သစ်ခက်သံလွင်ကဗျာ - နီမင်းထက် "ရင်တွင်းစစ်" ၊ ငဇ " နွေဦးဟစ်သံ "

laurabarbosa.wordpress.com
သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၃၀၊ ၂၀၂

"ရင်တွင်းစစ်"
နီမင်းထက်

အလင်းထဲနစ်တော့မယ့်ကောင်းကင်ရဲ့ မစုတ်ပဲချုပ်ခံလိုက်ရတဲ့ ပိုင်နက်ကျူးလွန်မှုပဲ

ဘယ်သူ့မေးမေး မျက်ရည်နဲ့သွေးသားတော်စပ်တယ်လို့ပဲဖြေတဲ့ တို့ပိုင်တဲ့မြေပဲ

ဓားနဲ့မမှကြွလာမယ်ဆိုတဲ့ဓမ္မမှာ
မင်းလုပ်စာထိုင်စားနေတဲ့အလွမ်းအကြောင်း နောက်မှပဲစာလုံးပေါင်းပြတော့မယ်။ ။

၂၆.၉.၂၁    

...


" နွေဦးဟစ်သံ "
ငဇ

ကျည်ဆန်ဖြင့်အရေးခံရလျှင်
သေပန်းပွင့်တတ်ကြောင်း
နွေဦးသိပါသည်။

အို .... လက်သီးဆုပ်တို့
.... ကြွေးကြော်သံတို့
သွေးအိုင်ထဲမှ ဝိညာဉ်နီတို့

ကျည်မကြောက်သော
ကျောက်သားအသစ်များဖြင့်
ဘောင်ကွပ်ထားသော ပန်းချီကို
နွေဦးဟု ခေါ်ကြောင်း
ကမ္ဘာက သိခြိမ့်မည်။

 ၄၊ မတ်၊ ၂၀၂၁

Comments