သစ်ခက်သံလွင်ကဗျာ- ဖိုးရွှေညီမှိုင်း ရဲ့ ''သတ်မှတ်ခြင်း''

ficboek.blogspot.com
သတ် မှတ် ခြင်း
ဖိုးရွှေညီမှိုင်း
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၃၊ ၂၀၁၈

အဲဒီ့တချိန်က 
ဆိုးခဲ့ကြ မသေရုံတမည်  
(ဒါ ပေမယ့်လည်း )ပျော် ရွှင်ခဲ့ကြ
"ယုံကြည်ရာ" ဆီ ညီညီညာညာ
ဘဝအဆိုး(သတ်မှတ်ခြင်းအောက်က) အစိတ်အပိုင်း
ဆိုးဖို့ "အဖော်ကောင်း " က နည်းနည်းလေး။

ခုအချိန်ကျ
ကောင်းနေကြ အများအမြင်မှာ
(ဒါ ပေမယ့်လည်း) ဟန်ဆောင်ခြင်းနဲ့
"မယုံကြည်ရာ "တွေ စီကာစဉ်ကာ
ဘဝအကောင်း(သတ်မှတ်ခြင်းအောက်က) အစိတ်အပိုင်း
ကောင်းဖို့ "အ ဖော်ဆိုး" က အများကြီး။

တို့ ပြောနေကျ
"ထားလိုက်စမ်းပါ"
"ဘဝ" မှာ ဘယ်ဟာ "ကောင်း"ပြီး
ဘယ်ဟာ "ဆိုး"တာလဲ သူငယ်ချင်းရေ ...
"မင်းနဲ့ ငါစကား ပြောချင်တယ် "
သူတို့ ပြောတဲ့
" ကောင်းမြတ်ခြင်း" ဆိုတာတွေထဲမှာ 
"ငါ"
"နေ" နေရတာကို "ငါ"ရှက်တယ် ။
-
၂၀၁၈ စက် တင် ဘာ ၁၀

Comments