သစ်ခက်သံလွင်ကဗျာ- သုတလင်း(ဆင်ပေါင်ဝဲ)၏ ဆေးရုံ

kr.123rf.com
 ဆေးရုံ
သုတလင်း(ဆင်ပေါင်ဝဲ)
(သစ်ခက်သံလွင်) စက်တင်ဘာ ၁၇၊ ၂၀၁၈
  သောကတွေပေကျံနေတဲ့
မျက်နှာအချို့တွေရှိတယ်။
ကူရာကယ်ရာမရှိတော့
ရှိတဲ့သစ်ပင်လေးကိုအားကိုးတကြီး
ဆွဲကိုင်လိုက်မိတာပဲ။

သူ့အပူကိုယ်အပူမျှရင်း
အကူအညီလိုရင်လည်းမျှလိုက်ကြ။

မေတ္တာတရားနဲ့
နွေးထွေးစွာကြိုဆိုပါ၏တဲ့
ထိုစာတမ်းလေးနဲ့တင်
ရောဂါတစ်ဝက်သက်သာရပါတယ်။

မေတ္တာတရားနဲ့သွယ်တန်းထားတဲ့
ပိုက်ကလေးတွေတန်းလန်း
စီးဝင်လာတဲ့ဆေးစပ်ကလေးတွေနဲ့
ရှေ့ဆက်ဖို့အားတွေရှိခဲ့တယ်။

သုတလင်း(ဆင်ပေါင်ဝဲ)

Comments