ကျော်စွာ - ကောက်သစ်ရာသီ

KT#

ကောက်သစ်ရာသီ
ကျော်စွာ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၆၊ ၂၀၂၁

အပင်အိုလို့
ကပ်ထားတဲ့နတ်စင်မှာ
ဘယ်ဆုမှတောင်းစရာမရှိဘူး
ရိတ်သိမ်းချိန်မှာ
ရိုးငုတ်မကျန်စေနဲ့
နောက်လာမယ့်
ကောက်သစ်ရာသီအတွက်
ထွန်လှန်ကြ
နှင်းတွေမကုန်ခင်
မြန်မာပြေမှာ
ကမ္ဘာမကြေသီချင်းမဆိုစေချင်တော့ဘူး။ ။








Comments