နေလင်း - ပြဇာတ်


ပြဇာတ်
နေလင်း
(သစ်ခက်သံလွင်) မေ ၂၀၊ ၂၀၂၀

ငါတို့မြို့ဟာ
မြစ်လိုမစီးဆင်းနိုင်တဲ့ ရွာကလေး

နိုင်ငံတော်ကြီးကိုနှုတ်ဆက်စီးဆင်းရင်းနေတဲ့
ဧရာဝတီရဲ့
သူ့ရင်ကွဲနာသောင်တွေဟာ
တို့တာဝန်မကျေတဲ့ပြဋ္ဌာန်းချက်

သေသွားတဲ့လူတစ်ယောက်က
လွမ်းစရာကောင်းပေမယ့်
မသေသေးတဲ့
သူတော်ကောင်းတွေကိုချစ်ဖို့ ငါတို့အမြဲမေ့နေတာ

ရွာလိုမနေဘဲမြစ်လိုသွားတော့
ရောက်တဲ့ခရီးဟာ ငံတယ်

ဖြစ်ခြင်းပျက်ခြင်းသဘောကရှင်လျက်ပါပဲ
ငါတို့မှာသာ
အတုအယောင်ဖျားယောင်းမှုတွေနဲ့
သေပြီးရင်းသေလို့။ ။ ။

နေလင်း

Comments