သစ်ခက်သံလွင်ကဗျာ- ဝါကျဖြူ ၏ " သတ္ထုအရေခွံများ "

သတ္ထုအရေခွံများ
ဝါကျဖြူ
ဧပြီ ၇၊ ၂၀၁၉
 
မီးရထားခိုးစီးလာတဲ့တစ္ဆေတစ်ကောင်က
မသိစိတ်နယ်ပယ်ထဲကနေ လျှပ်စစ်စီးကြောင်းတွေနဲ့
ကမ္ဘာကြီးရဲ့မျက်နှာကို 
ဆွဲခွာချပစ်နေပါတယ် ။

ပြင်မရတဲ့ နာရီတွေထဲမှာ 
နှစ်ဘဝမြောက်ခိုငှက်တွေ
ကျောက်သားတွေကိုထိုးဆိတ်နေတဲ့
နှုတ်သီးတွေက
ဘဝတွေကို အဖန်ဖန် ရစ်နွယ်ထားတဲ့
တိတ်သားများ ။

တိမ်တွေကို ကော်ဖီတစ်ခွက်စာလိုမျိုး
ဖျော်ပြီးသောက်ပြစ်နေရတယ်
ထမင်းတွေလိုမျိုး 
စားပစ်နေရတယ်
ပုံပြင်တွေဟာ ငါအရေပြားထဲက
စီးကျနေတယ် ။

6/4/19

Comments