နိုင်စွမ်း - ဦးခင်မောင်ရင် ၏ ဘ၀အမြင်နှင့် ဖန်တီးမှု အတွေးစိတ်ကူးကို ချဉ်းကပ်ခြင်း

PHOTO - Crd

ဦးခင်မောင်ရင် ၏ ဘ၀အမြင်နှင့် ဖန်တီးမှု အတွေးစိတ်ကူးကို ချဉ်းကပ်ခြင်း
(AN APPROACH OF LIFE PHYLOSOPHY AND CREATIVE IDEOLOGY)
နိုင်စွမ်း
သစ်ခက်သံလွင်
ဇွန် ၂၆၊ ၂၀၂၁
-

Prelude
ရှေးဦးစကား

As the earth goes around the sun, days and nights circle, under the nature of the world. We are the travellers between Life and Death on the stage; we use to be under nature’s law. Everyone has to come in this world and has to depart from the world without any possessions – has to leave everything what he had done before also.

လောကရဲ့ နိယာမတရားအောက်မှာ ကမ္ဘာကြီးက လည်နေသလို နေ့နဲ့ညတွေလည်း လှည့်လျက်။ လောကဇာတ်ခုံအပေါ် မွေးဖွားခြင်းနဲ့ သေဆုံးခြင်းကြား ခရီးသွားနေကြရတဲ့ လူများ၊ သဘာဝနိယာမတရားနဲ့ ဆက်နွယ်ရင်း…။ လောကထဲကို ဝင်ရောက်လာ၊ ဘာပိုင်ဆိုင်မှုကိုမှ ယူမသွားဘဲ လောကထဲကနေ အားလုံးကို ချန်ရစ်ခဲ့ပြီး ထွက်ခွာသွားရပါတော့တယ်။

Introduction
So had done was Kin Maung Yin, left the world alone on the date of 2014 June 10, without any possession except his pure conscience on art and left behind many his works – of – art! His motto was ‘Simplicity is Perfection and Perfection is tender’.

နိဒါန်း

ပန်းချီဆရာကြီး ခင်မောင်ရင်လည်း ထို့အတူပါပဲ… သူ့ရဲ့ပြုမူလုပ်ဆောင်ခဲ့တာတွေ အားလုံး ချန်ရစ်ပြီး ၂၀၁၄ ခုနှစ်၊ ဇွန် ၁၀ ရက်နေ့မှာ ထွက်ခွာသွားခဲ့ပါပြီ။ သို့ပေမယ့် သူထားရစ်ခဲ့တာက အနုပညာအပေါ် သူ့ရဲ့ ရှင်းသန့်တဲ့ လိပ်ပြာနဲ့ ဖန်တီးထားခဲ့တဲ့ အနုပညာလက်ရာတွေပါ။သူက `ရိုးသားမှုဟာ ပြီးပြည့်စုံခြင်း ဖြစ်ပြီး၊ ရိုးသားမှု ပြည့်စုံရင် သိမ်မွေ့ထွေးမြတဲ့ အကြင်နာတရားပဲပေါ့´လို့ပြောခဲ့ပါတယ်။
Aim
Here, we honor the very artist Kin Maung Yin and proudly make an effort to publish a short memory copy of his life-through in line with Modern Art current in Myanmar; especially to approach on his art creation, ideology and philosophy. We heartily know that our attempts should be more detail and more complete than just we do about Kin Maung Yin to record.

ရည်ရွယ်ချက်

ပန်းချီအနုပညာရှင်ကြီး ဦးခင်မောင်ရင်ကို ဂုဏ်ပြပြီး သူ့ရဲ့ ဘဝဖြတ်သန်းမှု အကျဉ်းကို မြန်မာ့မော်ဒန်ပန်းချီ ရေစီးကြောင်း ဆက်စပ်ကာ အမှတ်တရစာစောင်အဖြစ် ပြုစုဖို့ ရည်ရွယ်ပါတယ်။ အထူးသဖြင့် ခင်မောင်ရင်ရဲ့ အနုပညာဖန်တီးမှုနဲ့ သူ့ရဲ့ အတွေးအခေါ်ကို အထူးပြု ချဉ်းကပ်တင်ပြမှာ ဖြစ်ပါတယ်။ ဦးခင်မောင်ရင်နဲ့ ပတ်သက်ပြီး ဒီထက်ပိုပြီး အသေးစိတ်တင်ပြဖို့နဲ့ ပြည့်ပြည့်စုံစုံတင်ပြဖို့ လိုအပ်နေပါဦးမယ်။

အပိုင်း (က)
Part – A

မြန်မာနိုင်ငံမှာ မော်ဒန်အတ်စတင်ခြင်း

မြန်မာနိုင်ငံရဲ့ ခေတ်သစ်မော်ဒန် အနုပညာဖန်တီးတင်ပြမှု အပိုင်းအခြား အနည်းငယ်ကို တင်ပြဖို့ လိုအပ်မယ် လို့ ယူဆပါတယ်။ ဒါကြောင့် ခေတ်သစ်မြန်မာ့မော်ဒန် လှုပ်ရှားမှုနဲ့ အပိုင်းအခြားကို တင်ပြပေးပါ့မယ်။ လက်လှမ်းမီသလောက် စာအုပ်စာတမ်းများကို အခြေပြုပြီးတင်ပြလိုက်ပါတယ်။
မြန်မာ့ခေတ်သစ်ပန်းချီ (Modern Art) လောကကို အကြမ်းအားဖြင့် လွတ်လပ်ရေးရပြီးခေတ် ၁၉၄၈ မှ ၁၉၆၀ ခုနှစ်၊ မော်ဒန်ခေတ်ဦး (Early Modern Art) ခေတ်ကို ၁၉၅၅ ခန့်မှ ၁၉၆၀ ခုနှစ်၊ မော်ဒန်ခေတ် (Modern Art) ကို ၁၉၆၀ မှ ၁၉၈၀ ခုနှစ်၊ မော်ဒန်လွန်ခေတ် (Post Modern Art) ခေတ်ကို ၁၉၈၀ မှ ၂၀၀၇ ခုနှစ်၊ ခေတ်ပြိုင်အနုပညာ (Contemporary Art) ကို ၂၀၀၇ မှ ယနေ့ခေတ်တိုင်ကာလလို့ ခွဲခြားနိုင်ပါတယ်။ အနုပညာလှုပ်ရှားမှုများ၊ ပြပွဲများ အပေါ် အခြေပြု မှတ်တမ်းတင်ဖော်ပြတာဖြစ်ပါတယ်။
နိုင်ငံတကာမှာတော့ မော်ဒန်အနုပညာ တိုးတက် ပြောင်းလဲလာတဲ့ ကာလကို ၁၈၆၀ ကနေ ၁၉၄၅ အထိ ဆိုပြီး အကြမ်းအားဖြင့် သတ်မှတ်ကြပါတယ်။ ခေတ်ပြိုင် အနုပညာ (Contemporary Art) ဟာ ၁၉၄၆ ကနေ ယနေ့ ခေတ်ကာလ အထိ ပြောင်းလဲ ဖန်တီးလာတဲ့ အနုပညာ ပုံသဏ္ဌာန်၊ အတွေး အခေါ်၊ ဆန်းသစ်တင်ပြမှုတွေလို့ ဆိုပါတယ်။
လွတ်လပ်ရေးမရခင်နဲ့ လွတ်လပ်ရေးရပြီးနောက် (ဒုတိယကမ္ဘာစစ်ဒဏ်ကြောင့်) ၁၉၅၅ လောက်အထိ အားကောင်းတဲ့ မော်ဒန်အနုပညာ လှုပ်ရှားမှုများစွာ မတွေ့ရဘဲ ၁၉၅၅ ခုနှစ်လောက်မှာတော့ မော်ဒန်အနုပညာ ဖန်တီးမှုသစ်တွေ ပေါ်ပေါက်လာပါတယ်။ အဲဒီ လှုပ်ရှားမှုထဲမှာ မြန်မာ့ မော်ဒန်ပန်းချီလောကရဲ့ ပထမမျိုးဆက်မှာ ဦးခင်မောင် (ဘဏ်)၊ ဗဂျီအောင်စိုးတို့ ဖြစ်ပြီး၊ ဒုတိယမျိုးဆက် ဦးဆောင်သူတွေက ပေါ်ဦးသက်၊ ဝင်းဖေနှင့် ခင်မောင်ရင်တို့ ဖြစ်တယ် လို့ ဆိုနိုင်ပါတယ်။
ဦးခင်မောင် (ဘဏ်) ဟာ စာအုပ်ပေါင်းများစွာကို ဖတ်လေ့လာခဲ့ပြီးနောက် အကဲဒမစ်နည်းနဲ့ မြန်မာ့ရိုးရာကို ပေါင်းစပ် ဖန်တီးတင်ပြဖို့ ကြိုးပမ်းခဲ့သလို လူငယ်တွေကိုလည်း မျှဝေပေးခဲ့ပါတယ်။ ပန်းချီအောင်စိုးကတော့ အရှေ့တိုင်း အတွေးအခေါ် အယူအဆ အပေါ် အခြေခံပါတယ်။

