ ကိယက်ဗ်ရေ ..
လုံခြုံရာကို ပြေး
လွတ်မြောက်ရာကို ပြေး
လွတ်လပ်ရာကို ပြေး
ပန်းတိုင်ရှိရာကို ပြေး
ငါ လည်း ပြေး
မင်း လည်း ပြေး
ဘယ်လောက် ဝေးဝေး 
ဘယ်လို ဝေးဝေး
တရားမျှတမှုရှိရာ အရပ်ကို  ပြေးနေကြရတာ
မင်းရော ငါပါ  ကိယက်ဗ် ရေ .. ။
ငါ က
ငါတို့ ငါတို့အရေး
မင်း က
မင်း နဲ့  သူ နဲ့  အရေး
မင့် အရေး၊ ငါ့အရေး
ဘယ်လို တွေးတွေး
ဘယ်လို ဝေး ဝေး
သွေးချင်းတော့ နီးနေကြတာပါပဲ .. ။
ကိယက်ဗ်ရေ ..
မင်း က
နှင်း မြူ မှိုင်း သက်   ကောင်း ကင် အောက် မှာ
ငါ က
နွေ မြူ မှုန် ပျ  ကောင်း ကင် အောက် မှာ .. ။       ။

၂၈ မတ်လ ၂၀၂၂

Comments