သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ရဲ့ 'ခေတ်ဆိုးကြီးထဲက ထွက်လာတဲ့ကာရန်များ'

ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၄၀ )

ခေတ်ဆိုးကြီးထဲက ထွက်လာတဲ့ကာရန်များ
ကိုနိုင်း


ကျွန်တော်တို့ခေတ်ဆိုးကြီးကိုအလွန်အင်မတန်မှခက်ခဲစွာကျော်ဖြတ်ခဲ့ရပါတယ်။ နှစ်တွေကြာရှည်စွာခံစားခဲ့ ရတဲ့ခေတ်ဆိုးကြီးရဲ့အဖြစ်အပျက်ဆိုးတွေကို ပြန်တွေးမိရင် ရင်ထဲမှာနာကျင်ခဲ့ရပါတယ်။ အခုအချိန်ထိလဲ နာကျင်ကြေကွဲနေရတုန်းပါ။ 

လူတွေကို လူတွေလို့မထင်အောင် ရက်စက်ကြမ်းကြုပ်ခဲ့တဲ့ စစ်အာဏာရှင်၊စစ်ဘီလူးတွေဟာ အခုအချိန်ရောက်မှ လူဟန်ဆောင်နေပါသေးတယ်။ လူဟန်ဆောင်ချင်ရင် လူဆိုတဲ့စိတ်လေးကိုနည်းနည်းမွေးမှ လူဟန်ဆောင်လို့ရပါလိမ့်မယ်။ ဘီလူးမျက်နှာဖုံးကိုချွတ်လိုက်ရုံနဲ့တော့ လူ့စိတ်ပေါ်တဲ့ လူမျက်နှာလို့ မမြင်နိုင်ပါဘူး။ လူဟန်ဆောင်ထားတဲ့ မျက်နှာတွေဟာ အတ္တအစွယ်တွေငေါထွက်နေပါတယ်။ တိုင်းပြည်ကိုဖျက်ပြီးမှ တိုင်းပြည်ပြန်တည်ဆောက်တဲ့အချိန်မှာတိုင်းပြည်အကျိုးကိုပြုချင်တဲ့စေတနာတွေကိုမယုံနိုင်ပါဘူး။ တိုင်းပြည်ကိုဖျက်ဆီးပစ်ခဲ့တာ အခုအချိန်မှနောင်တရပါပြီဆိုရင် တိုင်းပြည်ပြန်တည်ဆောက်မယ့်လူတွေထဲမှာပါဝင်ချင်တယ်ဆိုရင် တိုက်ကြီးတွေအပေါ်မှာဇိမ်ခံနေခဲ့ရတဲ့ဘဝတွေကို စွန့်ခဲ့ပါ။ မြေကြီးပေါ်ဆင်းရဲဖို့က သတ္တိရှိဖို့တော့လိုပါလိမ့်မယ်။ 

တိုင်းပြည်ရဲ့သယံဇာတတွေခိုးဝှက်ယူငင်ထားတဲ့ ပိုင်ဆိုင်မှုတွေကိုတိုင်းပြည်နဲ့ပြည်သူတွေအကျိုးအတွက် ပြန်ပြီးအသုံးပြုနိုင်ပါ့မလား။တိုင်းပြည်ကိုခေတ်ဆိုးကြီးနှစ်ခေတ်စလုံးမှာ ဖျက်ဆီးနိုင်သမျှဖျက်ဆီးပြီး ယူနိုင်သမျှယူခဲ့တဲ့အတွက် ပြည်သူတွေဘယ်လောက်ဒုက္ခတရားကို ရင်ဆိုင်ခဲ့ရတယ်ဆိုတာ ပြည်သူတွေမေ့ဖျောက်ထားလို့မရနိုင်ပါဘူး။

ဒီလိုမေ့ဖျောက်မရနိုင်တဲ့အကြာင်းကိုခေတ်အပေါ်မှာတာဝန်ကျေတဲ့ခေတ်ပေါ်ကဗျာတွေက ရေးနေပါလိမ့်မယ်။ ရေးနေပါဦးမယ်။ အခုဖော်ပြချင်တာက၂၀၁၇ နိုဝင်ဘာလ မိုးမခအွန်လိုင်းမီဒီယာထဲမှာ ခေတ်ဆိုးရဲ့ခံစားမှုတွေကိုနာကျင်စွာရေးဖွဲ့လိုက်တဲ့ ကဗျာဆရာ ကမ်လူဝေး ရဲ့ သစ်ခုတ်သမားလူငယ်များဆိုတဲ့ ကဗျာရှည်တစ်ပုဒ်ပါပဲ။ ခံစားကြည့်စေချင်ပါတယ်။