Myanmar Modern Art Beginning

We genuinely beloved that we should reveal the generalized the art period of Myanmar Modern Art. Here, we should, critically express Myanmar Modern Art Period and Myanmar art situation. Yet – of rare documents and records about art, we have to guess or conjecture Myanmar art and art period basing on within the reach of our hands.
To generally classify Myanmar Modern Art, Post-independence era – from 1948 to 1960, Early Modern Art era from 1955 to 1960, Modern Art era from 1960 to 1980, Post-modern Art era from 1980 to 2007 and Contemporary Art era began 2007 to nowadays. Here, the records based on art movements and exhibitions. (Note: There might be a great controversy to define or to classify such that art era, yet the compiler tried to specify basing on many art movements and exhibition records. Need to fill in the blanks of Myanmar art era by scholars.)
In international art field, Modern Art started from 1860 to 1945 and Contemporary Art started in 1946 to nowadays. In 1940s, there was an art movement ‘Abstract Expression’ in New York and that waved and affected all over the world.
In Myanmar, there were no strong Modern Art Movements in pre-independence and post-independence till early 1955; because of the wave of War World II. But some of Myanmar artists tried to create new art form and Modern Art trend.
Among them, U Khin Maung (Bank) and Bagyi Aung Soe were the first Modern Art Generation avant-gardes and the seconds were Paw Oo Thet, Win Pe and Kin Maung Yin, we presume.
U Khin Maung (Bank) studied many art booksand tried to create new art presentation, form by mixing academic methods and Myanmar traditional ways of art up and shared to the young artists. But Bagyi Aung Soe’s art creation interpreted basing on Oriental Philosophy.
Kin Maung Yin
He was born 8th November 1938 in Thayagone village, near Intakaw Town, Bago Township. His parents were U Than Maung also known as Mr. Frank Sewell and Daw Mya Thi. His grandpa (UThan Maung’s father) was Mr. John Sewellfrom England.(See more detail in ‘This is Kin Maung Yin’)

ခင်မောင်ရင်

ပန်းချီဆရာခင်မောင်ရင်ကို ၁၉၃၈ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်၊ ပခူးတိုင်း၊ အင်းတကော်မြို့နယ်၊ သာယာကုန်းကျေးရွာမှာ မိဘများဖြစ်ကြတဲ့ ဦးသန်းမောင် (Mr. Frank Sewell)၊ ဒေါ်မြသီတို့က မွေးဖွားပါတယ်။ သူ့အဖေရဲ့ ဖခင် (အဖိုး) က အင်္ဂလိပ်လူမျိုုးတဦး ဖြစ်ပြီးအမည်က John Henry Sewell ဖြစ်ပါတယ်။
သူငယ်စဉ်က တီတီစီမှာ ကျောင်းစတက်တဲ့အခါ အဲဒီကျောင်းမှာ သူ့ရဲ့ လက်ဦးပန်းချီသင်ဆရာ ဦးလှဘော်နဲ့ စတွေ့ခဲ့ပါတယ်။ ပန်းချီဆရာဦးလှဘော်ဟာ မြန်မာ့မော်ဒန်ပန်းချီလှုပ်ရှားမှုမှာ ဦးဆောင်ခဲ့သူ ဗဂျီအောင်စိုးရဲ့ ဆရာလည်း ဖြစ်ပါတယ်။

When Kin Maung Yin was young, he attended at TTC School and there he firstly met with U Hla Baw who was painting teacher. U Hla Baw was also the teacher of Bagyi Aung Soe – the avant-garde of Myanmar Modern Art.

ခင်မောင်ရင်ဟာ ၁၉၅၅ ခုနှစ် မက်ထရစ်အောင်ပြီးနောက် မြန်မာနိုင်ငံမှာ ပထမဆုံးစတင်ဖွင့်လှစ်တဲ့ ဗိသုကာအင်ဂျင်နီယာ (Architect) သင်တန်းကို ၆ နှစ်ကြာ တက်ရောက်ခဲ့ပါတယ်။ သူ ပထမနှစ် တက်ရောက်စဉ် ပထမနှစ်မှာပဲ မွန်ဒရီးယန်း ပန်းချီအကြောင်းကို သူ့ဆရာတဦးဖြစ်တဲ့ ဆရာဂျွန်ဆင်ထံက ကြားသိရပြီးနောက် မွန်ဒရီးယန်းကို နှစ်သက်စွဲလမ်းခဲ့ ပါတယ်။ ၁၉၆၀ ခုနှစ်မှာ သူဟာ ပန်းချီကို စတင်ရေးဆွဲပါတယ်။

In 1955, after passing The Matriculation Exam, Kin Maung Yin joined and attended Architect & Engineering Course that was first opened in Myanmar for six years course. Attending first year, he got to know by chance Mondrian art – shared by one of his tutors Johnson and he adored Mondrian art creation. And he started painting in 1960.

၁၉၆၂ ခုနှစ်မှာတော့ သူ့ရဲ့ ပထမဆုံးပန်းချီပြပွဲကို အမေရိကန်ကောင်စစ်ဝန်ရဲ့ အိမ်မှာ ပြသခဲ့ပါတယ်။ခင်မောင်ဟာ ရန်ကုန်တက္ကသိုလ်မှ အင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံဒက္ကားမှာ ဗိသုကာ အင်ဂျင်နီယာ အဖြစ် သွားရောက် လုပ်ကိုင်ခဲ့ပါတယ်။
In 1962, he exhibited his first solo art exhibition in the house of American Consul. When he gained Bachelor of Architect & Engineering, he went to Bangladesh and worked as an engineer for a year.

ခင်မောင်ရင် ဘင်္ဂလားဒေ့ရှ်က ပြန်လာပြီးနောက် ဗိသုကာပညာရှင်တွေ စုပေါင်းငှားရမ်းဖွင့်လှစ်ခဲ့တဲ့ ဗိသုကာ အလုပ်ရုံးခန်း (Architect Incorporation – AI) ဟာ ကမ်းနားလမ်းနဲ့ ၂၄ လမ်းထောင့်မှာ ရှိခဲ့ပါတယ်။ အဲဒီ အေအိုင်ရုံးခန်းဟာ မြန်မာ လူငယ်မော်ဒန်ပန်းချီဆရာတွေ စုစည်းတဲ့ စုရပ်တခုဖြစ်ခဲ့ပါတယ်။ အဲဒီစုရပ်မှာ မြန်မာမော်ဒန်ပန်းချီ လမ်းကြောင်းမှာ ရှေ့ဆောင်တွေဖြစ်တဲ့ ဦးခင်မောင် (ဘဏ်)၊ ဗဂျီအောင်စိုးတို့နဲ့ အတူပေါ်ဦးသက်၊ ဝင်းဖေတို့နဲ့ အခြားပန်းချီဆရာတွေ စုဆုံခဲ့တဲ့ နေရာလို့ ဆိုရမှာပါ။

When Kin Maung Yin came back from Bangladesh, there was an office of Architect Incorporation – AI at the corner of Strand Road and 24th street that they opened by borrowing of Kin Maung Yin and his pal architects. That School of IA became the main center for Myanmar modern artists and could be names as rendezvous. Kim Maung Yin met with U Khin Maung (Bank), Bagyi Aung Soe, Paw Oo Thet, Win Pe and other artists at there, rendezvous.

၁၉၆၃ ခုနှစ်မှာတော့ ဂျာမန်အင်ဖော်မေးရှင်းစင်တာ `ဂိုထေးဟောက်စ်´မှာ ဗဂျီအောင်စိုး၊ ဦးခင်မောင် (ဘဏ်)၊ ကိုရွှေအောင်သိမ်း၊ ဝင်းဖေတို့နဲ့ အတူ ပြပွဲတခု ပြုလုပ်ပါတယ်။ အဲဒီပြပွဲဟာ မြန်မာ့မော်ဒန်ပန်းချီ ဖန်တီးမှုရဲ့ ပထမဆုံး လှုပ်ရှားမှုလို့ ဆိုနိုင်ပါတယ်။
In 1963, Kin Maung Yin exhibited an exhibition at the German Information Center ‘Gothehouse’ with Bagyi Aung Soe, U Khin Maung (Bank), Ko Shwe Aung Thame and Win Pe. That exhibition might be deducible as the first modern art movement.

