သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ '' နှစ်ဟောင်းနှုတ်ဆက်၊ နှစ်သစ်ကြို ဆောင်းကိုဖွဲ့သည့်ကာရန်များ "
ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၄ )
နှစ်ဟောင်းနှုတ်ဆက်၊ နှစ်သစ်ကြို ဆောင်းကိုဖွဲ့သည့်ကာရန်များ
ကိုနိုင်း
အခုဆိုရင် နှစ်တစ်နှစ်ကုန်ဆုံးချိ န်ကိုရောက်ခဲ့ပါပြီ။ နှစ်တစ်နှစ် ဟာဟောင်းသွားတော့မှာပါ။ ဟောင်းသွား တဲ့ နှစ်တစ်နှစ်အစား၊ နှစ်သစ် တစ်နှစ်ဟာ အစားထိုးဝင်ရောက်လာတော့ မှာပါ။
နှစ်ဟောင်းကိုလွမ်းမောတသြ ဖစ်စွာ နှုတ်ဆက်လိုက်ရပါတော့မယ်၊ နှ စ်သစ်ကို ကြိုဆိုနှုတ်ဆက်ရတော့ မယ် ဆိုပြီး လူတွေအနေနဲ့လွမ်းတဲ့လူေ တွလွမ်းပြီး ပျော်တဲ့လူတွေ ပျော်ေ နကြမှာပါ။ ဒါကလည်း လူတွေ အတွက် ထုံး စံလိုဖြစ်နေခဲ့ကြပါပြီ။ ဒီနေ့ဟာ နှစ်ဟောင်း၊ မနက်ဖြန်ဟာ နှစ်သစ်ဆို တဲ့သတ်မှတ်ချက် တခု မှာ နေ့နှစ်ေ န့မှာ နှစ်,နှစ်နှစ် အပြောင်းအလြဲ ဖစ်သွားတာက စက္ကန့်လေးပဲကွာခြားတာ ပါ။
ဘာတွေထူးခြားပြီးပြောင်းလဲသွားခဲ့သလဲဆိုတာတွေးကြည့်ရင် သိပ် ထူးခြားမသွားဘူးဆိုတာကို တွေ့ရမှာပါ ။ ဒါပေမဲ့ သက္ကရာဇ်တစ်ခုပြောင်းလဲသွားတဲ့ သတ်မှတ်ချက်အပေါ်မှာလို က်ပြီး လူတွေအတွက်လူတွေက ပြောင်း လဲမှုတွေဖန်တီးနိုင်ပါလိမ့်မယ်။ ဒီလူတွေရဲ့ပြောင်းလဲအောင်ဖန်တီး နိုင်မှုအပေါ်မှာ တိုးတက်တဲ့နှစ်၊ ဆုတ်ယုတ်တဲ့နှစ်ဆိုပြီး ခွဲခြား သတ်မှတ်နိုင်ကြမှာပါပဲ။ ကိန်း ဂဏန်းအပေါ်မှာမူတည်ပြီး တွက်ချက် မှုတွေ လည်း ရှိနေကြဦးမှာပါပဲ။ နှစ်တစ်နှစ်ရဲ့အပြောင်းအလဲပေါ်မှာ လူတွေရှုမြင်မှုတွေလည်း ကွာခြားကွဲပြားနေပါ လိမ့်မယ်။ ခေတ်ပေါ်ကဗျာတွေ လည်း အမြင် အမျိုးမျိုး၊ ရှုထောင့် အမျိုးမျိုး၊ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရေးဖွဲ့ကြ တာတွေလည်း တွေ့မြင်ေ နရမှာပါ။
