တပ်ဦးလ - ခင်ဗျားက နိုင်ငံတော်လား

Image - Crd
ခင်ဗျားက နိုင်ငံတော်လား 
တပ်ဦးလ
(သစ်ခက်သံလွင်) ဇန်နဝါရီ ၁၂၊ ၂၀၂၂

သင့်အား
လှိုင်သာယာရွှေမြို့တော်မှ
မှောင်မဲစွာ ကြိုဆိုပါတယ်။
နွေဦးကို ထစမ်းတော့
ကြွေးကြော်သံတွေ တွေ့တယ်
တောက်
အရှည်လိုက်ဖြန့်ခင်းထားတဲ့ ဆောင်း
ချွေးပြန်အောင် ဖြတ်ဖြတ်နေရ
နံနက်စာလား
ရယ်တော့ရယ်ရသား
ထမင်းကြမ်းခဲကို ဇွန်းနဲ့ ထိုးခွဲရင်
ဇွန်းသံကြားရမှာပေါ့
နိုင်ငံတော်ကို ကုသဖို့
ဘယ်ဆေးဝါးက ယဉ်ကျေးနေလို့လဲ
နာကျင်မှုအတွက် ငါတို့တိုက်ရမယ်
အမှန်တရားအတွက် ငါတို့တော်လှန်မယ်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
အရေးတော်ပုံ အောင်ရမည်
မတရားမှုများ ထွက်ခွာဖို့
ကမ္ဘာကြီး ငြိမ်းချမ်းဖို့
မြန်မာပြည်သူတွေ သီချင်းဆိုတယ်

Comments