ငဇ - မီးလုံး

မီးလုံး
ငဇ
(သစ်ခက်သံလွင်) ဒီဇင်ဘာ ၂၄၊ ၂၀၂၁

အခန်းထဲက မီးလုံး မလဲနိုင်သေး
စာဖတ်လို့ မရ
ငါ့စိတ်ဟာ မပျော်ရွှင်တော့ဘူး။
ငါကလည်း သေးသေးလေး
ငါ့ညကလည်း သေးသေးလေး
ငါနဲ့ ငါ့ညသေးသေးလေးက
အလင်းသေးသေးလေးကို လိုအပ်တယ်
ရပ်မနေဘူး
ငါနဲ့ နောက်ထပ် အခြားသောငါတွေ
အခြားသော ညတွေအတွက်
အလင်းသေးသေးနဲ့ မလုံလောက်ဘူး
ငါတွေ ညတွေအတွက်
အလင်း ဧရာမ လိုအပ်တယ်
အနန္တကတော့ များပါတယ်
များပေမယ့် လောဘနဲ့ လူသားမို့
အနန္တလို့ ဖတ်ချင်လည်း ဖတ်ပေါ့
ငါတို့ လိုအပ်တယ်
ငါတို့ လိုအပ်တဲ့ အလင်းဟာ
အလင်းထက် ကျယ်တဲ့အလင်း
ဒါဆို 
အခန်းထဲက မီးလုံးကို 
ငါတို့ အရင်လဲမှာလား။ ။

December 1.2021

Comments