                    (၁)

၁၉၈၈ ခုနှစ် မှာ ငါက အသက် ၁၉ နှစ်
အသက် ၁၉ နှစ် ဆို တော့ လူငယ် လေး ပေါ့။

(၂)
         နေ့ တွေက တရက် တရက် ကုန် သွားသလို
အသက် တွေက တရက် တရက် ကြီးလာခဲ့ကြ။

ငါတို့ဟာ ခေတ် ရဲ့ပေးထားချက် အတိုင်း အသက် ရှင် ခဲ့ရ
သမဝါယမဆိုင် က ခွဲတမ်းရတဲ့ပစ္စည်း တွေ
အ မေနဲ့အတူထုတ် ရောင်း ဟင်း ကောင်းစားရတဲ့ နေ့ တွေ
အ ဖေက ရောင်းရင် ရှုံးတဲ့ ပရုပ် အေး ဒူးယားစီးကရက် ကိုဖွာလို့
သား ရေ စာ ကောင်း ကောင်းဖတ် ကွ
ပညာတတ် မှဖြစ် မယ် လို့ဆုံးမတယ်
ပညာ တွေတကယ် တတ် ခဲ့သလား
ကျူရှင် ကို နှိမ် နင်းတဲ့ခေတ် မှာ
ကျူရှင် တွေတက် ရင်း တက္ကသိုလ် ရောက် ခဲ့ရ
ငါတို့ ဘေးမှာ တော၊ နံပါတ် ဖိုး တွေ ကော် မီသာဇင် တွေဝိုင်းလို့
ဖန် စီဒီုင်းလည်းပါသ ပေါ့။

ဒါဟာ ပထမခေတ်ဆိုးကြီးလို့ပြောရမယ့် တစ်ပါတီအာဏာရှင်ခေတ်ကို စဖွဲ့ပြလိုက်တာပါ။ 
တိုင်းပြည်ကိုအုပ်စိုးသူအာဏာရှင်တွေရဲ့လောဘအတ္တတွေကြောင့် ပြည်သူတွေဆင်းရဲမှုတွေကြုံခဲ့ရပါတယ်။ မိဘတွေရဲ့ဒုက္ခရောက်မှုတွေကြောင့် သားသမီးတွေပါ ဘဝအခြေအနေ ပျက်ဆီးခဲ့ရပါတယ်။ ပြည်သူတွေရဲ့ဆင်းရဲကြပ်တည်းမှုကို အခွင့်ကောင်းယူပြီး မှောင်ခိုခေတ်ကိုထည့်သွင်းလိုက်သလို၊ စီမံခန့်ခွဲသူတွေရဲ့စိတ်တွေထဲကိုလည်း လောဘ အတ္တမှောင်ခိုခေတ်ကို ရိုက်သွင်းလိုက်တာပါ။

                    (၃)

တရက် မှာ ပေါ့
အ ဖေနဲ့ငါနဲ့၊ ပိုက် ဆံထုတ် က လေးပိုက် ပြီး
         ကြွေးရှင် ဆီ ကြွေးဆပ် ဖို့အသွား
ထိတ်လန့် စရာ ကောင်းတဲ့ ကြေညာချက်၊ ရေဒီယိုက ထွက် လာတယ်
တရားဝင် ထုတ် ထားတဲ့ ငွေစက္ကူ တွေဟာ
တရားမဝင် တော့ဘူးလို့ အာဏာသုံးပြီးပယ် ဖျက် ခံခဲ့ရ
ငါတို့က မွဲ နေရာက တေသွားတယ်
ဆင်းရဲတွင်းမှာ ကြွေးလည် ပင်း ရောက် တဲ့ဘဝက တက် မရနိုင်ဖြစ် ခဲ့
မတရားမှုကို နိုင်သ လောက် ဆန့် ကျင် ဖို့
ငါသိနားလည် ဆုံးဖြတ် ခဲ့။

(၄)

ငါတို့ဟာ ခေတ် က ပေးထားချက် အတိုင်း
         တော် လှန် ရေးဆိုတာကိုကြုံရတယ် ၊ လူထုအုံကြွမှုဆိုတာ တွေ့ရတယ်
ဆန္ဒပြပွဲ တွေ ပါရတယ် ၊ ပစ် ခတ် မှု တွေ သွေးသံရဲရဲ တွေ
လုယက် မှု မလုံခြုံမှု တွေ ရင် ဆိုင် ရတယ် ။

