အောင်မော်ဦး - တို့တတွေ ပြန်ဆုံကြလေမလား

credit- google.com
တို့တတွေ ပြန်ဆုံကြလေမလား
အောင်မော်ဦး
(သစ်ခက်သံလွင်) မတ် ၂၇၊ ၂၀၂၀

COVID-19 ဆိုတဲ့
ကပ်ကြီး ဘေးကြီးနဲ့
တခရီးတည်း သွားကြရတော့မယ်
တယောက်လဲရင် တယောက်ထူမယ့်
ရဲဘော်ရဲဘက်တွေ များများလိုတယ်။

ရှေ့မှာတော့
အစစ အရာရာဟာ ရှားပါးလို့
သောက်စရာ ရေက အစ
ချစ်ခြင်းမေတ္တာ အဆုံး
တခေတ်လုံးအတွက်
အလိုအပ်ဆုံးဟာ ရဲဘော်ရဲဘက်စိတ်ပါပဲ။

ခင်ဗျားဟာ ဘာ လူမျိုးလဲ
ခင်ဗျားဟာ ဘာ ကိုးကွယ်လဲ
ခင်ဗျားဟာ ဘယ်နိုင်ငံသားလဲ ဆိုတာထက်
အားလုံးဟာ လူသားတွေပါပဲလို့ တွေးပြီး
ရှိသလောက် မျှဝေစား
ရှင်သလောက် ယှဉ်တွဲနေ
မသေခင် နေခွင့်ရစဉ် အခိုက်အတန့်မှာ
လူအများအတွက် လူသားဆန်နိုင်ကြပါစေ။

ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းက
သူတပါးကိုလည်း ကာကွယ်ရာ ရောက်မှာပါ
သွားလေရာ လာလေရာ
တခုခုကို ကိုင်တွယ်ထိတွေ့ကြရတဲ့အခါ
ဆေးရုံသုံး လက်အိတ်ကလေးတွေက
တစံုတရာ
အကာအကွယ် ပေးနိုင်ကြလေမလားဆိုတဲ့
ကျနော့်အထင်ကို
ခင်ဗျားတို့ရော ဘယ်လိုမြင်ကြသလဲဗျ။

အောင်မော်ဦး
မတ်၊ ၁၂၊ ၂ဝ၂ဝ။

Comments