ခင်လွန်း - ' မင်းသမိုင်း မရိုင်းစေနဲ့''

Art- Than Htay Maung
' မင်းသမိုင်း မရိုင်းစေနဲ့''
ခင်လွန်း (သစ်ခက်သံလွင်) မတ် ၁၀၊ ၂၀၂၁ ဒီအရေးက မင်းပြေးရင် မင်းပြဿာနာ မင်းရှောင်ရင် မင်းသမိုင်း ငါလဲအသက်နဲ့ သူလဲအသက်နဲ့ သမီးလေး မြသွဲ့သွဲ့ခိုင်လဲ အသက်နဲ့ကိုယ်နဲ့ အချိန်မတိုင်မီ ဘယ်သူ အသက်နဲ့ကိုယ် အိုးစားခွဲချင်ပါ့မလဲ သူချစ်တဲ့ မိဘ.. မောင်နှမ သူငယ်ချင်း .. ချစ်သူ နွေဦးပန်းလေးတွေ ပွင့်နေမယ့်မနက်ခင်း ခွွဲခွာသွားချင်ပါ့မလဲ ဒီလိုပဲ သားလေး မောင်ဝေယံထွန်းတို့ မောင်နေဝင်းထက်တို့လဲ အတူတူပဲနေမှာဖြစ်တယ် ငယ်ရွယ်နုနယ်သေးတဲ့ သူတို့လေးတွေ အချိန်မတိုင်မီ အသက်နဲ့ကိုယ် ဘယ်သူ အိုးစားခွဲချင်ပါ့မလဲ အမေ့နို့နံ့တောင်မပျောက်သေးတဲ့နှုတ်ခမ်းလေးအစုံဟာ ခုတော့ အာဏာပါးကွက်သားတွေရဲ့လက်ချက်နဲ့ သွေးပွက်ပွက် အန်ကျခဲ့ရပါပကော... ကိုကိုဦး(ခ) ကိုနပွားလို ကိုကြည်စိုးလို ကိုသက်နိုင်ဝင်း ကိုတင်ထွဋ်ဟိန်း ဦးမျိုးမြင့်ထွန်း ကိုရာဇာအောင်တို့လို ၂၁ ရာစု နှစ်ထောင့် နှစ့်ဆယ်တစ် လှပတဲ့ နွေဦးမှာ ဘယ်သူ အသက်နဲ့ကိုယ် အိုးစားခွဲချင်ပါ့မလဲ ဘယ်သူ ကိုယ့်သား ကိုယ့်သမီး ကိုယ်ဇနီး ကိုယ့်လင်သား တပြားသားလေး ခွဲထားချင်ခဲ့မလဲ ဒီအရေးက မင်းပြေးလို့မလွတ်ဘူး မင်းသား မင်းသမီး မင်းဇနီး မင်းအဖေ အမေ မောင်နှမ မင်းတို့နောက်ထပ်ဆွေစဉ်မျိုးဆက်တလျှောက်လုံး ပြေးလို့မလွတ်ဘူး အဲဒီ့နားထင်ကိုတေ့ထားတဲ့သေနတ်ပြောင်းဝ နဖူးကနေ လည်မျိုအထိ နင်းထားတဲ့စစ်ဖိနပ်ဟာ မင်းပြေးနေတဲ့ ခဏပန်းမဟုတ်ဘူး အနာဂတ်ဟာ မင်းလက်ထဲ ဆုပ်ကိုင်ထားတဲ့အတ္တအထုပ်သေးသေးလဲမဟုတ်ဘူး မင်း မိသားစု သေးသေးလေးတခုထဲပဲမဟုတ်ဘူး မင်း သိပါတယ် မင်းဟာ မင်းအထုပ်လေးကိုချပြီး တိုက်ပွဲဝင် ငါ လမ်းပေါ်ကိုဆင်းလိုက်ရင် ငါ CDM ထဲကိုပူးပေါင်းလိုက်ရင် စစ်အာဏာရှင်မိစ္ဆာဆိုးတို့ ပဲ့ကျိုး တက်ကျိုး ဝမ်းဗိုက်ပေါက် ထောင်းလမောင်းကျေရုံမက သံချေးတက်ဆွေးမြေ့နေတဲ့ စစ်သင်္ဘောပျက်အိုကြီးဟာ လူထုဆင်နွှဲမုန်တိုင်းထဲက ဝဲဂယက်နွံ့ထဲမှာ လုံးဝစုံးစုံးမြှုပ်တော့မှာ ဧကန်ပဲဆိုတာ.... မင်းတွေးမနေနဲ့ ရှောင်မနေနဲ့ ကြောင်မနေနဲ့ ကြောက်မနေနဲ့ နွေဦးဟာ အောင်ပွဲရနံ့တွေသင်းသင်းလှိုင်ပြီး အပြိုင်းအရိုင်းပွင့်လာဖို့ လက်တကမ်းစာအလို..... ခင်လွန်း ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁ နံနက် - ၁ဝး ၃၅ နာရီ

Comments