သစ်ခက်သံလွင်ကဗျာ- ရိုးတံ(ပုလဲနယ်) ၏ မရောက်ဘူးသေးတဲ့ မနက်ဖြန်

 
www.joan-miro.ne
မရောက်ဘူးသေးတဲ့ မနက်ဖြန်
 ရိုးတံ(ပုလဲနယ်)
သစ်ခက်သံလွင်၊ ဒီဇင်ဘာ ၁၈၊ ၂၀၁၈

ဟောဒီလို
ခင်ဗျားတို့ အာဏာရှင်ဆန်ဆန်
ရှင်သန်မှုကို ရပ်နားခွင့်ရရင် ။

ဟောဒီလို
ခင်ဗျားတို့ ခရိုနီဆန်ဆန်
ဆက်ဆံမှုကို ရပ်နားခွင့်ရရင် ။

ဟောဒီလို
ခင်ဗျားတို့ အတ္တဆန်ဆန်
လက်ခံမှုကို ရပ်နားခွင့်ရရင် ။

ဟောဒီလို
ပြည်သူ့နံရံ ရွဲ့စောင်းစောင်း
တွဲလောင်းကျနေတဲ့ဘဝများ
ခင်ဗျားတို့
ခဏလောက်ဖြစ်ဖြစ် လဲလှယ်နေကြည့်ပေးပါ
အပြောင်းအလဲရဲ့မနက်ဖြန်ကို
အချိန်မတန်ခင် လက်ခံလာပေလိမ့်မယ် ။

ရိုးတံ (ပုလဲနယ်)

Comments