သွေး
ဖိုးရွှေညီမှိုင်း
တကယ့်မျက်ရည်စစ်စစ်ဆိုတာကို
သွေးကလုပ်တယ်။
တကယ့်သွေးစစ်စစ်ဆိုတာကို
မျက်ရည်ကလုပ်တယ်။
သွေးမရှိတဲ့အရာမှာ
မျက်ရည်မရှိဘူး။
မျက်ရည်မရှိတဲ့အရာမှာ
သွေးမရှိဘူး။
၂၀၁၇ သြဂတ်စ်
...
ကြွေနေသော ခွေးသွားစိတ်များ
သင်းရည်လွင်
ပါလက်စတိုင်းကို ဂျုးတွေရောက်လာတော့
ကျွန်တော်က ဘာလူမျိုး ဖြစ်မယ်
မသိ
နိုင်ငံရေး တရားတွေ
ကြာကြာနားထောင် ခဲ့တော့
ပျင်းစရာကောင်းတယ်လို့  ယူဆတယ်
ကိုယ့်ကိုတံဆိပ်တခုခု
ဒါ မှမဟုတ်
ဒီ့ထက်ပိုပြီး ဘာတံဆိပ်မ တပ်တာမကြိုက်
ကဗျာတွေ နိုင်ငံရပ်ခြားမှာ
ဝမ်းနည်းမှုကျောက်တုံးမှာ
သေဆုံးသူဂျုးတွေအတွက်ရေးခဲ့ကြ
တချို့က ဝမ်းနည်းပူဆွေခြင်း
ပန်းစည်းတွေ
ဒါပါ ပဲ
ဘာမှမပိုပါဘူး
အကြမ်းဖက်သမားတွေက
လက်နက်တွေစုလို့ 
ငြိမ်းချမ်းသမားတွေကချိုးငှက်တွေ လွှတ်လို့
ကျွန်တော်တို့က
ငယ်တော့
လူကြီးတွေ စကားဝိုင်းကိုအဝေးက ငေးခဲ့ရတယ် ။
* အစ္စရေးကဗျာဆရာ
အမီခိုင်းအတွေးကိုပြန်ရေးသည် ။
၂ ဝ
၁ ၈
...
လူနဲ့ပေါင်မုန့်
လင်းသက်ငြိမ်
ဆူဖြိုးပြီး ဝတုတ်နေကြပုံတွေ
ပိန်ကပ်ပြီး ပြားချပ်နေကြပုံတွေ
ငါဝမ်းနည်းမိတယ်
ငါ့ မျက်လုံးတွေကို မြင်ကွင်းတွေက အလိုမလိုက်ဘူး
ရောင်စုံကားတန်းကြီးတွေ
တဖျပ်ဖျပ်မြည်နေတဲ့ တာယာဖိနပ်တွေ
ဘဝမှာ နည်းစနစ်တကျ ကျရှုံးတတ်ရမယ်တဲ့
တက်ကျမ်းတွေက ပေါပါတယ်
ကျကျမ်းပဲ ရှားရှားပါးပါး
အပေါ်ကိုသာ လှေကားနဲ့တက်ရတာ
အဆင်းက လွယ်လွယ်ကလေးပဲ
ကိုယ်ခံအားနည်းတဲ့ ဂျမ်းတုံးတွေ မလိုချင်ဘူးကွယ်
ပိုက်ဆံမရှိရင် အလိုလို နိဗ္ဗာန်နဲ့ဝေးနေမှတော့
ထူးထူးချွန်ချွန် မိုက်မဲမနေချင်တော့ပါဘူး
အနုပညာကိုလူတွေပဲခံစားတတ်လို့
လူတွေပဲ အနုပညာလို့
တဖွဖွပြောကြတယ် မဟုတ်လား
ပေါင်မုန့်စားပြီးမှ ဖတ်တော့
ကဗျာကောင်းတွေ အများအပြား ငါတွေ့ခဲ့ရတယ်။
ငါဝမ်းနည်းမိတယ်
ငါ့ မျက်လုံးတွေကို မြင်ကွင်းတွေက အလိုမလိုက်ဘူး
ရောင်စုံကားတန်းကြီးတွေ
တဖျပ်ဖျပ်မြည်နေတဲ့ တာယာဖိနပ်တွေ
ဘဝမှာ နည်းစနစ်တကျ ကျရှုံးတတ်ရမယ်တဲ့
တက်ကျမ်းတွေက ပေါပါတယ်
ကျကျမ်းပဲ ရှားရှားပါးပါး
အပေါ်ကိုသာ လှေကားနဲ့တက်ရတာ
အဆင်းက လွယ်လွယ်ကလေးပဲ
ကိုယ်ခံအားနည်းတဲ့ ဂျမ်းတုံးတွေ မလိုချင်ဘူးကွယ်
ပိုက်ဆံမရှိရင် အလိုလို နိဗ္ဗာန်နဲ့ဝေးနေမှတော့
ထူးထူးချွန်ချွန် မိုက်မဲမနေချင်တော့ပါဘူး
အနုပညာကိုလူတွေပဲခံစားတတ်လို့
လူတွေပဲ အနုပညာလို့
တဖွဖွပြောကြတယ် မဟုတ်လား
ပေါင်မုန့်စားပြီးမှ ဖတ်တော့
ကဗျာကောင်းတွေ အများအပြား ငါတွေ့ခဲ့ရတယ်။
The King Casino Hotel | Jamul Casino & Spa
ReplyDeleteThe King Casino Hotel is set 1 mile south of https://jancasino.com/review/merit-casino/ Jamul Casino, 1 MPRC Blvd, Jamul, Georgia. gri-go.com View map. This casino offers a variety of gaming options including https://febcasino.com/review/merit-casino/ slots,