ဒီနေရာမှာ မြန်မာ့မော်ဒန်ပန်းချီ လှုပ်ရှားမှုကို ထင်သာမြင်သာစေဖို့ ဦးခင်မောင် (ဘဏ်)၊ ပေါ်ဦးသက်၊ ဗဂျီအောင်စိုးနဲ့ ဝင်းဖေတို့ အကြောင်း တင်ပြဖို့လိုပါလိမ့်မယ်။
Here, we should brief history of U Khin Maung (Bank) and Paw Oo Thet, Bagyi Aung Soe and Win Pe to figure out about Myanmar modern art movement.

ဦးခင်မောင် (ဘဏ်)

ဦးခင်မောင် (ဘဏ်) ကို ၁၉၀၈ ခုနှစ်မှာ အဖဦးစု၊ အမိဒေါ်မြင့်တို့က ရွှေဘိုခရိုင် တန့်ဆည်မြို့မှာ မွေးဖွားပါတယ်။ ၁၉၃၂ ခုနှစ်မှာ မန္တလေးဥပစာကောလိပ်မှ အိုင်စီအက်စ် (ICS) တန်း အောင်မြင်ခဲ့ပါတယ်။

ဦးခင်မောင် (ဘဏ်) ဟာ အမေရိကန်ဝါရှင်တန် ပန်းချီကျောင်းမှ လက်မှတ်ရ ဆရာဦးလှ (မိတ္ထီလာ) ထံမှ စာပေးစာယူနဲ့ ပန်းချီပညာ သင်ယူခဲ့ပြီး၊ ၁၉၃၄ ခုနှစ်မှာ အင်္ဂလန်ပန်းချီ စာပေးစာယူသင်တန်းသို့ ဆက်သွယ်ပြီး ပညာဆက်လက် ဆည်းပူးခဲ့ပါတယ်။ ၁၉၄၆ ခုနှစ်မှာ ဘီဘီအိုအေဘဏ်မှာ လုပ်ကိုင်ခဲ့ပြီး၊ ၁၉၅၂ ခုနှစ်က စပြီး ဘဏ်မန်နေဂျာအဖြစ် ၁၉၆၄ ခုနှစ် အထိ ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ်မှာ ပန်းချီကဏ္ဍသစ် စာအုပ်ကို ရေးသားခဲ့ပြီး ပန်းချီဆိုင်ရာ အသိပညာ ဖြန့်ဝေခဲ့ပါတယ်။ ဦးခင်မောင် (ဘဏ်) ဟာ ၁၉၈၃ ခုနှစ်၊ ဒီဇင်ဘာ ၂ဝ မှာ မန္တလေးမြို့စိန်ပန်းရပ်မှာ ကွယ်လွန်ခဲ့ပါတယ်။ (ကိုးကား- နေထွတ်ရဲ့မန္တလေးအဘိဓာန်)

U Khin Maung (Bank)
U Khin Maung (Bank) was born in 1908. His Parents were U Su and Daw Myint. His native was Tantse Town, Shwe Bo District. In 1932, he gained ICS (Indian Civil Service)from Mandalay College.
And he joined painting course by correspondence to Painter Saya U Hla who gained certificate from Washington Painting School. In 1934, he continued to join painting course to England painting school. In 1946, he worked at BBOA Bank and promoted as bank manager in 1952 to 1964. In 1959, he wrote a book of New Painting and shared painting methods and ideology to Myanmar artists. He passed away in 1953, December 20, in Sein Ban Quarter, Mandalay. (Ref: Mandalay Dictionary by Nay Htut)

ပေါ်ဦးသက်
Paw Oo Thet

ပေါ်ဦးသက်ကို ၁၉၃၆ ခုနှစ်၊ အဖဦးလှကြီးနှင့် အမိ ဒေါ်ငွေမှ မန္တလေးမှာ မွေးဖွားပါတယ်။ ဖခင်ဦးလှကြီးဟာလည်း အနုပညာကျောင်းမှာ စာသင်လျက်ရှိတဲ့ အနုပညာသမား ဆရာတယောက် ဖြစ်ပါတယ်။ ပေါ်ဦးသက်ဟာ ပန်းချီဆွဲခြင်းကို သူ၏ ဖခင်ကြီးဆီမှ သင်ယူခဲ့ပါတယ်။
Paw Oo Thet was born in 1936, in Mandalay. His Parents were U Hla Gyi, an instructor in painting and Daw Ngwe. He firstly learned painting methods and ideology from his father.

၁၉၅၉ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု Famous Artist School အနုပညာကျောင်းတခုရဲ့ စာပေးစာယူ စကောလားရှစ်ကို ရရှိခဲ့ပြီး ပန်းချီအနုပညာယူခဲ့ပါတယ်။ သူဟာ မဂ္ဂဇင်းစာစောင်များ၊ မန္တလေးပြည်သူ့နေ့စဉ် သတင်းစာ၊ ကြေးမုံသတင်းစာ၊ လူထုနေ့စဉ် သတင်းစာတို့မှာ သရုပ်ဖော်ပုံတွေ၊ကာတွန်းများ ရေးဆွဲခဲ့ပါတယ်။
In 1959, he got a scholarship for correspondent course on art from an American Art School and finished learning painting. Moreover, he worked many illustrations and cartoons in Mandalay Daily News Paper, The Mirror News Paper, and Ludu Daily News Paper.

၁၉၆၃ ခုနှစ်မှာတော့ ရန်ကုန်မှာ သူ့ရဲ့ တကိုယ်တော်အနုပညာပြပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီးနောက် ပေါ်ဦးသက်ကို မြန်မာ့ရိုးရာနဲ့ အနုပညာကို အနောက်တိုင်း ခေတ်သစ်ပန်းချီရေးနည်း ရေးဟန်ရောစပ် ဖန်တီးသူအဖြစ် အနောက်တိုင်း အနုပညာရှင်များကြား ထင်ရှားလာပါတယ်။

In 1963, he exhibited his solo show and he was recognized as an artist of mixed creation of modern art technic and tradition art expression.

၁၉၇၁ ခုနှစ်မှာတော့ ပန်းဆိုးတန်းလမ်းရှိ လောကနတ်အလှပညာဆိုင်ခန်း Lokanat Galleries ကိုတည်ထောင်တဲ့ အဖွဲ့ဝင် တဦး အဖြစ်လည်း ဖြစ်ပါသည်။
He participated as a leading role member to establish or found Lokanat Galley in 1971.
သူဟာ ၁၉၉၃ ခုနှစ် ဧပြီ ၁၃ ရက်နေ့မှာ အဆုတ်ကင်ဆာရောဂါနဲ့ အသက် ၅၇ နှစ် အရွယ်မှာ မန္တလေးမြို့မှာပဲ ကွယ်လွန်ခဲ့ပါတယ်။
In 1993, April 13, at the age of 57, he expired of lung cancer in Mandalay.

ဗဂျီအောင်စိုး
Bagyi Aung Soe

ဗဂျီအောင်စိုးကို ၁၉၂၃ ခုနှစ်မှာ မွေးဖွားပါတယ်။ ၁၉၄၇ ခုနှစ်မှာ တာရာမဂ္ဂဇင်းမှာ စတင်ပြီး ပန်းချီရေးဆွဲခဲ့သည်။ ၁၉၅၁ ခုနှစ်မှာ အိန္ဒိယပြည် ဝိသာရဘာရတီတက္ကသိုလ်၊ ရှန်တိနိကေတန်တွင် အိန္ဒိယပန်းချီနဲ့ အရှေ့တိုင်းပန်းချီပညာ သွားရောက်သင်ယူခဲ့ပါတယ်။ ၁၉၅၃ ခုနှစ်မှာ နိုင်ငံတော်အစိုးရက ဖွင့်လှစ်ခဲ့တဲ့ ဆေးဆိုးပန်းရိုက် သင်တန်းကျောင်းမှာ ဒီဇိုင်းနည်းပြဆရာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ် ပညာရေးမဟာဌာနမှာလည်း ပန်းချီကထိက အဖြစ် ၁၉၇၈ ခုနှစ် အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ စာမဲ့ကဗျာစာအုပ်နှင့် ရိုးရာမှသည်ခေတ်သစ်သို့ စာအုပ်နှစ်အုပ် ရေးသားပြုစုခဲ့တယ်။ ရှုမဝမဂ္ဂဇင်းနဲ့ မဂ္ဂဇင်းပေါင်းများစွာမှာ သရုပ်ဖော်ပုံများ ရေးဆွဲခဲ့တယ်။ ၁၉၉၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။

Bagyi Aung Soe was born in 1923. He started illustration in 1947 at Taya Magazine. In 1951 he studied India Painting and Oriental Painting at Shantiniketan of Visarabarity University. He worked at Dyeing and Printing School as a design tutor in 1953. And he worked as art lecturer at educational department of Yangon Education University till 1978. He wrote Sarmie Kabyar (Wordless Poem) book and Yoyar Hma The Khit Thit Se Thoh (From Traditionalism to Modernism) book and he drew many illustrations in Shumawa magazine and many magazines. He passed away in 1990.

ပန်းချီနဲ့ ပတ်သက်ပြီး သူ၏ ဆိုရိုးက – ပန်းချီ၏ အသက်သည် “ပုံဆွဲ”၊ ပန်းချီ၏ ရသသည် “ဒီဇိုင်း”၊ ပန်းချီ၏ အနှစ်သာရသည် “အရောင်” ဆိုပြီး ဖြစ်ပါတယ်။ (ရည်ညွှန်း – ဗချီအောင်စိုးအမှတ်တရ စာစုစာအုပ်)
His motto about painting is – The vital of Painting is drawing, the aesthetic of Painting is design, the essence of Painting is Color.(Ref: A Copy of A memory to Bagyi Aung Soe)

ဝင်းဖေ

ပန်းချီဆရာဝင်းဖေကို ၁၉၃၆ ခုနှစ်၊ မန္တလေးမှာ မွေးဖွားပြီး ငယ်စဉ်ကတည်းက ဂီတနှင့် ပန်းချီသင်ကြားခဲ့ရပါတယ်။ ၁၉၅၁ မှ ၁၉၅၉ အတွင်း မန္တလေးတက္ကသိုလ်နှင့် ရန်ကုန်တက္ကသိုလ်တို့မှာ ပညာသင်ကြားခဲ့ပါတယ်။
Versatile artist Win Pe was born in 1936 in Mandalay. Since childhood, he studied music and painting. And he attended Mandalay University and Yangon University from 1951 to 1959.

၁၉၅၉ – ၁၉၆၂ မန္တလေးအခြေစိုက် လူထုသတင်းစာနှင့် စာပေတိုက်မှာ သရုပ်ဖော်ပန်းချီဆရာ၊ ကာတွန်းဆရာ အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၆၆ – ၁၉၇၃ မန္တလေးမြို့ရှိ အနုပညာဦးစီးဌာန ပန်တျာနှင့် အကကျောင်းမှာ ကျောင်းအုပ်အဖြစ် တာဝန်ထမ်းဆောင်ပါတယ်။

He worked as painter, cartoonist at Mandalay Ludu Newspaper and publication from 1959 to 1962 and served as headmaster at Mandalay Pantra and Dance School from 1966 to 1973.
၁၉၇၃ – ၁၉၉၄ ဝတ္ထုတို၊ ရုပ်ရှင်ဇာတ်လမ်းနှင့် ဇာတ်ညွှန်းများ ရေးသား၊ ရုပ်ရှင်ဒါရိုက်တာ အဖြစ် လုပ်ကိုင်ခဲ့ပြီး၊ ၁၉၈၁ ခုနှစ်အတွက် အကောင်းဆုံးဒါရိုက်တာ အဖြစ် အကယ်ဒမီဆုရခဲ့ပါတယ်။
From 1973 to 1994, he wrote many short stories, film stories and scripts. He also worked as a film director and he won Academy Award in 1981.

၁၉၉၄ – အမေရိကန်နိုင်ငံအိုင်အိုဝါတက္ကသိုလ်က ပြုလုပ်တဲ့ နိုင်ငံတကာ စာပေရေးသားခြင်း အစီအစဉ်နဲ့ အမေရိကန်သို့ သွားရောက်ခဲ့ပြီး၊ ၁၉၉၅ – ၁၉၉၆ အလွတ်တန်းစာရေးဆရာ၊ ပန်းချီဆရာအဖြစ် နယူးယောက်တွင် နေထိုင်ခဲ့ပါတယ်။ ၁၉၉၇ – ၂ဝဝ၅ ခုနှစ် အထိ လွတ်လပ်သောအာရှအသံ (RFA) ရေဒီယိုဌာနမှာ တာဝန်ထမ်းဆောင်ပြီး ရေဒီယိုအစီအစဉ်များနှင့် ဆောင်းပါးများစွာ ရေးသားထုတ်လွှင့်ခဲ့ပါတယ်။

In 1994, he left for USA to attend International Writing Program of Iowa University and he lived in New York as a freelance artist. He worked at Radio Free Asia (RFA) from 1997 to 2007 and broadcasted many programs and articles.
၂၀၁၃ ခုနှစ်မှာ မြန်မာနိုင်ငံကို ပြန်လာပြီး အချိန်ပြည့်ပန်းချီဆရာ၊ စာရေးဆရာအဖြစ် လုပ်ကိုင်လျက်ရှိပါတယ်။
He returned to Myanmar in 2013. Now he is living as a fulltime painter in Yangon.

အပိုင်း (ခ)
Part – B

ခင်မောင်ရင်နဲ့ မော်ဒန်ပန်းချီ
Kin Maung Yin and Modern Painting
ခင်မောင်ရင်ရဲ့ ဘ၀ ဒဿနနဲ့ အနုပညာပေါ် အမြင်

ခင်မောင်ရင်ဟာ လောကရေး တွေးအမြင် ခိုင်မာ ရင့်ကျက်သူ ဖြစ်သလို အနုပညာဆိုင်ရာ ဖန်တီးမှုမှာလည်း စိတ်သန္တာန် သန့်ရှင်း ရိုးပြည့်သူ ဖြစ်ပါတယ်။ သူဟာ ၁၉၆၉ မှာ Koob One ကို ရေးသားခဲ့ပြီး၊ ၁၉၇၃ ခုနှစ်က ရေးခဲ့တဲ့ another Koob မှာ သူ့ရဲ့ ရှင်းလင်းတဲ့ လောက? ဓမ္မ အမြင်ကို တွေ့နိုင်ပါတယ်။ သူ့ အနုပညာဖန်တီးမှု၊ သူ့ စိတ်ခံစားမှုနှင့် သူ့ဘ၀ ကိုယ်တိုင်ကပင် အနုပညာမြောက် ဖြတ်သန်းမှုကို တွေ့မြင်နိုင်ပါတယ်။

Life Philosophy and View on Art of Kin Maung Yin
Kin Maung Yin was well matured person of both worldly affairs and art creation, and owned clear instinct and simplicity also. His ideology can be seen morein ‘Koob One’ wrote in 1969 and ‘another Koob’ published in 1973, andhis art, his heart and his life through itself was genius artistic as well.
Kin Maung Yin’s Philosophy

ခင်မောင်ရင်ရဲ့ ဘဝအမြင်

“To write ‘another koob’ is not an easy job. In fact, it is a mistake to write ‘another koob’. Anyway life itself is full of mistakes. Life is a matter of trails and errors. I am doing a mistake in this way. I am living. So to do a mistake is to live. Anybody who reads this must forgive but not forget”. (Ref: another koob – 1.12.73)

‘Another koob’ ကို ရေးဖို့ ဆိုတာ လွယ်ကူတာတော့ မဟုတ်ပါ။ အကြောင်းကတော့ ရေးပြီ ဆိုကတည်းက အမှားတခု ဖြစ်နေလို့ ပါပဲ။ ဘ၀ ဆိုတာကိုက အမှားအယွင်းတွေနဲ့ ပြည့်နှက်နေပါတယ်။ ဘ၀ ရှင်သန် ဖြတ်သန်း နေရတာကိုက မှားယွင်း လွဲချော်မှုတွေပါ။ ကျနော်ကိုယ်တိုင်လည်း အမှားတွေ လုပ်ဆောင်ရင်း ကျနော် ရှင်သန်နေထိုင် နေပါတယ်။ အဲဒီလို အမှားတွေ လုပ်ဆောင်နေရတာက ဘ၀ ရှင်သန်နေထိုင်ဖို့ပဲ ဖြစ်တယ်။ ဘယ်သူပဲ ဖြစ်ဖြစ် ဒီအကြောင်း ဖတ်ရတယ် ဆိုရင် ခွင့်လွှတ်လိုက်ပါ၊ သို့ပေမယ့် မေ့လျော့ထားဖို့တော့ မဟုတ်။ (ရည်ညွှန်း- another koob – 1.12.73)

