# စစ် #
# စစ်#
# စစ်#
# စစ်#
# စစ်#
မောင်သစ်ကြည်
မြန်မာပြည်မြောက်ပိုင်းမြေပုံဟာ
ငါ့ နားထင်ဖြစ်နေတယ်။
ကျည်ဆန်တစ်တောင့် အမြဲချန်ထားတယ် ။
ဟစ်တလာနှုတ်ခမ်းမွေးနဲ့တူတဲ့
ငါ့နားထင်ကို ပစ်ဖို့။  ။
မောင်သစ်ကြည်
၂ / ၅ / ၂၀၁၈
-
WAR
 
WAR
 
WAR
The  map  of  northern  Myanmar
is   my  Temple.
Having  always  kept  a  bullet  left.
My  temple  Looking  like  moustaches  of
HITLER.
To  shoot .
Mg  Thit  Kyi.
         
2 / 5 / 2018
2 / 5 / 2018
Translated   by  Nei  Htet  Naing.
…
|  | 
| abstractartexp.weebly.com | 
 အဲ့ဒီ အဖြစ်အပျက်
ဝေယု
အလေ့အကျက်က
ကောင်းပါတယ်
တကယ်တမ်း
အလေ့အကျက်က ကောင်းပါတယ်။
ငွေကိုမြင်ရင် ခင်တွယ်စရာ
လူကို လူတိုင်း
ငွေကိုမြင်ရင် ခင်တွယ်စရာ။
ဂုဏ်ကိုမြင်ရင် တွယ်တာစရာ
ဘယ်သူမဆို 
ဂုဏ်ကိုမြင်ရင် တွယ်တာစရာ။
လူကိုမြင်တော့ မုန်းစရာ
မုန်းအောင်နေတဲ့သူ
လူကိုမြင်တော့ မုန်းစရာ။
လူကိုမြင်တော့ ချစ်စရာ
ချစ်အောင်နေတဲ့သူ
လူကိုမြင်တော့ ချစ်စရာ။
နေရာတကာမှာ
ဉာဏ်ပညာအရေးကြီးပါတယ်
ရှေ့နည်းနည်းတိုးကြည့်
နောက်နည်းနည်းဆုတ်ကြည့်
ဉာဏ်ပညာက အရေးကြီးပါတယ်။
အဖြစ်အပျက်ကမြန်တယ်
ဘာကိုမှ မရိပ်မိလောက်အောင်
အဖြစ်အပျက်က မြန်လှတယ်။  ။
…
|  | 
| Chriss Pagani Art | 
သမာအာဇီဝ
မောင်ရင်ဆု
မောင်ရင်ဆု
လမ်းကိုမြော်မြင်သိအောင်လုပ်ပါ
လူတွေက
လမ်းအသွယ်သွယ်ကနေ
မင်းကိုလက်ရပ်ခေါ်နေကြမယ်
ဘယ်လူကိုရွေးမလဲ
ဘယ်လမ်းကိုရွေးမလဲ
လူတွေက
လမ်းအသွယ်သွယ်ကနေ
မင်းကိုလက်ရပ်ခေါ်နေကြမယ်
ဘယ်လူကိုရွေးမလဲ
ဘယ်လမ်းကိုရွေးမလဲ
ကိုယ့်ကိုကိုယ်
ကိုယ်တိုင်သိအောင်လုပ်ပါ
လူတွေက
မလိုတမျိုး လိုတမျိုး
မင်းကိုဖွင့်ဆိုကြေညာကြလိမ့်မယ်
မင်းဘာလဲ
သူဘယ်သူလဲ
ကိုယ်တိုင်သိအောင်လုပ်ပါ
လူတွေက
မလိုတမျိုး လိုတမျိုး
မင်းကိုဖွင့်ဆိုကြေညာကြလိမ့်မယ်
မင်းဘာလဲ
သူဘယ်သူလဲ
လူလေးရေ
သမာအာဇီဝအာဟာရက
ဦးနှောက်နဲ့
နှလုံးသားမှာ
အမြော်အမြင်ကိန်းဝပ်စေတယ်
သမာအာဇီဝအာဟာရက
ဦးနှောက်နဲ့
နှလုံးသားမှာ
အမြော်အမြင်ကိန်းဝပ်စေတယ်

Comments
Post a Comment