ပိတ် ထားတဲ့ ကျောင်း တွေ
ပညာသင် ကြားမှုနဲ့ မဆိုင် တော့ဘူးထင် ရတဲ့ ကျောင်းသား တွေ
ပြိုပျက် ဖျက် စီးခံရတဲ့ အနာဂတ် တွေ
         ဆောက် တည် ရာမရ ဘဝအ ခြေအ နေ တွေ၊ ရင် ဆိုင် ဖြတ် သန်းခဲ့ရ။

ခေတ်ကြီးတစတစပျက်စီးလာပုံကို ကဗျာဆရာကရေးဖွဲ့ပြသွားတာပါ။ မဆလတစ်ပါတီအာဏာရှင်ခေတ်ဆိုးကြီးမှာ ပြည်သူတွေကြုံတွေ့ခဲ့ရတဲ့အဖြစ်ဆိုးတွေကြောင့် အာဏာရှင်စနစ်ကိုတော်လှန်ဆန့်ကျင်မှုတွေ ပေါ်ပေါက်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့အုံကြွမှုတွေဟာစနစ်ကျခဲ့တယ်ဆိုပေမယ့် အာဏာရှင်တွေက ပိုပြီးပရိယာယ်ကြွယ်ခဲ့ပါတယ်။ စနစ်ကျတဲ့အုံကြွမှုကို စနစ်ကျစွာဖြိုခွဲနိုင်ခဲ့ပါတယ်။ အဲဒီလိုစနစ်တကျဖြိုခွဲမှုကို ပြည်သူတွေနဲ့အတူကျောင်းသားလူငယ်တွေပါ ခံခဲ့ရပါတယ်။ ဘဝတွေပါ အဖျက်ခံခဲ့ရပါတယ်။

                    (၅)

ခင် ဗျားတို့ နားလည် နိုင် ပါ့မလား
         သေနတ် နဲ့ အပစ် ခံရမည့်  လူအုပ် ကြီးထဲ
မိုက် မိုက် မဲမဲ ပါဝင် ရဲခဲ့တဲ့စိတ် ကို၊ ကံဆိုးရင် တော့ ကျည် ဆံဟာ
ရင် ဝမှာ မှန် နိုင် တယ် ဆိုတဲ့ အ တွေးနဲ့၊ ငါတို့က လူငယ် လေး တွေ
         ရှေ့က တက် ခဲ့ပါတယ် ။

(၆)

         ပေးထားချက် အမှား တွေနဲ့ ပုစ္ဆာဟာ
         ဖြေရှင်းတွက် ချက် ရာမှာ၊ အမှန် တရားဆီ မ ရောက် နိုင်မှန်း
ငါတို့ မစဉ်းစားမိခဲ့။

ငါတို့ဟာ မ အောင် မြင် တဲ့ တော် လှန် ရေးအတွက်
အသက် ပေးခဲ့မိကြ
ငါက ကံ ကောင်းလို့ ဘာမှမဖြစ် ခဲ့၊ ငါ့မြို့က သူငယ် ချင်း ကျော် ဇေယျ
စာဆက် မသင် ခဲ့ရ ထောင် ကျ၊ တောထဲမှာခိုနား
အခု တော့ အ မေရိကမှာ ဆူရှီလိပ် စား နေရ
ငါ့တို့ ကျောင်းက အကို လျော မွေး
ရန် ကုန် မြို့ လမ်းမ ပေါ်မှာ အသက် ပေးခဲ့ရ
ငါတို့ဘာ တွေရ ရှိခဲ့ ပါသလဲ
လုပ် သင့် လို့ လုပ် ခဲ့ကြတဲ့ သမိုင်း ပေးတာဝန် ကို
ပုခုံးနဲ့ထမ်းခဲ့ကြတဲ့ မျိုးဆက် တခုဖြစ် ခဲ့
နာကျင် မှု တွေ အသက် တွေ၊ ဘဝ တွေ အရည် အ သွေး တွေ
အချိန် တွေ ရှိတာ တွေအားလုံး ပေးခဲ့ကြရ။

