သစ်ခက်သံလွင်ကဗျာ - လူခါးခါး "မြို့ပြည ခြောက်အိပ်မက်ရှည်"

www.huffingtonpost.com
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၉၊ ၂၀၂၁

"မြို့ပြည ခြောက်အိပ်မက်ရှည်"
လူခါးခါး 

ညရောင်ရဲ့အမှောင်ရိပ်မှာ မြို့ပြဟာတိတ်ဆိတ်
အခန်းတံခါးတွေအသေအချာဂျက်ထိုးပြီး ပိတ်ထားတယ်
အနိမ့်အမြင့်မညီတဲ့ထပ်မြင့်တိုက်တွေ
မီးရောင်တွေပိတ် တိတ်ဆိတ်နေကြတယ်
ဟောဒီအခန်းကျဉ်လေးထဲ 
ငါ့အိပ်မက်တွေခေါက်သိမ်း တယုတယ မွေးမြူထားတယ်
ညဟာညအတိုင်းမှောင်တယ်
မိုးတိမ်မဲမဲမှာ
လရောင်ဟာ လရောင်စစ်စစ်ဖြစ်ကြောင်း
အမှောင်ညကိုထိုးထွက် လင်းဖြာပြတယ်။

ညကောင်းကင်မှာ
ကြယ်ကလေးတွေပွင့်နေပုံ
ခိုတွေရဲ့ညည်းသံ
ပုရစ်အော်သံ ခွေးဟောင်သံ
လူရိပ်လား သစ်ရိပ်လား အမှောင်ရိပ်မှာ

မျက်နှာချင်းဆိုင်အခန်းကတံခါးတွေပိတ်ပြီ
ငါ့ကိုယ်ငါ ဘယ်သူ့ကိုယုံရမှန်းမသိ
အိပ်မက်ဆိုးတွေနဲ့ရှည်လျားလျားညတွေ
အိပ်ရေးပျက်တဲ့ညတွေ

နေ့နဲည 
ညနဲ့နေ့တွေကြား
စိတ်ကစဉ့်ကလျား ခြောက်ခြားစရာ
အရိပ်လဏ္ခာများနဲ့ ကွန်ကရစ်လမ်းများထက်က
မနက်ခင်းဟာ စမ်းတဝါးဝါး။

Comments