Kin Maung Yin’s Ideology on art
ခင်မောင်ရင်ရဲ့ အနုပညာအပေါ် အတွေးအမြင်

ခင်မောင်ရင်ရဲ့ Annotated Monalisa မှာ တွေ့ရတာက “The painter improves an image as he goes along. The resulting painting records a moment in the artist’s life”. လို့ Annotated Monalisa မှာ ရေးသားခဲ့ပါတယ်။

“ပန်းချီဆရာဟာ သူ့ရဲ့ အတွေးစိတ်ကူး ဖြစ်တည်လာတဲ့ အတိုင်း ဖန်တီးရေးဆွဲမှုကို တိုးမြင့် ပေါင်းစည်းယူပါတယ်။ နောက်ဆုံး ရရှိဖြစ်ပေါ်လာတဲ့ ပန်းချီကားက ပန်းချီဆရာရဲ့ ဘ၀ အစိတ်အပိုင်းရဲ့ အပိုင်းအကန့်ကို မှတ်တမ်းပြု တာပါပဲ” တဲ့။
ပြီးတော့ “Creation is a problem for some, but not for me. It is not for me to know.” လို့လည်း ရေးသားခဲ့ ပါတယ်။ “ဖန်တီးဖို့ဆိုတာ တခြားသူတွေ အတွက် ခက်ခဲနက်နဲတဲ့ ပြဿနာ ဖြစ်နေပါလိမ့်မယ်၊ ဒါပေမယ့် ကျနော့် အတွက်တော့ ခက်ခဲမနေပါဘူး။ ဖန်တီးတယ် ဆိုတာကို ကျနော် သိနေဖို့မှ မလိုတာလေ” လို့ ဆိုပါတယ်။
ရုတ်တရက် ဆိုရင် နားမလည်နိုင်စရာပါ။ ဖန်တီးတယ် ဆိုတာနဲ့ ဖန်တီးဖို့ (ဖန်တီးယူဖို့) ဆိုတာနဲ့ နီးစပ်လွန်းပေမယ့် ဝေးကွာလွန်းလှပါတယ်။ ဖန်တီးတယ် ဆိုတာ အတွေးအမြင် စိတ်ကူး စိတ်သန်းနဲ့ စိတ်ခံစားမှု အပေါ် အခြေခံပါတယ်။ တနည်းအားဖြင့် စိတ်တွင်းသန္တာန်ကို အခြေခံပါတယ်။ ဒါပေမယ့် ဖန်တီးယူတာကတော့ ဗဟိဒ္ဓပိုင်းကို အခြေခံပါတယ်။
ခင်မောင်ရင်ကတော့ ဗဟိဒ္ဓပိုင်းကို ထည့်သွင်း စဉ်းစားခြင်း မရှိ၊ ကြည့်ရှုသူအတွက်လည်း ထည့်သွင်း မစဉ်းစား၊ သူ့စိတ်မှာ ဖြစ်ပေါ်နေတဲ့ ခံစားရမှု အပေါ် အခြေခံပါတယ်။ ဒါကြောင့် ခင်မောင်ရင်က ဖန်တီးတယ် ဆိုတာကို သိမြင်နေဖို့ မလိုဘူး၊ စိတ်ခံစားမှုကိုသာ အလေးထားတယ် လို့ ဆိုလိုတာ ဖြစ်တယ်။

Once, he wrote in Annotated Monalisa, “The painter improves an image as he goes along. The resulting painting records a moment in the artist’s life”.
And, “Creation is a problem for some, but not for me. It is not for me to know.”
Suddenly, it may be very complicated his deduction about art creation. It is very different between ‘Create’ and ‘To create’!
‘Create’ bases on (one’s) imagine and emotion as goes along. Determine the resulting painting works as the moment records of artist’s life. But ‘To create’ is making to create. That bases on not emotion and imagination – in other words continuum but on exterior or physicality.
Kin Maung Yin never thought of physicality but his inner minded continuum, which cleared his art creations that were also the results of his life-through continuum.

ခင်မောင်ရင်ရဲ့ လက်ရာများကို ချဉ်းကပ်ကြည့်ခြင်း

ခင်မောင်ရင်ရဲ့ ပန်းချီလက်ရာတွေကို ခွဲခြားကြည့်ရင် Abstract Expression Paintings, Figurative Paintings နဲ့ Geometric Painting လို့ ခွဲခြားနိုင်ပါတယ်။
The works-of-art of Kin Maung Yin may be analyzed and separated into three distinct types as – Abstract Expression Paintings, Figurative Paintings and Geometric Paintings.

Abstract Expression ပန်းချီ
ခင်မောင်ရင်ဟာ အင်တာဗျူး တခုမှာလည်း Abstract ပန်းချီရေးဆွဲမှုနဲ့ ပတ်သက်ပြီး `လေ့လာတယ်။ အဲဒီလူက ဒီလို ဆွဲတယ်၊ ဟိုလူက ဒီလိုဆွဲတယ်။ သူတို့ ဆွဲတဲ့နည်း အတိုင်း ဆွဲတာ ရှိခဲ့ဖူးတယ်။ တကယ်တော့ ကိုယ့်ဟာကိုယ် ဆွဲတာက သာလျှင် ကိုယ်ဆွဲတာ ဖြစ်တယ်။ ဒီလိုပဲ ယူဆတယ်´လို့ ဖြေကြားခဲ့တယ်။
Abstract Expression ပန်းချီ ရေးဆွဲရာမှာ ခင်မောင်ရင်ဟာ ကြိုတင် မစဉ်းစားဘဲ မသိစိတ်ရဲ့ စေ့ဆော်မှု အတိုင်း တနည်းအားဖြင့် စိတ်မှာ အလိုအလျောက် မသိစိတ်နဲ့ အလုပ် လုပ်ပုံကို သူ့ဘ၀ တလျှောက် လက်ခံကျင့်သုံးတာကို တွေ့ရပါတယ်။

About Abstract Expression, Kin Maung Yin once answered to an interview, ‘I study the painting styles and forms of others. I had done so once. But, in reality, self-style, self-form, self-creation is more important than ever. I do accept so.’
It was clear that Kin Maung ever did Abstract Expression Paintings through his unconscious mind went along – may be named as Automatism.

`ဒီလို ပန်းချီကားတွေ ရေးဆွဲရတဲ့ အရသာကတော့ လွတ်လပ်မှုပဲ။ လုပ်ချင်တာ လုပ်ခွင့်ရတာပဲ။ ဖြစ်ချင်တာ ဖြစ် ဆိုပြီး စိတ်ထဲမှာ ထားတယ်။ ဖြစ်လာတော့လည်း မကောင်းတာ တခါမှ မတွေ့ဖူး သေးဘူး´လို့ အင်တာဗျူး တခုမှာ ပြောခဲ့ပါတယ်။
ဒါကြောင့် ခင်မောင်ရင်ရဲ့ ပန်းချီကားတွေဟာ သူ့ရဲ့ ပုဂ္ဂလ စိတ်တွင်း ခံစားမှုကို အခြေပြုရေးဆွဲတယ်လို့ သတ်မှတ်နိုင် ပါတယ်။

‘The essence of painting is freedom – gaining the very chance to follow as desire goes along. Whenever I have done so, I never find ‘not perfection’, answered Kin Maung Yin to an interview.
So, we clearly approach that what Kin Maung Yin paint might base on the emotion of his inner perspective wave.

တဖန် အင်တာဗျူး တခုမှာလည်း Abstract ပန်းချီရေးဆွဲမှုနဲ့ ပတ်သက်ပြီး အခုလို ပြောပြခဲ့ဖူးပါတယ်။
`ပုံပါတော့ အဓိပ္ပာယ် ရှိတယ်။ ပုံမပါတော့ အဓိပ္ပာယ် မရှိဘူး။ ဥပမာ မိန်းကလေးပုံဆိုရင် အဓိပ္ပာယ်ရှိတယ်၊ ပုလင်းပုံ ဆိုရင်လည်း ပုလင်းပုံ၊ မော်တော်ကား ဆိုရင်လည်း မော်တော်ကားပေါ့။ အဲဒီလိုမျိုး မကြိုက်ဘူး။ ဘာအဓိပ္ပာယ်မှ မပါဘဲနဲ့ အရောင်ချည်းပဲ ကြိုက်တယ်။ ကိုယ်ကြိုက်တာ ပြောတာပါ။ ဒါပေမယ့် ကိုယ်လိုချင်တာ ဘာပုံ ညာပုံ ဆိုပြီး လိုချင်တယ်။ စိတ်ကူးက တကယ်လည်း ပန်းချီကားတွေ ဘာတွေ လိုချင်တဲ့ကောင် မဟုတ်ဘူး။ ဘာမှ မလိုချင်ဘူး။ အစက လိုချင်တယ်။ အခုတော့ မလိုချင်တော့ဘူး။ မလိုချင်ဘူး´လို့ ပြောခဲ့ဖူးပါတယ်။

And he also said about Abstract Paintings – ‘the figure in the painting may be easily reguarded as something meanifulness. Yet – no figure, no meanifulness! For example, if it is a figure of girl or woman in painting, it may easily be seen something meaningfulness. So be bottles, motor-cars etc. But as for me, I don’t like it. What I do like is colors in no figures! I am not a man of making paintings. Once, I wanted myself. But now, I’ve no wish, no will’.

