သစ်ခက်သံလွင် ကဗျာသုံးသပ်ချက်၊ ကိုနိုင်း ၏ ' သက်တော်ရှည်ကဗျာဆရာကြီးများရဲ့ခေတ်ပေါ်ကာရန်များကို ခံစားကြည့်ခြင်း '
ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၃၉ )
ကိုနိုင်း
ဒီလဟာစာဆိုတော်ကြီးများကိုသတိရတဲ့ အနေနဲ့စာဆိုကြီးတွေရဲ့ကျေးဇူးကို အမှတ်တရပူဇော်ကန်တော့တဲ့ လ ဖြစ်ပါ တယ်။ ကျွန်တော်လည်း ကဗျာစာပေလောကမှာ သက်တော်ရှည်ကဗျာဆရာ၊ အယ်ဒီတာကြီး တွေကို သတိရတဲ့အနေနဲ့ သူတို့ရေးသားနေတဲ့ ခေတ်ပေါ်ကဗျာတွေကို ခံစားမိပါတယ်။
ကျွန်တော်တို့လည်း ဒီကဗျာဆရာကြီးတွေရေးတဲ့ခေတ်ပေါ်က ဗျာတွေ၊ ဒီကဗျာဆရာကြီးတွေတည်းဖြတ်ခဲ့ ကြတဲ့မဂ္ဂဇင်းတွေကို ဖတ်ရှုလေ့လာအတုယူရင်း ကြီးပြင်းလာခဲ့ရပါတယ်။ သက်ရှိထင်ရှားရှိနေတဲ့ ခေတ် ပေါ်ကဗျာဆရာကြီးတွေ ရှိနေပါသေးတယ်။ ကျွန်တော်ရဲ့ ဒီပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့် ကဗျာ ခံစားမှု ဆောင်းပါးမှာ ဒီကနေ့အထိ မဂ္ဂဇင်းတွေမှာပါနေပြီးရေးနေတဲ့က ဗျာဆရာကြီးတွေ၊ အယ်ဒီတာကြီး တွေရဲ့ကဗျာတွေကို လက်လှမ်းမှီသလောက်ခံစားမိခြင်ြး ဖစ်ပါတယ်လို့ အရင်ပြောချင်ပါတယ်။
အရင်ဆုံးခံစားကြည့်ချင်တဲ့ ကဗျာကတော့ နိုဝင်ဘာလထုတ်၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း မှာပါတဲ့ဆရာကြီး မောင်သင်းခိုင် ရဲ့” မေရီအင်တွိုင်းနက်ကိုသတိရတယ်” ဆိုတဲ့ ကဗျာပါ။
(၁)
အေဒီ ၂၀၁၃
အကြွေးဆိုတာ ဆပ်ကြရမှာပဲ
စားစရာမရှိ လျော်စရာရှိသလိုပေါ့လေ
အကြွေးတွေ မြန်မြန်ကျေအောင် ခင်ဗျားတို့ဆပ်ကြပါ
ထမင်းတနပ် လျှော့စားမယ် မိသားစုအလိုက် လျှော့စားမယ်
ဥပုသ်စောင့်တဲ့သဘောပေါ့ ဥပုသ်စောင့်တဲ့သဘောပေါ့
ကြွေးရှင်းကြွေးကင်းသွားမှာ သေချာတာပေါ့ မဟုတ်လား
ကြွေးမရှင်း ကြွေးမကင်းရင် သံသရာဝဲက
မလွတ်နိုင် မကျွတ်နိုင်
နောင်ဘ၀ဆက်တိုင်းဆက်တိုင်းမှာ ခင်ဗျားတို့
ကျွန်ဖြစ်နေလိမ့်မယ်
လှေလှော်ရင်း ရေငတ်၊ ကြွေးလည်ပင်းပတ်၊ကြွေးမဆပ်နိုင် ကြတဲ့
တောင်သူလယ်သမားတွေကို လယ်ဆည်ဝန်ကြီးဆိုသူက