မဆလဆိုတဲ့ခေတ်ဆိုးကြီးကို တိုက်ဖျက်လိုက်တဲ့အချိန်မှာပဲ မဆလအာဏာရှင်စနစ်ဆိုးထက်ပိုဆိုးတဲ့ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ထိပ်တိုက် ရင်ဆိုင်လိုက်ရပါတယ်။ ဒီအချိန်မှာလဲ စစ်အာဏာရှင်စနစ်ဆိုးကြီးကို ဦးခေါင်းနဲ့ပြေးဝင်တိုက်ပြီး ဦးခေါင်းမှာသွေးရှင်ရှင်ကျခဲ့ရတာ ကျောင်းသားလူငယ်တွေ အများဆုံးပါပဲ။ ဒီလို စစ်အာဏာရှင်ဆန့်ကျင်တဲ့တော်လှန်ရေးမှာ ပါခဲ့ကြသူတိုင်းမှာ ကြေကွဲစရာမှတ်တမ်းတွေရှိခဲ့ပါတယ်။

                    (၇)

ငါ့တို့ရဲ့အဆုံးအရှုံး တွေဟာ
ငါတို့ကိုယ် တိုင် ကြောင့် ပါပဲ၊ ငါတို့မှာ ဖြူစင် မှုနဲ့
မတရားမှုကို ဆန့် ကျင် စိတ် ကလွဲလို့
ငါတို့ရဲ့သိမှုက နည်းခဲ့၊ ငါတို့ရဲ့သိမှုဟာ လွဲခဲ့
         နောက် ဆုံး တော့ စိတ် ခံစားချက် နောက် ကိုလိုက်
လွယ် လွယ် အလိမ် ခံထိတဲ့၊ လူအုပ် ကြီးဖြစ် ခဲ့။

(၈)

         ထောင် ထဲမှာ ဦး နှောက် ကို
ဆေး ကြော လျှော် ဖွတ် ခံပြီး ပြန် ထွက် လာတဲ့၊ ငါ့ရဲ့ သူငယ် ချင်း
သူ့ရဲ့ ကြောက် လန့် တုန် လှုပ် မှုက၊ ငါ့ကို နာကျင် တုန် လှုပ် စေခဲ့။

ပြောရရင်စစ်အာဏာရှင်ခေတ်မှာအဆိုးဆုံးကတော့ စစ်ထောက်လှမ်းရေးတွေ တနိုင်ငံလုံးကို လက်ဝါးကြီးအုပ်ပြီး စိုးမိုးချယ်လှယ်နေတဲ့ကာလပါပဲ။ ၈၈ အရေးတော်ပုံမှာတက်ကြွစွာပါဝင်ခဲ့တဲ့ကျောင်းသားမှန်သမျှ စစ်ထောက်လှမ်းရေးတွေဟာဖမ်းဆီးပြီးစစ်ကြောရေးမှာ လူမဆန်စွာနှိပ်စက်၊ ထောင်သွင်းအကျဉ်းချ ထင်တိုင်းကြဲနေကြတော့တာပါပဲ။ အဲဒီအချိန်ကာလတွေကိုတော့ ဘယ်သူမှမေ့ဖျောက်ပစ်လို့ရနိုင်မယ်မထင်ပါဘူး။ ကျောင်းသားတိုင်းရဲ့အနာဂတ်ကိုဖျက်ဆီးပစ်ခဲ့တာပါ။ ၈၈ မျိုးဆက်တွင် မဟုတ်ပါဘူး။ ၈၈ နောက်ပိုင်းမျိုးဆက်တွေကိုလည်း နိုင်ငံရေးစိတ်ဓာတ်ပျောက်အောင် နည်းမျိုးစုံဖန်တီးခဲ့ကြပါတယ်။ အခုအချိန်ထိ ၈၈ နောက်ပိုင်းမျိုးဆက်တွေဟာ နိုင်ငံရေးစိတ်ဓာတ်ပျောက်နေပါပြီ။

          `        (၉)

         ထောက် လှမ်း ရေးက
မင်း နောက် ကိုလိုက် နေတာ ၂ ရက် ရှိပြီ ညီ လေးတဲ့
ရပ် ကွက် လူကြီးက သတိ ပေးတယ် ၊ သိပ် မကြာပါဘူး
တက္ကသိုလ် ဆက် တက် ဖို့ အ ရေး၊ နိုင်ငံ ရေးနဲ့ ဝေး ဝေး နေပါ့မယ် လို့
ခံဝန် ကတိ ရေး လက် မှတ် ထိုး ပေးခဲ့ရ။

