သစ်ခက်သံလွင်ကဗျာ - နေရိုင်း " ငါ့မြင်းငါစိုင်းတယ် "၊ ဘုန်းနိုင်လင်း "မော်ကွန်းမုန်တိုင်း "

Image- Crd

သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၁၀၊ ၂၀၂၁

" ငါ့မြင်းငါစိုင်းတယ် "
နေရိုင်း

နွံထဲကစစ်
အတုံးအရုန်းထလာကြတယ်။
ငါတို့ရွက်လွှင့်လာပြီ
အသားထဲက လောက်ကောင်တွေထုတ်ဖို့
ခရီးပြင်းနှင်ခဲ့ကြပြီ။

ကိုင်းတောထဲကဓား
မပြတ်တဲ့ဓားရှိလို့လား
ခေတ်အဆက်ဆက် စက်တင်ဘာလဟာ
သွေးစွန်းတဲ့လဖြစ်တယ်။

အသားစိမ်း ငါးစိမ်းတွေစားဖို့
ငါတို့ဟာ ခြေသလုံးအိမ်တိုင်တွေပါ
အဝေးပြေးနေတဲ့ တိမ်ဆိုင်တွေပါ
ချောက်ချားစရာမရှိဘူး
ထောက်ထားစရာလဲမရှိဘူး
ငါ့မြင်းငါစိုင်းတယ်။

...

"မော်ကွန်းမုန်တိုင်း "
ဘုန်းနိုင်လင်း

နာနေတဲ့ရင်တိုင်း
ပန်းဝင်တော့မယ့်သမိုင်း
တားဆီးမဲ့မုန်တိုင်းလာပြီ။

အခါတော်ရောက်ချိန်မီ။

7 Sep 2021, TUE
10:26PM
  
                                        

Comments