ကျွန်တော်လည်း ပြတင်းတံ ခါးကိုအသာလေးဖွင့်ပြီး နှင်းကျေ နတဲ့ ဆောင်းတွေ၊ နှင်းမကျပဲဆောင်ြး ဖစ် နေတဲ့ဆောင်းတွေ၊ ဒီဇင်ဘာအလွမ်းတွေ၊ ခရစ်စမတ်ညတွေ၊ နှစ်ဟောင်းကို နှုတ်ဆက်ခြင်းတွေ၊ နှစ်သစ် ကို ကြို ဆိုနေခြင်းတွေကို ဇာခန်းဆီးကြား က လိုက်ငေးကြည့်နေမိပါတယ်။
အရင်ဆုံးတွေ့လိုက်တဲ့ခေတ်ပေါ်ကဗျာတစ်ပု ဒ်ကတော့ ”အမှန်တရားဆိုတာ ဆောင်းအတုအောက် ဒူးထောက်ရိုးထုံးစံမရှိ” တဲ့။ ဒီ ကဗျာကို ခေတ်ပေါ်ကဗျာဆရာ “နရီမင်း“ က ရေးဖွဲ့ထားတာပါ။
နှစ်အတော်ကြာအောင်
ဘယ်တုန်းကမှ မဆောင်းခဲ့ဖူးတဲ့
ရန်ကုန်ဆောင်းက
ဒီရက်ပိုင်းမှာမှ လာဆောင်းပြနေတယ်။
အအေးဓာတ်က
ငါတို့ရုပ်ပိုင်းသာမက စိတ်ပိုင်းကိုပါ
ဖြိုချဖို့ ကြိုးစားလာတယ်။
ဇီဝကမ္မဗေဒရဲ့အလိုအရ
စိတ်ဓာတ်က ကျလာတယ်။
ရုရှားရဲ့အအေးဓာတ်က
နာဇီတွေကိုနိုင်ခဲ့တယ်ဆိုတာထက်
နာဇီတွေမှာက
သူတို့သွေးတွေကို ဆူပွက်စေမယ့်
အမှန်တရားမှ မရှိခဲ့တာပဲ။
အမှန်တရားကိုသာ နွှေးလိုက်
ငါတို့သွေးတွေ ဆူပွက်လာရမယ်။
ငါတို့ကို လှောင်ရယ်မယ့် အအေးဓာတ်ဟာ
ပါးစပ်ပိတ်ပြီး မျက်နှာငယ်သွားစေရမယ်။
ရဲဘော်တို့
စိတ်ဓာတ်ကိုမောင်းတင်လိုက်
သစ္စာဖောက်နဲ့ အချောင်သမားတွေကို
တစ်တောင့်ချင်းပစ်ချရအောင်။
ဆောင်းအတုဆိုတာ
ဟောင်ရုံ ဟောင်ပြီး
သွားမပါတဲ့ ခွေးအိုကြီးပါ။
အမှန်တကယ်လဲဆောင်းအစစ်ကိုမတွေ့ ခဲ့ရတာနှစ်တွေကြာခဲ့ပါပြီ။ အအေး ဓာတ်လေးအေးရုံအေးပြနေတဲ့ ဆောင်း ဟာ လူတွေကို လာလှည့်စားသလို လာဆော င်းပြနေတာပါ။ ဒီလောက်အအေးဓာတ်နဲ့ တော့ ကျနေ သယောင်ထင်ရတဲ့စိတ်ဓာတ်ေ တွကို မြိုချပစ်ထားရတဲ့ အမှန်တရားေ သွးတွေကို ပြန်ပြီးဆူပွက်သွားအော င် နွှေးလိုက်တာနဲ့စိတ်ဓာတ်တွေ အြ မင့်ဆုံးတက်ကြွလာပါလိမ့်မယ်။
