ခင်လွန်း - ကိုယ်ရေးအကျဉ်း



ကိုယ်ရေးအကျဉ်း
ခင်လွန်း
သစ်ခက်သံလွင်ကဗျာ
ဇွန် ၂၇၊ ၂၀၂၁
-

အမည်ရင်း
ဘဖေငြိမ်း

အခြားအမည်
ကိုသူပုန်ကြီး

ပညာရေး
အခြေခံလူတန်းစားဘဝသင်ယူထား

ထင်ရှားတဲ့အမှတ်အသား
ပုဂ္ဂိုလ်ရေးထင်ရှားမှု လုံးဝအလျဉ်းမရှိသူ

စိတ်ဝင်စားသည့်ဘာသာ
အဖိနှိပ်အနိုင်ကျင့်ခံတွေနဲ့တသားထဲဖြစ်ရေး

ကျွမ်းကျင်မှု
အာဏာရှင်ကိုအနုပညာတရပ်ရပ်နဲ့ဆန့်ကျင်နေဖို့

အလုပ်အကိုင်
အရေးတော်ပုံ ကဗျာဆရာ

သွေးအမျိးအစား
ဗဟိန်းသွေး

နေရပ်
အောက်ဆုံးအလွှာ(မြန်မာပြည်)


၃၀.၁၁.၂၀၁၆
နံနက်- ၆:၄၀

(ဗဟိန်းရာပြည့် အထိမ်းအမှတ် ကဗျာ ၁၀၀ ပဒုမ္မာ- မှာ... ရေးဖြစ်ခဲ့)

Comments