သစ်ခက်သံလွင်ကဗျာ - အရေးတော်ပုံ BT " ရေဒီယို "

idoartkarenrobinson.com
သစ်ခက်သံလွင်ကဗျာ
အောက်တိုဘာ ၁၊ ၂၀၂၁
" ရေဒီယို"

သတိ ဆိုတာ ပိုတယ်လို့ မရှိသလို
အသက် ဇီဝ ကလည်း
အပိုမပါကြဘူး ဆိုတာ
လူတိုင်းသိပါတယ်
ဒါပေမယ့် ငါတို့ရဲ့အနာဂတ် ကို
ငါတို့ပြန်လိုချင်တယ် ။

စိတ္တဇလက်ချောင်း ညစ်စုတ်စုတ်တွေက
ကွေးလိုက် ကောက်လိုက်နဲ့ 
ခွေးအလုပ် ခွေးလုပ်ဆိုသလိုပဲ
ညလေးများ  နည်းနည်းမှောင်လာရင် 
ဟိုထိုးဟောင် ဒီ ထိုးဟောင်လုပ်တော့တာပဲ ။

လိုင်းတွေပျောက်သွားတဲ့အခါ
နေဝင်မီးငြိမ်း ခွေးပါးဝတဲ့စနစ်ဟာ
ပိုမိုဖြစ်ထွန်းလာနိုင်တယ်
ဟေ့လူ ...
ခင်ဗျားအနားမှာ ဓာတ်ဆီပုလင်းလား
ခင်ဗျားအနားမှာ သားလှီးဓားတချောင်းလား
ခါးကြားထဲမှာအသင့်ထိုးထား
ထက်မြက်တဲ့ သတိ အသိ ကို ပိပိယိယိလွယ်ပိုးထား
ဉာဏ်လက်နက်ကို ချွန်းဖွင့်ထား
အောင်စည်တီးရင်
တိုက်ကြစို့ လား ။         ။

အရေးတော်ပုံ
BT.

Comments