မိန့်ခွန်းခြွေလိုက်တဲ့စကား
ဇာတ်သမားပြန်ရင် မှတ်သားစရာ ကျန်တယ်ဆိုသလိုမျိုး
ကျွန်တော်တို့ပြည်သူများအမှတ်တရ မှတ်ထားကြရပါတယ်။
ဒီစကားတွေ၊ ဒီအဖြစ်တွေဟာကျန်ခဲ့ပါပြီဆိုေ ပမယ့်၊ အုပ်စိုးသူအာဏာရှင်တွေက ဘယ်တော့မှမစဉ်းစား မဆင်ခြင်ပဲ ပါးစပ်ထဲရှိရာပြောချလိုက်တဲ့သေ ဘာပါပဲ။ ငါပြောရင် အမှန်ဆိုတဲ့အာဏာရှင်စရိုက်ကိုေ တွ့ခဲ့ရ ပါတယ်။ ဒီလိုစရိုက်ရှိတဲ့ လူအန္ဓတွေက တိုင်းပြည်ကိုအုပ်ချုပ်မှတော့ ပြည်သူတွေကျွန်ဖြစ်ရပြီပေါ့။ ဒါကို ဆရာကြီးမောင်သင်းခိုင်က အခုလိုဆက်ရေးသွားပါတယ်။
အုပ်စိုးသူ လူတန်းစားတိုင်းဟာ
အအုပ်စိုးခံ ပြည်သူလူထုကို မစားရ ဝခမန်း
မက်လုံးတွေ အာလူးပေးတတ်ကြသလို
ခြောက်လုံး လှန့်လုံးတွေနဲ့လည်း ဟောက်စားတတ်တယ်
ငရဲနဲ့ခြောက် ဘုံနဲ့မြှောက်သလိုမျိုး မဟုတ်လား
ခုကြည့်လေ ကြွေးမကျေရင် သံသရာထဲကမလွတ်နိုင်
မကျွတ်နိုင် ဘဝဆက်တိုင်း ကျွန်ဖြစ်နေလိမ့်မယ်တဲ့လေ
ကျွန်တော်တို့ ပြည်သူတွေနဲ့ တောင်သူလယ်သမားထုကြီးဟာ
ဝက်ဖြစ်နေမှတော့ ( ဟို … ဒင်းကို) မကြောက်နိုင်ကြတော့ဘူး
သန်းခေါင်ထက် ညဥ့်မနက်တော့ဘူး
အမှောင်မှာ ကျင့်သားရနေပြီ
နောင်ဘဝဆက်တိုင်းမှာ ကျွန်ဖြစ်ကြရဦးမယ်တဲ့၊ ဖြစ်ပါစေ
ကျွန်တော်တို့ ရှင်ကြီးဝမ်းကိုလည်း ဝင်ခဲ့ဖူး
ရှင်ငယ်ဝမ်းကိုလည်း ဝင်ခဲ့ဖူးပြီ
ကျွန်တော်တို့ အင်္ဂလိပ်ကျွန်ဖြစ်ခဲ့ဖူးပြီ
ဂျပန်ကျွန်လည်း ဖြစ်ခဲ့ဖူးပြီ
၁၉၆၂ ခုကစပြီး ကျွန်တော်တို့တတွေ စစ်ကျွန်ဖြစ်ခဲ့ရပြီ
သံသရာမှာ ကြွေးမကျေလို့ ကြွေးမဆပ်နိုင်လို့
ကျွန်ဖြစ်မယ်ဆိုရင်လည်း ကျွန်ဖြစ်ပါစေ
သံသရာမှာ ကျွန်ဖြစ်ရတာဟာ
စစ်ကျွန်ဖြစ်ရတာထက် အဆရာထောင် ကောင်းပါသေးတယ်။
ကျွန်တော်တို့ပြည်သူတွေ အားလုံးဟာစစ်အာဏာရှင်ရဲ့စစ်ကျွ န်ဖြစ်ခဲ့ရသလို၊ ဆင်းရဲခြင်းသံသရာမှာ ကျွန် ဖြစ်အောင်လည်း စစ်အာဏာရှင်တွေတွန်းပို့လိုက်တာ ပါပဲ။ လူကိုလူလိုသိတဲ့နယ်ချဲ့ကျွန်ြ ဖစ်ခဲ့ရတာမှ တော် ပါသေးတယ်။ လူကိုလူမှန်းမသိ၊ လူကိုလူလို့မသတ်မှတ်၊ လူကိုလူ့အတန်း အစားမှာမထားတဲ့ ဖက်ဆစ်ကျွန်၊ စစ်အာဏာရှင်ကျွန်တွေဖြစ်ခဲ့ရတာ လူဖြစ်ကျိုးရှုံးခဲ့ရပါတယ်။