နာ ဇီတွေလိုအမှန်တရားမရှိတဲ့လူတွေ ကတော့ ဆောင်းရဲ့အအေးဒဏ်အောက်မှာ အသက်တွေပျောက်ပြီး ကျရှုံးခဲ့ရမှာေ ပါ့။ ဒါပေမဲ့ ဒီခေတ်ကြီးကလည်း သစ္စာဖောက်သူတွေ၊ အချောင်သမားတွေေ ပါများနေတဲ့ ခေတ်ကြီးဖြစ်နေပါတယ် ။ ဒါကြောင့်လည်း အအေးဓာတ်လေး ရတယ်ဆိုရုံ ရလာတာနဲ့ အနွေးထည်ထူထူ ဝတ်ပြီး ချမ်းချင်ေ ယာင်ဆောင်နေတတ်ကြပါပြီ။ အမှန်တရားအတွက်မြိုချထားတဲ့သွေးတွေကလည်း အနီရဲ ရဲစွေးမနေတော့ပါဘူး။ အစိမ်းေ ရာင်လိုလို၊ နီသလိုလိုနဲ့ဟန်ဆော င်ဟန်ပြနေကြပါပြီ။ သစ္စာဖောက်သူေ တွ၊ အချောင်းသမားတွေက ဆောင်းအတုကို ဆောင်းအစစ်ပါလို့ ဟန်ဆောင်ကြွား ဝါနေကြပါပြီ။
ဒီအကြောင်းတွေကိုပြန်တွေးမိတို င်းရင်ထဲမှာနာကျင်နေပြီး အခံရခက်ေ နပါတယ်။ ဒါတွေဟာ ဘာကြောင့် ဖြစ်သလဲ ဆိုတာတွေးကြည့်မိရင် ကျွန်တော် တို့ရောက်နေတဲ့နေရာ ရောက်နေရတဲ့ ရာသီ ရောက်နေရတဲ့ လောကကြီးကို က မသိတာကိုသိဟန်ဆောင်နေခဲ့တာတွေ ကိုတွေ့ရမှာပါ။ ပြောမယ်ဆိုရင် ”ဒီ ဇင်ဘာ” ကို ဒီဇင်ဘာမှန်းမသိဟန်ဆော င်နေကြလို့ပါပဲ။ ဒါကိုအသိပေးလို က်တာက ခေတ်ပေါ်ကဗျာဆရာ ”ဒီလူည” ပါပဲ။
ဒီဇင်ဘာဟာ အေးခဲနေတဲ့ ညတွေထဲမှာ မီးလှုံရင်း
တူးဖော်ထားတဲ့ မပုပ်မသိုးခြေရာတွေကို နံပါတ်စဉ်တပ်လို့
နှုတ်ဆက်တေးတွေကလည်း
သူတို့ရဲ့ မအောင်မြင်မှုသီချင်းကိုဆိုရင်း
အနွေးထည်လေးကို နေလှန်းလို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ပျော်ရွှင်မှုတွေအကြောင်းကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ငတ်မွတ်မှုတွေအကြောင်းကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ ရေခဲမှုအကြောင်းတွေကို နံပါတ်စဉ်တပ်လို့
ဒီဇင်ဘာဟာ သူကိုယ်တိုင်မသိတဲ့ အနွေးဓာတ်ထုတ်လွှတ်မှုအကြောင်းတွေ ကိုနံပါတ်စဉ်တပ်လို့
ကိုယ်ရောင်ကိုယ်ဝါ တောက်ပခွင့်မရတဲ့
နောက်ဆုံးခုံတန်းပေါ်က ဗလာစာရွက်တွေဟာ နှင်းတွေကိုစားရင်း
သူ့ရဲ့နာမည်ကို ဒီဇင်ဘာလို့ပေးလိုက်တယ်။
