သစ်ခက်သံလွင်ကဗျာ - နေလင်း " စကားလုံးကွက်သစ်"

Crd- artblart.com
သစ်ခက်သံလွင်ကဗျာ
စက်တင်ဘာ ၁၇၊ ၂၀၂၁

" စကားလုံးကွက်သစ်"
နေလင်း 

ဆေးတို့ထားလို့ မှည့်တဲ့သစ်သီးပဲ
မစားရဲဘူးသားရဲတွင်းလို

CP ကြက်တွန်တဲ့မနက်ခင်းဟာ
မိုးလင်းပုံပိုးမွှားမကင်းဘူး

သိပ္ပံပညာက
လူတွေအားလုံးကိုကယ်တင်ပြီးရင်
စကြာဝဠာအနန္တကို ဆက်ပြီးကယ်တင်မယ်တဲ့

သဘာဝတရားမှာ
ပေးထားချက်တိတိကျကျရှိတယ်

အကုသိုလ်ကိုအရေးယူတဲ့အခါ
အောက်ပါအမည်ကိုရှာ၍
မင်းတရားရူး
အောင်ပွဲရူးတွေ 
လှိုင်ချင်နေတဲ့အရူးကိုသာခေါ်သွားပေးပါဗျာ။ ။ ။



Comments