(၁၀)

ထူးအိမ် သင် ရဲ့ သီချင်း၊ အ ရေးကြီးပြီ ညီ နောင် အ ပေါင်းတို့ ဆိုမိလို့
         ထောင် ကျခဲ့တဲ့ သူငယ် ချင်း၊ အခုမင်းဘယ် ရောက် နေသလဲ၊ ငါသတိရမိပါရဲ့။
ကမ္ဘာမ ကြေဘူး သီချင်းဆိုလို့၊ထောင် ထွက် ဖြစ် ခဲ့တဲ့ သူငယ် ချင်း
         ထောင် ကိုချစ် လို့များ၊ ထောင် နားက မခွာ
         ထောင် ဆရာဝန် လုပ် နေ လေရဲ့။

(၁၁)

ပြည် တော် ပြန် ဝင် လာတဲ့၊ ငါ့ရဲ့ အကိုကြီးက ပြောရဲ့
လက် နက် ကိုင် တော် လှန် ရေးရဲ့ အရှုံးဟာ၊ ပြည် သူ တွေကို နစ် နာ စေခဲ့ သတဲ့
အရှုံး တွေအားလုံးဟာ၊ နစ် နာစရာ တွေပါပဲ
ဘယ် တုန်းကများ အ ကောင်းဖြစ် ခဲ့နိုင် မှာလဲလို့၊ ငါ နာနာ ကျင် ကျင် ပြန် ပြောဖြစ် ခဲ့။

မြေပေါ်မှာ နိုင်ငံရေးလှုပ်ရှားတဲ့ကျောင်းသားလူငယ်တွေရော၊ တဘက်နိုင်ငံနယ်စပ်ကိုသွားပြီး လက်နက်ကိုင်တော်လှန်ရေးဆင်နွဲတဲ့ကျောင်းသားလူငယ်တွေပါ မျှော်လင့်ချက်တွေအားလုံး ဆုံးရှုံးခဲ့ရတာပါပဲ။ ဒီအနာါတ်အတွက် ကျောင်းသားလူငယ်တွေကိုဆုံးရှုံးလိုက်ရတာဟာ ပြည်သူတွေအတွက် အရမ်းနစ်နာမှုကြီးတခုပါ။


                    (၁၂)

ငါတို့က သစ် ခုတ် သမား တွေတဲ့၊ တချို့က သစ် ခုတ် ရင်း သစ် ပင် ပိလို့ သေတယ်
တချို့က တော တောင် ထဲ သစ် ခုတ် ရင်း၊ငှက် ဖျား မိလို့ သေတယ် ၊
မ သေလို့ ကျန် ခဲ့သူ တွေက၊ ဒဏ် ရာဒဏ် ချက် တွေ ကိုယ် စီ။

(၁၃)

ဒဏ် ရာ တွေကို မေ့ထားတာ၊ မေ့သွားတာမဟုတ် ဘူးလို့ တချို့က ပြော ပေမဲ့
ကိုယ် ကျိုးစီးပွားအတွက် မေ့ထား၊ ကိုယ် ကျိုးစီးပွားအတွက် မေ့သွား၊ လူ တွေဟာ အတ္တသမားလို့၊ ငါ့သူငယ် ချင်း ပြောရဲ့။

(၁၄)

အ ပြောင်းအလဲအ ကြောင်း ပြော တော့၊ ပြောင်းဖို့က အားရှိမှ၊ အားရှိဖို့ စာ တွေဖတ်
ပညာ တွေအများကြီးတတ် ဖို့ကြိုးစားခဲ့။

တဘွဲ့ပြီး တော့တဘွဲ့တက် ၊အထူးကုဆရာဝန် ကိုယ် စီဖြစ် ခဲ့
စနစ် ကိုပြင် ဖို့ ဝေး၊ ကိုယ် အပြင် မခံရဖို့ထွက် ပြေး
ငါ့သူငယ် ချင်း သီဟ ရေ၊ စင်ကာပူမှာ သမား တော် ဘဝ ပျော် ပါရဲ့လား
ငါလည်း မင်းလို၊ ဝန် ထမ်းဘဝကနှုတ် ထွက် ၊လူနာ တွေ ဆေးကုစားရင်း
         ပျော် အောင် ကြိုးစား အပြင် မခံရ အောင် ၊ ခံစစ် လုံ အောင် ကစား နေရပါတယ်