အခုလက်ရှိခေတ်ကြီးထဲကလူတွေကလည်း ကိုယ်နားမလည်တဲ့ခေတ်ကိုနာမည်တွေ အမျိုးမျိုးပေးပြီး နံပါတ် စဉ်တွေ တပ်နေကြသလိုပါပဲ။ နှစ် တစ်နှစ်သာ ကုန်သွားတယ်၊ မပြောင်းလဲတဲ့သီချ င်းကိုဆိုပြီး နှစ်သစ်ကို ကြိုကြေ တာ့မယ်။ နှစ်သစ်မှာဘာတွေဖြစ်လာ မယ်ဆိုတာကို မျှော်လင့်နေကြသူတွေ များတဲ့ခေတ်ကြီးထဲမှာ၊ နှစ်သစ်မှာဘာတွေလုပ်ပေးနိုင်တယ်ဆိုပြီးေ တွးတဲ့လူနည်းပါတယ်။ တွေးခဲ့တာကို လည်း လက်တွေ့ အကောင်အထည်ဖော်တဲ့လူကတော့ မရှိသလောက်ရှားနေတာကိုတွေ့နေရပါ တယ်။
ဒီလိုအမှန်တရားတွေပျောက်ပြီး ဟန်ဆောင်လောကကြီးထဲမှာ ကျွန် တော်တို့ဘယ်လောက်ကြာခဲ့ပြီ လဲ။ ပြန်စဉ်းစားကြည့်ဖို့သတိပေးေ ရးလိုက်တဲ့ ခေတ်ပေါ်ကဗျာတစ်ပုဒ်ကို ဖတ်လိုက်မိပါတယ်။ ဒီကဗျာကိုရေးဖွဲ့  သူကတော့ ကဗျာဆရာ” ဝိုင်းယဉ်နွယ်” ပါ။ ”၇၀ ကျော်ကာလများ” ကိုလှမ်းမျှော်ကြည့်လိုက်မိပါတယ်။ ၇၀ ကျော်ကာ လများဆိုတာလည်း ၁၉၇၀ ခုနှစ်ကစတယ်လို တွေးမိပါတယ်။
ဒီဆောင်းအေးသလား
ဖျတ်ကနဲ ခရီးရောက်မိ
ငယ်ဘ၀နှစ်တွေဆီ။
ပုံထည်အနွေးအင်္ကျီကြီးတွေပေါ်က
ကိုယ်သန်းဖြူဖြူကြီးတွေနဲ့အတူ။
အညာစောင်ကြမ်း
ဂုံနီအိတ်ခပ်နွမ်းနွမ်းတွေနဲ့ အတူ
မန်ကျည်းခွဆုံမီးမွှေး
ကျောပေးလိုက်မျက်နှာမူလိုက်
ခိုက်ခိုက်တုန်နေ့တွေနဲ့အတူ
ကောက်လှိုင်းထုံးနဲ့တဲဆောက်
လယ်စောင့်ညတွေနဲ့အတူ
ကောက်သင်းကောက် ကြွက်လိုက်
ဆဲဆိုအော်ဟစ် ဓလေ့စရိုက်တွေနဲ့အတူ
ဆောင်းကို ငါတို့ကျော်ဖြတ်ခဲ့ကြ။
တလင်းထဲ
နှင်းရွှဲတဲ့လရောင်အောက်
ကောက်ပြန့်ပေါ်ကျွမ်းထိုး
ကောက်ရိုးပုံပေါ်ကခုန်ချ
ငါတို့ငယ်ဘ၀တွေ။
ဒီစပါးတွေ
ငါတို့အကုန်ပိုင်လေတဲ့အတိုင်း
ငါတို့ မငတ်ခဲ့လေတဲ့အတိုင်း
ငါတို့ မဆင်းရဲခဲ့လေတဲ့အတိုင်း
ငယ်ငယ်က
ငါတို့
မသိခဲ့ကြ။
ခုလည်း
ငါတို့
မသိချင်ယောင်ဆောင်နေကြ
အေးချင်ယောင်ဆောင်ချင်နေတဲ့
ဆောင်းအောက်မှာပေါ့။