ခင်မောင်ရင်နဲ့ Figurative ပန်းချီ

ခင်မောင်ရင်ရဲ့ Seated Lady ပန်းချီကားတွေဟာ အထူးထင်ရှားပါတယ်။ ဒီ ထိုင်နေတဲ့ အမျိုးသမီးပုံ ပန်းချီကားတွေကို ခင်မောင်ရင်ဟာ ၁၉၆၀ ပြည့်နှစ်တွေ ကတည်းက ရေးဆွဲခဲ့တာ ဖြစ်ပါတယ်။
သူဟာ တချိန်တုန်းက မိုဒီကလျာနီရဲ့ မိန်းမပုံ ပန်းချီကားတွေ ရေးဆွဲဟန်ကို နှစ်သက်ခဲ့တာကြောင့် သူ့မှာ မိုဒီကလျာနီရဲ့ အရိပ်တွေ လွှမ်းမိုးခဲ့တယ် လို့ ဆိုနိုင်ပေမယ့် ခင်မောင်ရင်ဟာ ပန်းချီကို အလွတ်လပ်ဆုံး ရေးဆွဲခဲ့တာ တွေ့ရပါတယ်။ သူ့စိတ်ရဲ့ ဖြစ်တည် ဖြစ်ပျက်မှုနဲ့ သူ့ ပုံဖော်ရေးဆွဲမှုကို တထပ်တည်းကျအောင် ရေးဆွဲတာက ခင်မောင်ရင်ရဲ့ အဓိကကျတဲ့ ပန်းချီရေးဆွဲမှုပါ။ သူ သိမြင်မိတဲ့ အတိုင်း လွတ်လပ်ပေါ့ပါးတဲ့ စိတ်နဲ့ ရေးဆွဲတာက သူ့စိတ်ရဲ့ ရောင်ပြန်ထင်ဟပ်တဲ့ ဖန်တီးမှုတွေပဲ ဖြစ်ပါတယ်။

Kin Maung Yin’s ‘Seated Lady’ paintings were greatly significance of his works-of-art. He had been drawing that style of painting since 1960.
Once he liked and admired the painting style of Modigliani, an Italian painter, so he might be influenced. But Kin Maung ever made his painting freely basing on his emotion went along or on his pleasure without thinking something or someone to be.
So, we may accurately define that Kin Maung Yin’s paintings were the reflection of his emotion, his freedom, his ideology and also his heartbeat!

ခင်မောင်ရင်နဲ့ Geometric Painting ပန်းချီ

ခင်မောင်ရင်ဟာ ဗိသုကာ အင်ဂျင်နီယာတဦးပါ။ ဗိသုကာပုံပေါင်း များစွာ လေ့ကျင့်ရေးဆွဲခဲ့တဲ့ ခင်မောင်ရင်ဟာ ပန်းချီ ရေးဆွဲတဲ့ အခါမှာလည်း ဂျီသြမေတြီရဲ့ ခိုင်မာတဲ့ အခြေခံပေါ်မှာ စိတ်ကူးဉာဏ် ရှိတဲ့ အတိုင်း ပေါင်းစပ်ဖန်တီး နိုင်ခဲ့တယ် လို့ ဆိုနိုင်ပါတယ်။ ပြီးတော့ သူဟာ ဦးခင်မောင် (ဘဏ်) ကို အားကျခဲ့သူ၊ ကျူဗစ်ဇင်နဲ့ မွန်ဒရီယန်ကို စိတ်ဝင်စားသူလည်း ဖြစ်ပါတယ်။ တချို့သော ခင်မောင်ရင်ရဲ့ လက်ရာ ပန်းချီကားတွေဟာ ဂျီသြမေတြီဆန်တဲ့ ပန်းချီကားတွေလို့ ဆိုနိုင် ပါတယ်။

Kin Maung Yin was an engineer of Architect. He had to draw many architectural drawings and – he could add his imagination and his assumption to geometrical awareness to make paintings. And he was also keen to emulate the paintings of U Khin Maung (Bank), Cubism paintings and Mondrian art creation. So, you can see geometric style paintings of Kin Maung Yin.

ခင်မောင်ရင်က သူစာရေးတာ၊ ပန်းချီဆွဲတာနဲ့ ပတ်သက်ပြီး – ‘I write for the pleasure. ကိုယ့်ရဲ့ သာယာမှု အတွက် စာရေးတယ်။ ပန်းချီဆွဲတာလည်း အတူတူပဲ၊ ကိုယ်ကြိုက်လို့ ကိုယ်ဆွဲတာ။ ကိုယ့်အတွက်ပဲ ဆွဲတာ။ ဒါ ကိုယ်ကြိုက်လို့ ကိုယ့်အတွက်ပဲ ဆွဲတာ။ အဲဒါကို ကြိုက်တဲ့သူ ရှိရင် ရောင်းမယ်။ ဘယ်သူမှ မဝယ်ဘူး ဆိုရင် ဒီအတိုင်း ထားလိုက်တာပဲ။ ရောင်းရရင် တခုခု ဝယ်စား၊ ထမင်းစား၊ လက်ဖက်ရည်သောက်၊ ထမင်းမစားရသေးဘူး လား၊ ဒါဆို ပေးမယ်။ တခြား အသုံးအဆောင် မရှိ’ လို့ ပြောခဲ့ပါတယ်။

Kin Maung Yin once said, ‘I write for the pleasure. So do I paintings. I paint- I like. I do for my pleasure. I paint for my pleasure. If someone likes the works of I have done, I will sell it. If no one like it, it will be as common. If I got money by selling it, I will buy something to eat or tea. If someone in need to eat, I will offer. Nothing has I anymore.’

ခင်မောင်ရင်ဟာ ပန်းချီရေးဆွဲခြင်းကို ဘယ်တော့မှ မငြီးငွေ့သူပါ။ တခါတလေ သီချင်း နားထောင်၊ တခါတလေ အလွတ်လပ်ဆုံး ပန်းချီတွေ ဆွဲပြီး ဘဝရဲ့ နေ့ရက်တွေမှာ အနုပညာ ဖန်တီးရင်း ဖြတ်သန်းသွားခဲ့သူပါ။ ပန်းချီ ရေးဆွဲရာမှာလည်း နည်းစနစ်ရဲ့ အကန့်အသတ်ခံ ပန်းချီဆရာ၊ အစဉ်အလာရဲ့ အကန့်သတ်ခံ ပန်းချီဆရာ၊ ကင်းဗတ်နဲ့ အရောင်တွေရဲ့ အစေခံပန်းချီဆရာ အဖြစ် မဟုတ်ဘဲ ကိုယ့်စိတ်ကို စောင့်ကြည့်ပြီး လွတ်လပ် အနုပညာ တရပ်ကို အနှောင်အဖွဲ့ ကင်းကင်းနဲ့ ရေးဆွဲသွားသူ ပန်းချီဆရာ ဖြစ်ပါတယ်။
ခင်မောင်ရင်ဟာ သူနှစ်သက်တဲ့ ပန်းချီရေးဆွဲမှုတွေကို ဘ၀ တလျှောက် ရေးဆွဲရင်းနဲ့ ၂၀၁၄ ခုနှစ် ဇွန် ၁၀ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါတယ်။

Kin Maung Yin was never tired of feeling dull in painting. He passed his life through sometime listening music and sometime making freely the painting of his emotion or unconscious mind went along. He was, might be nominated or recognized as The Artist of bove the ties.
Kin Maung Yin expired on Jun 10, 2014.