ပြင် ချင် လို့ဝင် ပေမဲ့၊ ဝင် တဲ့သူသာအပြင် ခံလိုက် ရတဲ့ဇာတ် လမ်း
အဆန်းတကြယ် မဟုတ် မှန်း၊ ဖြတ် သန်းမှုက သိခဲ့ရ။

(၁၅)

ပြန် ရခဲ့တာက၊ မ အောင် မြင် တဲ့ တော် လှန် ရေး
မပြီး သေးတဲ့ တော် လှန် ရေး၊ သစ္စာ ဖောက် များ၊ တော် လှန် ရေးရဲ့သစ္စာ ဖောက် များ
တ နေ့တခြား များလာတဲ့ တကိုယ် စာသမားများ
အရိုး တောင် လိုပုံ အောင် အ သေခံ ထမ်းတင် ခဲ့တဲ့ ပြည် သူများ
ငတ် နေတဲ့ပြည် သူကို ကျောခိုင်း၊ အကျိုးတူ စီးပွားထဲ ဘဝ မေ့ ခေါင်း ဆောင် များ
လူလိမ် နောက် လိုက် ခပ် ပိန်းပိန်း လူအုပ် ကြီးများ။

(၁၆)

         တော် လှန် ရေးက သူရဲ ကောင်း တွေ မွေးဖွား၊ မ အောင် မြင် တဲ့ တော် လှန် ရေးက
သစ္စာ ဖောက် တွေကို ပွားများ၊ ငါတို့ မျိုးဆက် မှာ၊ သူရဲ ကောင်း တွေများတယ် ၊သစ္စာ ဖောက် တွေများတယ် ။

(၁၇)

ဘုရားသခင် ပေးတဲ့လက် ဆောင် က လေးငယ် တွေအတွက်
         ကောင်းမွန်တဲ့လူ့ဘောင် ထူထောင် မပေးနိုင်၊ ပေးဆပ်ခဲ့သလောက် ပြန်မရခဲ့
ဝမ်းနည်းစရာမျိုးဆက်အဖြစ် နဲ့၊ ငါတို့ဟာ လက်ရုန်းကိုဆန့်တန်း
         ခေတ်ကြီးကို တာဝန်ကြေအောင်ထမ်းခဲ့၊ သစ်ခုတ်သမားလူငယ်များဖြစ် ရဲ့။          ။

ဒီနေ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို ကဗျာဆရာက မီးမောင်းထိုးပြသွားပါတယ်။ ၈၈ နောက်ပိုင်းမှာ ကျောင်းသားလူငယ်တွေက အတွေးအခေါ်တွေဝေဝါးနေကြပါတယ်။ ၈၈ အရေးတော်ပုံကာလမှာ စစ်အာဏာရှင်စနစ်ကိုတော်လှန်ခဲ့တဲ့ကျောင်းသားလူငယ်တွေကတော့ သစ်ခုတ်သမားတွေလို ခေတ်ကိုတာဝန်ကြေခဲ့ပါတယ်။ ဒါပေမဲ့လည်း တာဝန်ကြေခဲ့တဲ့ခေတ်ကြီးဟာ အခုအချိန်မှာတော့ ပြောင်းလဲမှုအရွေ့ကို သိသိသာသာမပြနိုင်သေးတာတော့ အင်အတန်စိတ်ပျက်ဝမ်းနည်းစရာကောင်းပါတယ်။

           ဘာပဲဖြစ်ဖြစ် ခေတ်ဆိုးကြီးကို ခေတ်ပေါ်ကဗျာရှည်တစ်ပုဒ်နဲ့မှတ်တမ်းတင်နိုင်ခဲ့တဲ့ကဗျာဆရာကိုတော့ ချီးကျူးရမှာအမှန်ပါပဲ။ဒီထက်တင်ပြချက်ကောင်းတဲ့ခေတ်ကိုမှတ်တမ်းတင်တဲ့ခေတ်ပေါ်ကဗျာရှည်တွေထွက်ပေါ်လာနိုင်ပါစေ။

ကိုနိုင်း
ခံစားသုံးသပ်မိသောကဗျာရှည်
၁။ ကမ်လူဝေး(သစ်ခုတ်သမားလူငယ်များ)၊ မိုးမခအွန်လိုင်းမီဒီယာ၊ နိုဝင်ဘာလ ၂၀၁၇။
 -
The Sun Rays Journal, Vol-1, No-176, Dece 2, 2017

Comments