သစ်ခက်သံလွင်ကဗျာ - ဘုန်းမိုရ် " ညီလေးရေ "

သစ်ခက်သံလွင်ကဗျာ
သြဂုတ် ၂၂၊ ၂၀၂၁
-
ညီလေးရေ

ညီလေးရေ...
မကောင်းတဲ့ခေတ်မှာ
အလောင်းစစ်တွေ ပုံနေရပြီလေ

စနစ်မသစ်တော့တဲ့နိုင်ငံတော်ဟာ
ဖျားနာစပြုရင်း
တို့သွေးတွေ အားလုံး 
ဗိုင်းရပ်စ် ကိုက်နေကြလေရဲ့

ညီလေးရေ...
ခေတ်မကောင်းကြီးမှာ လူလာဖြစ်မှတော့
အမှောင်သားတစ်က တစတစအုပ်မိုး
တို့အသွေးအသားတချိူ့ လောင်မြိုက်
အက်ဆစ်နိုင်ငံတော်မှာ
မင်း လူလာဖြစ်ရတာတော့ 
အစ်ကို ဝမ်းနည်းစွာ ကြည့်နေရပြီပေါ့

ညီလေးရေ...
ဖျားနာဆဲ လူတွေနဲ့
အဲကွန်းခန်းက ဗိုင်းရပ်စ်မကိုက်ဘူးဆိုတဲ့လူတွေကြားမှာ
မင်း....
ခေတ်ကောင်းတွေအကြောင်း
စာအုပ်တွေထဲသာ ရှာဖတ်ပါတော့လေ.....

ဘုန်းမိုရ်

Comments