အပိုင်း (ဂ)
Part – C

ပန်းချီဝင်းဖေမြင့် (WPM) ၏ အမှတ်တရ ခင်မောင်ရင်

ခင်မောင်ရင်ဟာ ထူးခြားတဲ့ လူတယောက်ပဲ။ ဉာဏ်လည်းကောင်းတယ်၊ စာတွေလည်း တော်တော်ဖတ်ထားပုံရတယ်။ ဗိသုကာနဲ့ ဘွဲ့ရပေမယ့် – ဆရာပေါ်ဦးသက်၊ ဝင်းဖေတို့နဲ့ ပေါင်းမိပြီး ပန်းချီဆရာ ဖြစ်လာခဲ့တယ်။
၁၉၆၀၊ ၁၉၇၀ ခုနှစ်များမှာ သူ့ပန်းချီကားတွေထဲမှာ ဗိသုကာဆန်တဲ့ မျဉ်းကြောင်းတွေ ပါနေတာ တွေ့ရတယ်။ ၁၉၈၀ ခုနှစ်တွေမှာ သူပန်းချီဆွဲတာ သိပ်မတွေ့ရဘူး။ ၁၉၉၀ ခုနှစ်များမှာတော့ Abstract လို့ခေါ်တဲ့ ပန်းချီတွေ အများကြီး ရေးခဲ့တယ်။ Portrait တွေလည်း တော်တော်ရေးဖြစ်တယ်။
ဘာပဲဖြစ်ဖြစ် သေသည်အထိ ပန်းချီရေးသွားတဲ့ လူတယောက် ဖြစ်တယ်။ အိမ်ထောင်မရှိတဲ့…၊ အင်မတန်လွတ်လပ်တဲ့ လူတယောက်အဖြစ် နေထိုင်သွားခဲ့တယ်။

A Memory to Kin Maung Yin by WPM (Win Pe Myint)
Kin Maung Yin was a very distinct, bright and genius person – and seemed he read a lot of books. He obtained or got architectural degree, yet – he became a painter by accompanying with Paw Oo Thet and Win Pe.
In 1960 to 1970, he painted many architectural lines paintings.
But, in 1980, he did not draw paintings much. In 1990, he drew so many Abstract Paintings and Portrait Paintings.
Whatever it might be, he was the very person of painting who painted straightly down till his last day on this earth.
He was free agent and lived freely as a painter of freedom in thoughts, creations through all his life.
Artist Win Pe Myint (WPM)

ပန်းချီဝင်းဖေပြောတဲ့အမှတ်တရခင်မောင်ရင်
A Memory to Kin Maung Yin by Win Pe

ခင်မောင်ရင်ဟာ ပန်းချီအကြောင်း၊ ရုပ်ရှင်အကြောင်းတွေကိုလည်း စာအုပ်တွေကတဆင့် သူ့ဟာသူ ဖတ်ပြီး သူ့ဟာသူ လေ့လာသင်ကြားခဲ့တာ များပါတယ်။ ဖတ်သလောက်သဘောပေါက်ပြီး ပေါက်သလောက် လက်တွေ့ လုပ်ရဲတဲ့ ယုံကြည်မှု၊ သတ္တိနဲ့ ပြတ်သားသေချာမှုတန်ဖိုးနဲ့ အလှတရားတွေကို ဖန်တီးနိုင်စွမ်းရှိပါတယ်။ သူ့နားလည်သဘောပေါက်မှု၊ ယုံကြည်မှုစတာတွေကို ဖော်ထုတ်ဖို့ သူ့ကျွမ်းကျင်မှုနဲ့ ဆီလျော်တဲ့ လောဘဆန္ဒကို သတ်မှတ်ပြီး ချက်ချင်း လက်တွေ့ လုပ်ဆောင်တတ်တဲ့ အကျင့်ရှိပါတယ်။

Kin Maung Yin owned great aptitude for getting the best of art creation and film making through reading. He was able to create the beauties of art by mixing his deep reading knowledge and his aptitudes understanding of what he wanted to express.
ခင်မောင်ရင်ဟာ တသက်လုံးစိတ်ချမ်းသာသာနေခဲ့ပါတယ်။ လူ့ဘဝမှာ စိတ်ချမ်းသားမှုဟာ အဓိကကျကြောင်း အရှေ့တိုင်း ဒဿနာကို ခင်မောင်ရင်ယုံကြည်ကျင့်ကြံပါတယ်။ စိတ်ချမ်းသားအောင် ဘယ်လိုနေပြီး ဘယ်လို လုပ်ရတယ် ဆိုတာကို ခင်မောင်ရင်က အလေးအနက်သဘောပေါက်ပြီး ခံယူကျင့်ကြံသွားပါတယ်။

Kin Maung Yin had peace of mind and quiet in his life through. He realized that the main significant was to be quiet and peace of mind as eastern philosophy doctrine and so be, he strictly acted according to the way of oriental philosophy.

တကယ့်ခင်မောင်ရင်ရဲ့ စိတ်ရင်းဟာ တည်ငြိမ်ရင့်ကျက်မှုနဲ့ အေးချမ်းတည်ငြိမ်နေပါတယ်။ ခင်မောင်ရင်အတွက် ကြမ်းတမ်းတဲ့ လောကဓံတရားတွေ ကြုံခဲ့ရပေမယ့် ခင်မောင်ရင်က အဲဒီ လောကဓံတရားတွေကို အပေါ်စီးကနေပြီး ကြည့်တတ် မြင်တတ်သူ၊ ကြည့်မြင်နိုင်သူ ဖြစ်ပါတယ်။ ခင်မောင်ရင်မှာ ညည်းငြူတဲ့ အကျင့်မရှိပါဘူး။ ဒါဟာ လောကဓံကို အပေါ်စီးက ကြည့်နိုင်မှ ရနိုင်တဲ့ အရည်အချင်း ဖြစ်ပါတယ်။ သူရေးတဲ့ ပန်းချီကားတွေထဲမှာ သူရေးတဲ့ စာတွေထဲမှာ အဲဒီ အရည်အသွေးတွေ ပြတ်ပြတ်သားသားပေါ်လွင်နေပါတယ်။

His mind was full of matureness in art and calm about life and even facing with way of the mundane world – gain and loss, fame and dishonor, praise and blame, happiness and suffering! He could be able to look them from the above without complaining, grumbling and grousing. This was his virtuoso! This can be seen through his paintings, his writings!

စာအုပ်ထဲမှာပါတဲ့ ခင်မောင်ရင်ရဲ့ လက်ရာတွေမှာ ခင်မောင်ရင်ရဲ့ စိတ်ရင်းတွေ၊ ခင်မောင်ရင်ရဲ့ ယုံကြည့်မှုတွေ၊ ပြတ်သားမှုတွေ၊ ရိုးသားမှုတွေ၊ ရဲရင့်မှုတွေ အထင်အရှား ပေါ်လွင်ပါရှိနေပါတယ်။ အဲဒီလို သက်ရောက်မှုတွေ ရှိလာအောင် ခင်မောင်ရင် တမင်သက်သက် အားထုတ်နေစရာ မလိုဘဲ ရင့်ကျက်မှုကြောင့် အလိုလို ပြီးမြောက်ကြတာ ဖြစ်ပါတယ်။

And his innate nature, his belief, his stoutness, his simplicity and honesty, his bravery could be seen through his works- of- art as well. To gain such of his unique abilities, Kin Maung Yin never did intentionally or purposely yet of his mature aptitude.

အောင်မင်းပြောတဲ့အမှတ်တရခင်မောင်ရင်
A Memory to Kin Maung Yin by Aung Min

အနုပညာဝေဖန်သုံးသပ်သူ၊ ဆရာဝန်တဦး၊ ခင်မောင်ရင် ၇၂ စာအုပ်ကို ရေးသားပြုခဲ့သူ အောင်မင်းက မှတ်ချက်ပြု ရေးသားထားပါတယ်။
‘မလုပ်ချင်တဲ့ အလုပ်ကိုသူ (ခင်မောင်ရင်) မလုပ်၊ မပြောချင်တာကို သူမပြော၊ မဆွဲချင်တဲ့ ပန်းချီကို သူမဆွဲ၊ မနေချင်တဲ့ ဘဝပုံစံနဲ့ သူမနေ။ အဲဒါကိုက ခင်မောင်ရင်ဖြစ်စေတဲ့ဟန်။ သူ့အပြောအရ မော်ဒန်လို့ နာမည်မတပ်ခဲ့။ ပန်းချီဆိုတာ ဘယ်လိုရေးရမယ် ဆိုတဲ့ သတ်မှတ်ချက်တွေဆီက ကင်းလွတ်တဲ့ ပန်းချီဟာ ခင်မောင်ရင်ရဲ့ ပန်းချီ။ ကင်းဗတ်နဲ့ လေးထောင့်ဘောင်ထဲမှာ အကန့်အသတ်ခံထားရတဲ့ ပန်းချီရာတွေထဲမှာ သူဟာ လွတ်လွတ်လပ်လပ် အနေတတ်ဆုံး။ ရလာမယ့် တန်ဖိုးကြီးကြီးတွေ၊ ချီးမြှောက်မှုတွေဆီကနေ လွတ်လပ်သူ၊ သူ့စိတ်ကို စောင့်ကြည့်ပြီး ပန်းချီရေးတတ်သူ၊ ရေးနည်းတွေနဲ့ အချုပ်အချယ်မခံတတ်သူ။Stuckist တွေ ပြောသလို ကိုယ်ပန်းချီရေးနေချိန်မှာ သူ့စိတ်ထဲရေးချင်တဲ့ ဟာကို ရေးချနေတဲ့ အလုပ်ကသာ ပန်းချီအနုပညာအတွက် အရေးအကြီးဆုံးလို့ ယူဆမယ် ဆိုရင် ခင်မောင်ရင်ဟာ ထိပ်ဆုံးကရှိနေသူပါ´

