ဘုန်းနိုင်လင်း - နှလုံးသား အလံတော်

Credit- Aung Kyaw San's FB
နှလုံးသား အလံတော်
ဘုန်းနိုင်လင်း
(သစ်ခက်သံလွင်) ဧပြီ ၁၂၊ ၂၀၂၀

ကမ္ဘာကပ်လမ်းထဲမှာ
နှလုံးသားနဲ့ထမ်းထားသူရဲ့စကား
ကြားယောင်တဲ့အတွေးနဲ့ နားထောင်ကြည့်ပါ။

''''အားလုံးဂရုစိုက်ကြပါ
မေတ္တာအင်အားဟာ အကြီးမားဆုံးပဲ။
ကံ ကံ၏အကျိုးကို ယုံကြည်ပါတယ်။ 
ကျွန်မတာဝန်ကျေခဲ့ပါတယ် ''' တဲ့

ချစ်လို့မဝသလောက်
ကြေကွဲရတဲ့ အလွမ်း
ဒီ ကမ္ဘာမှာပွင့်တဲ့ပန်း
အော်...တို့မြေမှာလန်းခဲ့ပေါ့။

ချစ်ခြင်းဟာ မဟာအင်အား
ရဲဝံ့စွန့်စား 
စွန့်လွှတ်စွန့်စား
နှလုံးသားဖြင့်ထမ်းခဲ့တဲ့လမ်း
အလံတော် တလူလူလွင့်တယ်။

ဆန်းသလောက်မလင်းတဲ့ခရီးမှာ
လွမ်းသလောက် မနီးတဲ့ခရီးမှာ
ပန်းပိတောက်တွေ သင်းလျက် ကြိုနေမယ်။



Comments