ဒီဆောင်းအောက်မှာကြီးပြင်းရှင် သန်ခဲ့ရတာ သက္ကရာဇ်ခုနှစ်ဆယ်ကျော် ကတဲ့။ ဒီနှစ်သစ်တွေပြောင်းလဲလာ တဲ့ သက္ကရာဇ်တွေက ၁၉၇၀ လောက် ကဆိုချင် တာပါ။ ငယ်စဉ်ဘဝတွေကကာလတွေမှာ ငါတို့ ပိုင်တယ်၊ ငါတို့မငတ်ခဲ့ဘူး၊ ငါ တို့မဆင်းရဲခဲ့ကြဘူးဆိုပြီး ဟန်ေ ဆာင်နေလာခဲ့ရတာတွေကို ပြန်တွေး ကြည့်လိုက်မယ် ဆိုရင် ၊ သိချင်ယော င်ဆောင်တတ်နေခဲ့တာကြာပါပကောလို့  ရင်နာနာနဲ့စဉ်းစားလိုက်မိပါတယ် ။ ဒီကဗျာကိုဖတ်မိတော့ လောကကြီးမှာ မသိချင်ယောင်ဆောင်တာရော၊ သိချင်ေ ယာင်ဆောင်တာတွေဟာ ဘယ်ဟာမှ မကောင်း ဘူးဆိုတာ တွေးလိုက်မိပါတယ်။
နှစ်တစ်နှစ်ဟာပြီးဆုံးတော့မှာပါ ။ မပြီးဆုံးခင်မှာနှုတ်ဆက်လိုက်တာ ကတော့၊ ခရစ်စမတ်နေ့ကကြိုနှုတ် ဆက် လိုက်ပါတယ်။ ဆောင်း၊ နှင်းဝေချိန် ၊ ဒီဇင်ဘာနဲ့ခရစ်စမတ်နေ့ဟာ အတူယှ ဉ်တွဲရောက်လာတတ် ပါတယ်။ အချိန်ကို က်ပါပဲ။
ခရစ်စမတ်လက်ဆောင် ဆိုတဲ့ ခေတ်ပေါ်လူငယ်ကဗျာဆရာ လင်းခ (မော်လမြိုင်) ရေးတဲ့ ကဗျာတပုဒ်ကို ဖတ် ရှုခံစားလိုက်ရပါတယ်။
လွယ်အိတ်ထဲ၊ လက်ဆောင်တွေအပြည့်သယ်လာ
ခရစ္စမတ်ဘိုးဘိုးနား၊ ချိုင်းထောက်နဲ့ကလေးငယ်တစ်ယောက်
အရောက်သွားခဲ့ရင်း…။
ဟောဒီကမ္ဘာရဲ့နှင်းမြူတွေကြား
ခရစ္စမတ်သစ်ပင်ပေါ်၊ လက်ဆောင်ပစ္စည်းတွေငေး
ပျော်နေတဲ့ ကလေးငယ်တွေရှိသလို
ယမ်းငွေ့တွေအကြား၊ ပေါင်မုန့်နဲ့စာအုပ်ကိုတမ်းတ
မျက်ရည်များနဲ့ကလေးငယ်တွေလည်းရှိ တယ်
အဲဒီလွယ်အိတ်လေးထဲ
ငြိမ်းချမ်းရေးပါရင် ပေးခဲ့ပါလားလို့
ခရစ္စမတ်ဘိုးဘိုးအားပြောလိုက်တယ် …။
ခေါင်းတညိတ်ညိတ်နဲ့၊ ခရစ္စမတ်ဘိုးဘိုး
အရည်ပျော်ကျလာ နှင်းတွေကိုငေးကြည့်နေရင်း
ကလေးရေ၊ တကယ်တော့
ငြိမ်းချမ်းရေးဆိုတာ၊ သားတို့အားလုံးရင်ထဲထည့်ပေးပြီး သား
အားလုံးရင်ထဲရှိပြီးသားပါကွယ်လို့ 
ပြန်ဖြေလိုက်ပါတယ်။
ခရစ္စမတ်ဘိုးဘိုးကြီးရဲ့အဖြေဟာဒီ တိုင်းပြည်သူပြည်သားတွေရဲ့ရင်ထဲ မှာရောက်ပြီးသားပါ။ ရှိလဲရှိနေပြီးသားပါ။ ဒါပေမဲ့ အမေးလွယ်ပေမယ့် အဖြေ ခက်နေတာကိုပြည်သူတွေနားမလည် နိုင်ကြတော့ပါ ဘူး။ တယောက်နဲ့ တယောက်ပစ်ခတ်နေကြတဲ့ လူသတ်ေ နတာတွေရပ်ပြီး ငြိမ်းချမ်းရေးဆို တဲ့ ပြည်သူတွေ မျှော်လင့်ခဲ့တဲ့အရာကို ခရစ္စမတ်လက်ဆောင်အဖြစ်မပေးနိုင်ေ တာ့တဲ့ဘူးလား။ ဒီခရစ္စမတ်မှာယမ်းေ ငွ့တွေ ကြားက ကလေးငယ်လေး ညတွေရဲ့နှ င်းမဝေဘဲ ဝေ့ဆင်းစီးကျနေတဲ့မျက်ရည်တွေကို မသုတ်မပေးနိုင်ခဲ့ တာကိုတော့ေ ကြကွဲမိတယ်။ ဘာပဲဖြစ်ဖြစ် နှစ်တစ်နှစ်ကတော့ ကုန်ဆုံးသွားေ တာ့မှာပဲ။ အစားထိုးရောက်လာမယ့် ၂၀၁၈ နှစ်သစ်ကို ကဗျာဆရာ ရာစု(mgy)ရဲ့”စက်ခေါင်းအမှတ် ၂၀၁၈” ကဗျာ နဲ့ကြိုဆိုလိုက်ပါတယ်။
ရှေ့ခေါင်းတွဲကတော့ ဆွဲနေတာပဲ
နောက်တွဲတွေက တရွတ်တိုက်၊ ကန့်လန့်လိုက်နေသမျှ
ဒီရထားကြီး ခရီးမတွင်တာ မထူးဆန်း
စက်ခေါင်းအမှတ် ၂၀၁၇။
ကုန်းရုန်းဆွဲနေတဲ့ ခေါင်းတွဲ
မီးခိုးတွေတောင် မည်းညစ်လို့၊ လိုရာရောက်ဖို့ ကြိုးစားရင်း
တလိမ့်ခြင်း လိမ့်နေရတဲ့ ဒီရထား၊ စက်ခေါင်းအမှတ် ၂၀၁၇။
စပြီးထွက်လာထဲက
ပြင်လိုက်ရတဲ့ သံလမ်းအစုတ်၊ ဇလီဖားတုံးအပြုတ်တွေနဲ့
အရှိန်မတင်နိုင်တဲ့ ဒီရထား၊ စက်ခေါင်းအမှတ် ၂၀၁၇။
ငါးနှစ်တာခရီးအတွက်
ရှေ့ဆက်ပြီး မောင်းရအောင်၊ တွဲတချို့ကို ဖြုတ်လိုက်
ခပ်သွက်သွက်လေးခုတ်မောင်းလို့၊ စက်ခေါင်းအမှတ် ၂၀၁၈။
ကျွန်တော်တို့အိပ်မက်တွေ ဆက်ပြီး မက်နေပါဦးမယ်။ ဒီနှစ်ဟော င်းအိပ်မက်တွေထဲကနေ နှစ်သစ်မှာ နိုးထ နိုင်ပါစေ။
ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာများ
၁။ နရီမင်း(အမှန်တရားဆိုတာ ဆောင်းအတုအောက် ဒူးထောက်ရိုး ထုံးစံမရှိ)၊ Min Lwin ဖေ့ဘုတ်၊ ဒီဇင်ဘာ ၂၀၁၇။
၂။ ဒီလူည (ဒီဇင်ဘာ)၊ မိုးမခအွန်လို င်း၊ ဒီဇင်ဘာ ၂၀၁၇။
၃။ ဝိုင်းယဉ်နွယ်(၇၀ ကျော် ကာလများ)၊ Ko Wine Yin New ဖေ့ဘုတ်၊ ဒီဇင်ဘာ ၂၀၁၇။
၎။ လင်းခ(မော်လမြိုင်)(ခရစ္စမတ် လက်ဆောင်)၊7 Day Daily၊ ၂၃ ဒီဇင်ဘာ ၂၀၁၇။
၅။ ရာစုသစ် mgy(စက်ခေါင်းအမှတ် ၂၀၁၈)၊ သူရိယနေဝန်းဂျာနယ်၊ ၂၃ ဒီဇင်ဘာ ၂၀၁၇။
-
The Sun Rays Journal, Vol-1, No-180, Dece 30, 2017
Comments
Post a Comment