မှိုင်းခေတ်အောင် (ရေကျော်) - အောင်ပွဲခေါ်သံ

 
Art - Than Htay Maung 
အောင်ပွဲခေါ်သံ
မှိုင်းခေတ်အောင် (ရေကျော်)
သစ်ခက်သံလွင်
ဇွန် ၂၅၊ ၂၀၂၁
-

ငါ့ရဲဘော်
ငါ့သွေးသောက်
ငါ့သူငယ်ချင်းရေ...

တော်လှန်ရေးဆိုတာ
တူတူပုန်းတမ်းကစားနေတာ
မဟုတ်။

တော်လှန်ရေးဆိုတာ
ထုပ်ဆီးတိုးတမ်းကစားနေတာ
မဟုတ်။

တော်လှန်ရေးဆိုတာ
သက်တန့်ပေါ်မှာ
ပြေးလွှားဆော့ကစား
ပျော်ပါးနေကြတာလဲမဟုတ်။

တော်လှန်ရေးဆိုတာ
သမိုင်းမှာ အမြင့်မြတ်ဆုံး
အစွဲထင်ဆုံး
အားအကောင်းဆုံး
သူရဲကောင်းတွေကို
ထုပ်လုပ်တဲ့စက်ရုံကြီးတွေ။

တော်လှန်ရေးဆိုတာ
အဲဒီ့သူရဲကောင်းအပေါင်းတို့ရဲ့ပုံရိပ်တွေကို
နှလုံးသားထဲ မော်ကွန်းထိုးပေးထားတဲ့
ထာ၀ရကျောက်စာတိုင်ကြီးတွေ...။

ပေးဆပ်မှုတွေမရှိဘဲ
အောင်မြင်တဲ့တော်လှန်ရေးဆိုတာ
ဘယ်သမိုင်းမှာမှ
ကြားခဲ့ဖူးရိုးမရှိ...။

ဒါကြောင့်
တော်လှန်ရေးအပေါ်
ရဲရဲတွေး
ရဲရဲပေးဆပ်
ရဲရဲဆုံးဖြတ်
ရဲရဲတိုက်ပွဲဝင်
အဲဒီ့လိုခံယူ
ရဲရဲအောင်ပွဲခံဂုဏ်ယူလိုက်စမ်းပ
ငါ့ သွေးသောက်သူငယ်ချင်း။ ။ 

မှိုင်းခေတ်အောင် (ရေကျော်)

Comments