သစ်ခက်သံလွင်ကဗျာ - အောင်ကောင်းမြစ် " သက်တံရောင်လမ်းမ"

သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၁၉၊ ၂၀၂၁

" သက်တံရောင်လမ်းမ"
အောင်ကောင်းမြစ်

ဒီမှာတော့
မိုက်မဲတဲ့မိုးသားတွေကြောင့်
မိုက်မိုက်မဲမဲမှောင်နေတုန်းပဲ။

သက်တံတွေ ဘယ်အရပ်မှာပုန်းခိုနေသလဲလို့
တွေးတောမနေအားပါဘူး
ကမ္ဘာကြီးရဲ့ရင်ဘတ်ပေါ်မှာ
အရှည်လျားဆုံးသက်တံရောင်လမ်းမကြီး ရှိနေတာပဲ။

စာနာတရားတွေ စီးကြမယ်
မေတ္တာတရားတွေ စီးကြမယ်
လူသားဆန်မှုတွေ စီးကြမယ်။

မလွမ်းတတ်တော့ဘူးဆိုပေမယ့်
ငါတို့ရင်ထဲအရောက်
နှစ်ဆယ့်တစ်ရာစုယဉ်ကျေးမှုတွေ 
ပန်းဝင်လာမယ်။


18.9.2021
Sat: 11:05 am

Comments