ကဗျာဆရာကြီးမောင်သင်းခိုင်ကတော့ သူ့ရဲ့ထုံးစံအတိုင်း ခေတ်ပေါ်ကဗျာကိုတော်လှန်ရေးအမြင် နဲ့ အမြဲ ရေးနေပါတယ်။ ဒီကဗျာမှာလည်း တော်လှန်ရေးအမြင်အတွေးတွေ ပေးထားပါတယ်။
(၂)
အေဒီ ၁၇၈၉
ပြင်သစ်ပြည်သူတွေက၊ ဗာဆေး(လ်)နန်းတော်ကြီးကို ဝိုင်းပြီး
ပေါင်မုန့်ပေးပါ .. ပေါင်မုန့်ပေးပါလို့၊ ဆန္ဒပြတောင်းဆိုခဲ့ကြတယ်
လူဝီ (၁၆)ရဲ့မိန်းမ၊ ထီးသုံးနန်းသုံးဟန်နဲ့ပြောရရင်
လူဝီ(၁၆)ရဲ့ မိဘုရားခေါင်ကြီး၊ မေရီအင်တွိုင်းနက် ဆိုတဲ့ဗီလိန်မက
ပေါင်မုန့်မရှိရင် ကိတ်မုန့်စားပေါ့တဲ့
ခနဲ့တဲ့တဲ့ မဲ့တဲ့တဲ့ ရွဲ့ပြီးပြောလိုက်တဲ့စကား၊ သမိုင်းမှာ လွှတ်လှပသွားတယ်။
အငတ်ဘေးကျရောက်သူတွေရဲ့၊ ငတ်ရင်းမသေ တိုက်ရင်းသေကြမယ့်
ပြင်သစ်တော်လှန်ရေးသမားတွေရဲ့ဒီရေ၊ ပါရီမြို့ကိုလွှမ်းသွားတယ်
လူဝီ (၁၆)နဲ့၊ စကားကို တောင်လိုမောက်ခဲ့တဲ့
မေရီတွိုင်းနက် ဆိုတဲ့ဗီလိန်မ၊ ပြည်သူတွေရှေ့မှောက်
ဓားစက်အောက်မှာတော့ သူမလင်နဲ့အတူ
နှစ်ယောက်စလုံး အသက်ပျောက်သွား။
ကဗျာဆရာကြီးရဲ့တော်လှန်ရေးအမြင် ကို ဟိုဘက်ခေတ်အထိပါအောင် ဆွဲထည့်သွားပါတယ်။ မေရီတွိုင်းနက်ဟာ ပေါင်မုန့်မရှိရင် ကိတ်မုန့်စားလို့ ပြောလိုက်တဲ့စကားကိုခနဲ့နဲ့တဲ့ တဲ့ ရွဲ့တဲ့တဲ့ပြောတာလို့ သုံးသွားေ ပမယ့်၊ အပေါ်ဆုံးမှာနေတဲ့အုပ်ချုပ် တကယ်မသိတာလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့နိုင်ငံက လယ်ဆည်ဝန်ကြီးပြောလိုက်တဲ့ စကားလိုပေါ့။ အသိဉာဏ်မရှိပဲ၊ ဘာအတွေးအခေါ် မှမရှိပဲအုပ်ချုပ်သူတက်လုပ်နေတော့ ခက်တော့တာပေါ့။
ဒါနဲ့ဆက်စပ်ပြီးတွေးမိတဲ့ခေတ်ေ ပ်ါကဗျာတပုဒ်ကတော့ ကဗျာဆရာကြီး မောင်အောင်ပွင့် ရေးလိုက်တဲ့ “မပြည့်ဝ လူ”ကဗျာပါပဲ။ ခံစားကြည့်ပါ။
သူ့ခမျာ
အသိဉာဏ်က အရေးမကြီးတော့တာကြာပြီ
ဖိနပ်တိုက်တဲ့ ၀က်မှင်ဘီးလေးက လက်တွေ့အသုံးတည့်သတဲ့လေ
အသိဉာဏ်ထက် စည်းစနစ်က အရေးကြီးတာလား
