သစ်ခက်သံလွင်ကဗျာ - လင်းဝေး '' ဇာတ်ဝင်ခန်း ( ၄ ) ''

သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၁၈၊ ၂၀၂၁
'' ဇာတ်ဝင်ခန်း ( ၄ ) ''
လင်းဝေး
တနေ့တနေ့ မြင်ကွင်းတွေဟာ
ပိုမိုရှုပ်ထွေးလေးလံလာတယ်
အော့နှလုံးနာစရာ သတင်းတွေချည်းပဲ
လူတွေသေနေပုံ ကလေးငယ်နဲ့ မိန်းမများပြေးလွှားနေပုံဆိုတာ
နိုင်ငံတော်ပုံရိပ်လို့ ကမ္ဘာကြီးက အသိအမှတ်ပြုနေကြပြီ။
နိုင်ငံတော်ပိုင် သတင်းစာနဲ့
တီဗီချန်နယ်တွေမှာ ထုက်လွှင်ပြသနေတဲ့ အစီအစဉ်ထဲမှာတော့ ဘုန်းတော်ကြီးများအား လှူဒါန်းနေပုံနဲ့
နိုင်ငံတော်၏ ပြည်သူတွင်းမှပေါက်ဖွားလာသော
တပ်မတော်သည် အမျိုးသားရေးနှင့် နိုင်ငံတော်အား
ဘယ်တော့မှ သစ္စာမဖောက်ဆိုတာမျိုးပဲ အကြိမ်ကြိမ်
ထုတ်လွှင့်နေတာ မြောက်ကိုရီးယားလို ။
သတင်းစဉ်ကြေညာပြီးဆုံးချိန်မှတော့
လူငယ်တယောက်ဟာ မအေယိုးမင်းအောင်လှိုင်လို့
ဆဲလိုက်တယ် လူကြီးတယောက်က ဒါ ဗုဒ္ဓဘာသာ
မြန်မာနိုင်ငံကွ မဆဲသင့်ဘူး လို့ တားမြစ်တယ် ။
ဗုဒ္ဓဟာ ပြုံးတော်မူတယ်
ဘာသာဝင်ဦးရေ တိုးပွားရေးသာ အလိုရှိပြီး
ဘာသာတရားအဆုံးအမကို လက်ခံကျင့်သုံးဖို့ငြင်းဆန်နေသော 
လူ့အဖွဲ့စည်းကို စိတ်ပျက်ငြီးငွေ့နေသူ 
အနှစ်သာရရှိတဲ့ကောင် ကျန်မှာပေါ့ကွာလို့ မိန့်တော်မူတယ် ။
ရှည်လျားမှု အဆုံးမသတ်ခင်
ပြည်သူဟာ လက်သီးကိုကျစ်ကျစ်ပါအောင်
ဆုပ်ထားရတယ် ။
ဓားသွေးထားရ အားမွေးထားနဲ့
သွေးသားတွေတောင် ကိုယ်လက်စထရော
မသန့်စင်နိုင်တော့ဘူး ။
ခုတော့
အော်တစ်ဇင်ဖြစ်နေတဲ့ လူပုလေးဟာ
ကိုယ့်ကိုယ်ကိုယ် လူလုံးပြပြပြီး
လတ်ခမောင်းတွေဘာတွေခတ်လို့
သူ့ကိုယ်သူ သူရဲကောင်းထင်လို့လေ ။ ။

Sun ,Oct 10



Comments