Aung Min, an art critic, also a doctor, wrote and remarked about Kin Maung Yin’s art and life style as – ‘Kin Maung Yin never did if he had no wish, no words if did not want to speak, nor paint without his will, he lived along his mind and pleasure went path. That was the life through style of Kin Maung Yin! As his saying he disliked to title or name or his works-of-art as ‘Modern’. His works were apart from methodology of painting – above the restriction and let his feeling run free on the space of canvas and paints. Also was he free from valuable praise and honor yet, on his mature aptitude. As stuckistism, ‘never thought of physicality but inner minded continuum’, Kin Maung Yin might ever be topmost of every time art creators!’

ဦးသိန်းဝင်း (PMG) ပြောတဲ့အမှတ်တရခင်မောင်ရင်

ဦးခင်မောင်ရင်ရဲ့ ရိုးသားရိုးရှင်းတဲ့ စိတ်ကို လေးစားရသလို သူ့လက်ရာ ပန်းချီကားတွေကို မြတ်နိုးတာကြောင့် သူ့ရဲ့ ပန်းချီကားများစွာ စုဆောင်းဖြစ်ခဲ့ပါတယ်။ နောက်ပြီး မကွယ်လွန်မီက ဆရာကြီး အသက် ၇၅ နှစ်ပြည့်အမှတ်တရ တကိုယ်တော် ပန်းချီပြပွဲကို Gallery 65 မှာ ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၈ ကနေ ၁၀ ရက်နေ့ အထိ ကျင်းပပြုလုပ်နိုင်ခဲ့ပြီး စာအုပ်စာစောင်တချို့ ပြုစုခဲ့ပါတယ်။ နောင်နှစ်များမှာလည်း ဆရာကြီးအတွက် ပြပွဲတွေဆက်လက် ပြုလုပ်ဖို့လည်း စိတ်ထဲမှာ ကြံရွယ်ထားပေမယ့်လည်း မမျှော်လင့်ဘဲ ပန်းချီလောကကြီး တခုလုံးကို သူ စွန့်ခွာသွားခဲ့ ပါတယ်။
ဆရာကြီး ကွယ်လွန်ချိန်က အလုပ်ကိစ္စတွေနဲ့ ကျနော် ခရီးတခုသွားနေချိန်မှာ သူကွယ်လွန်သွားတဲ့ အကြောင်း အဝေးက ကြားလိုက်ရပါတယ်။ လေးစားရတဲ့ ဆရာကြီးအတွက် တကယ့်ကို စိတ်မကောင်းဖြစ်၊ နှမြောတသ ဖြစ်ရပါတယ်။ သူ ကွယ်လွန်ခဲ့ပေမယ့် ကျနော့်စိတ်မှာ ကြံရွယ်ထားတဲ့ အတိုင်း ယခုအမှတ်တရ ခင်မောင်ရင်စာအုပ်လေးကို ပြုစုဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဆရာကြီးကို လေးစားချစ်ခင်သူများ၊ အနုပညာမြတ်နိုးသူများအတွက်လည်း ဆရာကြီးရဲ့ လက်ရာနဲ့ ဆရာကြီးရဲ့ အနုပညာအပေါ် အတွေးအမြင်တွေ မျှဝေနိုင်မယ် လို့လည်းယုံကြည်ပါတယ်။

A Memory to Kin Maung Yin by U Thein Win (PMG), Art Collector
Having Great respect for U Kin Maung Yin’s untainted honesty and cherished his works-of-art paintings, I collected many of his paintings. I made a memorial art solo show of U Kin Maung Yin on his 75th birthday from 8th November to 10th November 2013 at gallery 65, and compiled a copy of his memory. Also I did my decision to make next exhibition of U Kin Maung Yin yearly. But, unexpectedly, he forsook and went away from the world and the art world that he loved.
While I was away from Yangon, on my business trip, I heard that he was gone! That bad news upset me and really felt sorry. Now, I am, as I have decided, trying to make a book of A Memory to Kin Maung Yin. What I do hope is for sharing His Works-of-art, His Ideology, His Creation Philosophy among art lovers.

ကိုစစ်ပြောတဲ့ အမှတ်တရခင်မောင်ရင်

ကျနော့်စိတ်ထဲမှာ ဆရာခင်မောင်ရင် မသေသေးဘူး။ ဘယ်တော့မှလည်း သေမှာ မဟုတ်ဘူး။ လူတော့ သေသွားပြီ။ ဟုတ်တယ်။ နာမည် မသေသေးဘူး။ ဘယ်တော့မှလည်း သေမှာ မဟုတ်ဘူး။ တခေတ်မှာ တယောက် ထွန်းခဲ့တဲ့ ဆရာ့လို ပန်းချီဆရာနဲ့ ဆုံဖူးခဲ့တာ ကိုယ့်ကိုယ်ကို ဂုဏ်ယူတယ်။ ဆရာက လွတ်လပ်တယ်၊ လွတ်မြောက်တယ်၊ ထူးဆန်းတယ်။ ကျနော်တို့အတွက် ခင်မောင်ရင် ဆိုတဲ့ ပန်းချီဆရာဟာ အဓိပ္ပာယ်ဖွင့်ဆိုဖို့ မကုန်လောက်ဘူး လို့ ထင်တယ်။ ဆရာ့ပန်းချီကားတွေ ကြည့်တိုင်း ဆရာဟာ ကျနော်တို့ အနီးနားမှာ ရှိနေတုန်းပဲ လို့ ခံစားမိတယ်။ ဟုတ်တယ်။ ခင်မောင်ရင် ဆိုတဲ့ ဝိညာဉ်တခုဟာ ကမ္ဘာတည်သရွေ့ ရှိနေဦးမှာ အသေအချာပါ။

A Memory to Kin Maung Yin by Art Collector Ko Sid
In my mind Kin Maung Yin is still alive! Kin Maung Yin never die! Yet – he passed away. Yes. His name is still alive and kicking; will never die! I am greatly proud to meet with Kin Maung Yin, the very great artist. He was free and above the freedom of all and strange. As for me, it will never end to define, to express about his art. Whenever I view his paintings, always I feel that he may be near of us. Yes! Sure is that His pure consciousness on art will go on forever till the last day of this earth.

အပိုင်း (ဃ)
Part – D

နိဂုံး
Conclusion

Kin Maung Yin’s belief, stout-heartedness, and his freedom can be seen through his works – of – art and writings as well.
သူရဲ့ အနုပညာလက်ရာတွေ၊ သူရေးသားခဲ့တဲ့ စာတွေကနေ ခင်မောင်ရင်ရဲ့ ယုံကြည်မှု၊ ခိုင်မာတည်ကြည်မှုနဲ့ လွတ်လပ်မှုတွေကို သိမြင်နိုင်ပါတယ်။
Believing that to compile like this A Memory to Kin Maung Yin volume will help to distinguish the net value of art and so does will build our perfect society in future by sharing of art.
With much love of art!
Naing Swann
Compiler cum Translator

အခုလို ပန်းချီဆရာကြီး ခင်မောင်ရင် အမှတ်တရ စာအုပ်က အနုပညာတန်ဖိုးရင်းကို သိမြင်စေပြီး အနာဂတ် လူ့အဖွဲ့အစည်းအတွက်လည်း အနုပညာမျှဝေခြင်းတွေနဲ့ တည်ဆောက်သွားနိုင်မယ်လို့ယုံကြည်ပါတယ်။

အနုပညာချစ်ခြင်းများစွာဖြင့်
နိုင်စွမ်း
စုစည်းတင်ပြသူနှင့် ဘာသာပြန်သူ

Comments