နွားရိုင်းနဲ့လူနဲ့ တိုက်ပွဲ
လူစွမ်း လူစ ကြိုးပမ်းအားထုတ်မှု တိုးတက်မှုတွေ
ယုံကြည်ရမှန်း သူမသိ
သူဟာ လူအဖြစ်က အဝေးဆုံးထွက်ပြေးသွား
၁ ၂ ၃ ၄ အမှတ်စဉ် ၃ ၂ မှာရပ်တန့်သွား
ကြောက်စရာကိုချည်း တွေးနေရင်
ကြောက်စရာက သတ်လိမ့်မယ်။
အသက်ရှင်ဖို့ အသက်ကိုရင်းရ
သေမင်းက နောက်ကျတယ် ဘယ်တော့မှ မရှိဘူး
စောပဲ ခေါ်တတ်တယ်
သင်္ခါရ မမြဲဘူးဆိုတာကော
မမြဲတာထက် မမြဲတော့ဘူး ကိုယ့်လူ။
အသိဉာဏ်မရှိသူတွေက လူအဖြစ် အဝေးဆုံးကိုထွက်ပြေးသွားရတာပါပဲ ။ ဒါပေမဲ့ လူအဖြစ်က ထွက်ပြေး သွားတဲ့ ငရဲသားတွေက ငရဲပြည်မှာ ဆက်ပြီးအုပ်ချုပ်နေဦးမယ်ဆိုရင် ခက်လှချည်ရဲ့။ အဲဒီလူအဖြစ်က ထွက်ပြေးသွားရသူတွေကလည်း အသက်ပိုရှည်တတ်ပါတယ်။ သူတို့အတွက် သင်္ခါရကို ငွေကြေးနဲ့ဝယ်ယူ နေကြတာကြောင့် သက်ဆိုးပိုရှည်နေကြပါတယ်။ မရှိပြည်သူ လူဆင်းရဲတွေမှာတော့ ရောဂါပေါင်းစုံကိုဒုက္ခ နဲ့ဝယ်ယူေ နရသလိုပါပဲ။ ကုစရာနတ္တိနဲ့အသေစောရတော့တာပါပဲ။ လူဆင်းရဲတွေအမြဲရင်ဆိုင်နေရတာကေ တာ့ အသက်ရှုနေရဖို့ ခက်ခက်ခဲခဲ ရင်ဆိုင်နေရပါတယ်။ တခါတလေ စစ်ပွဲမရပ်ခင် အသက်ရှုရပ်ခဲ့သူတွေ လည်း အများကြီးရှိနေပါတယ်။ ဒါကို ကဗျာဆရာကြီး သစ္စာနီက ၂၀၁၇ အောက်တိုဘာလမှာ ထုတ်တဲ့ ခေတ်ပေါ်ကဗျာစာအုပ် မိုနာလီဇာ ၂၉ မှာ ဒီလိုရေးခဲ့ပါတယ်။
စစ်မရပ်ခင် အသက်ရှုရပ်ခဲ့သူတွေ
ချိုးဖြူကိုလောင်တဲ့ညှော်နံ့
သေနတ်သံက သားချော့တေး
မြေကိုညှစ်ရင် သွေးဖြစ်လောက်ရဲ့။
ရောမဟီမြစ်က တရားသံ
နားလျှံခဲ့တာ ကြာခဲ့ပေါ့။
ငြိမ်းချမ်းရေးဆိုတာ
အဝိဇ္ဇာဥယျဉ်မှာ မပွင့်တဲ့ပန်းဖြစ်တယ်။
မိုနာလီဇာကိုဖတ်ကြည့်ပြီးခံစားပါ။ ဘဝပေါင်းမြောက်မြားစွာကတွေးနေတဲ့ အသိဉာဏ်တွေကိုမြင်ရမှာပါ။ စစ်မရပ်ခင်အသက်ရှုရပ်ခဲ့သူတွေဆို တဲ့ဖွဲ့နွဲ့မှုကိုကြည့်ရင်လည်း ခေတ်ကပြောပြတဲ့ဘဝတွေကို တွေ့နေရပါ တယ်။ အဝိဇ္ဇာဥယျာဉ်မှာတော့ ငြိမ်းချမ်းရေးပန်းတွေ မပွင့်နိုင်ပါဘူး။ ဒါပေမဲ့ အတ္တ၊ လောဘ၊ မောဟနဲ့ ဒေါသပန်းတွေကတော့ အပြိုင်းအရိုင်းပွင့်နေကြမှာပါပဲ ။ သေနတ်သံကြားမှ အိပ်ပျော်တဲ့လူအန္ဓတွေ အတွက်ကတော့ စစ်ပွဲတွေကို စာရွက်ပေါ်မှာ တိုက်ပွဲတွေ ဖန်ဆင်းနေဦးမှာပါ။
ဒီလူ့အန္ဓတွေစာရွကင်ပေါ်မှာဖန်ဆင်းထားတဲ့ ဘဝစစ်ပွဲတွေကြောင့် လူစစ်တွေ ငရဲ ပြည်ကို ရောက်နေခဲ့ ရပါတယ်။ ဒီဒုက္ခတွေကို မာန်မချပဲတောင့်ထားနိုင်မှ စစ်မရပ်ခင် အသက်ရှုမရပ်ပဲရှင်သန်နိုင်မှာပါ။ ၂၀၁၇ နိုဝင်ဘာလထုတ် ဖက်ရှင်မဂ္ဂဇင်းထဲက ကဗျာဆရာကြီး ဖျာပုံနီလုံဦး ရဲ့ “တောင့်ထား” ကဗျာကို ခံစား လိုက်ကြပါစို့။
ယုံကြည်မှုလွန်ကဲလွန်းရင်
ခေါင်းမှာ ဆံမွှေးတစ်ပင်တောင်
မကျန်ရစ်တော့ဘူး။
အားကိုးမှုစောလွန်းတော့လည်း
သစ်တစ်ပင်ကောင်း
ငှက်တစ်သောင်းနားတယ်ဆိုတာ
ရှက်စရာတောင်ဖြစ်လာပြီ။
ယုံကြည်အားကိုးပြီးမှ
အတွင်း အပြင်
မြေပေါ် မြေအောက်
ကုန်းကောက်စရာမရှိမှပဲ
နောင်တနဲ့မျက်ရည်
ဖြေမဆည်ဖြစ်ခဲ့ရ
အချိန်တွေ ဆုံးရှုံးခဲ့ပြီနော်။
နောင်တကို သက်သေထူ
နမူနာ သင်ခန်းစာယူလို့
တို့များ အချစ်တွေ ပုံနေတဲ့
ဧရာဝတီမြစ်ဆုံအရေးကိုတော့
ဘေးမသီ ရန်မခစေဖို့
မာန်မချလေနဲ့
ရဲဘော်တို့ရေ … တောင့်ထားကြစို့။
ဒီခေတ်ပေါ်ကဗျာထဲက ကဗျာဆရာကြီးအားတင်းထားဖို့တိုက် တွန်းသလိုပါပဲ။ သက်တော်ရှည် ခေတ်ပေါ် ကဗျာဆရာကြီးတွေလည်း ဒီထက် သက်တမ်းဆက်ရှည်ပြီး၊ ခေတ်ပေါ်ကဗျာတွေဆက်ရေး နိုင်အောင် တောင့်ထားကြပါလို့ ဂါဝရပြုရင်း ဆုတောင်းလိုက်ပါတယ်။
ကိုနိုင်း
ဂါဝရပြုရင်း ခံစားမိသော ခေတ်ပေါ်ကဗျာဆရာကြီးများ
-
၁။ မောင်သင်းခိုင်(မေရီအင်တွိုင်း နက် ကိုသတိရတယ်)၊ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း၊ နိုဝင်ဘာ ၂၀၁၇။
၂။ မောင်အောင်ပွင့်(မပြည့်ဝ လူ)၊ Lon Ma Nyein Chann ဖေ့ဘုတ်၊ နိုဝင်ဘာ ၂၀၁၇။
၃၊ သစ္စာနီ(မိုနာလီဇာ ၂၉)၊ ကြာပွင့်စာပေ၊ အောက်တိုဘာ ၂၀၁၇။
၎။ ဖျာပုံနီလုံဦး(တောင့်ထား)၊ ဖက်ရှင်မဂ္ဂဇင်း၊ နိုဝင်ဘာလ ၂၀၁၇။
-
THE SUN RAYS JOURNAL VOL-1, NO-175, Nov-25, 2017
Comments
Post a Comment