သစ်ခက်သံလွင် ကဗျာ၊ ဒီလူည၊ တိမ်ညိုမင်း နှင့် ဉာဏကျော်တို့၏ကဗျာများ

graffuturism.com
ဘုရားနားကလိပ်တွေ
ဒီလူည

ငါဖူးတဲ့ဘုရားမှာ လိပ်တွေမွေးထားတယ်

လိပ်တွေကအရွယ်အစားမျိုးစုံ
ဒါပေမဲ့
အများစုက အရွယ်အစားကြီးတဲ့လိပ်ကြီးတွေပဲ

ဘုရားဖူးလာသူတွေက
ဘုရားဖူးပြီးတာနဲ့လိပ်တွေဆီသွားကြ
ပေါက်ပေါက်ဆုပ်တွေဝယ်ပြီးလိပ်တွေကိုကျွေးကြ
မိဘတွေက သူတို့ကလေးတွေကို
လိပ်တွေမြင်အောင်ချီပြကြ

ကလေးတွေကလိပ်တွေကြည့်ရတာသဘောကျလို့
ပြီးတော့
လိပ်တွေဆီအစာပစ်ကျွေးရတာကိုလည်း သဘောကျလို့

အစာကိုရှာဖွေစားသောက်စရာမလိုတဲ့ဘုရားနားကလိပ်တွေဟာ
ရေလယ်မှာလုပ်ထားတဲ့ကျွန်းတုလေးပေါ် တက်လိုက်
ရေထဲဆင်းလိုက်။နောက်
ဘုရားဖူးတွေကျွေးတဲ့အစာကို စားလိုက်

အပူအပင်မရှိတဲ့ဘုရားနားကလိပ်တွေဟာ ဆူဖြိုးလာ
လိုတဲ့အချိန်စားသောက်နိုင်တဲ့ဘုရားနားကလိပ်တွေဟာ
ကြီးမားလာတဲ့ခန္ဓာကိုယ်ကြောင့်သွားမှုလာမှုကနှေးလာ

ရုံသွင်းပြသလို လိပ်ကန်ရှေ့မှန်ပုံးလေးလည်းဝင်လာမစဲ တသဲသဲနဲ့
ငါလည်းဘုရားဖူးပြီးလိပ်တွေကိုကြည့်နေမိတယ်။ 
 
14.8.17
….
newmexicomercury.com
 လပြည့်ည
တိမ် ညိုမင်း

လမင်းကြီးကိုကြည့်ချင်တယ်
အပြင်ကိုလည်းမထွက် ရဲဘူး
သေနတ်သံကြားတိုင်းဝပ်နေရ
မေ မေ ရေ...
သားလွယ်အိတ်လေးထဲမှာ
ကျောင်းစာတွေလည်း
အသံမဲ့ နေတာကြာပြီ..။
 
AliExpress.com
ကြယ် ငါးပုံပြင်
ဉာဏ ကျော်

ကောင်းကင်ပေါ်ခုန်တက်သွားတဲ့ငါးတွေနဲ့
ပင်လယ်ထဲကြွေကျသွာတဲ့ကြယ်တွေကို
တယုတယရေတွက် ကြည့်ဖူးတယ်
အိပ်မက်လား...စိတ်ကူးလား..
ဝေဝေဝါးဝါးဆန် လွန်းပါတယ် 

မကြာလိုက်ပါဘူး
ခုန်တက်သွားတဲ့ငါးတွေပြန်ကျလာတယ်
ကြွေကျသွားတဲ့ကြယ်တွေပြန် တက်သွားတယ်
ဟော...တက် သွားပြန်ပြီ
ဟော...ကျသွားပြန်ပြီ
ခုန်တက်လိုက် ..ပြန်ကျလိုက်
ကြွေကျလိုက် ...ပြန် တက်လိုက်နဲ့
ငါးနဲ့ကြယ် ...ကြယ်နဲ့ငါးကစားတဲ့ပွဲ
ကျွန်တော်အတော် စိတ်ပျက်လာတယ်
တကယ်တော့..ကျွန်တော်ဟာ
အမြဲတမ်းခုန်တက်သွားတဲ့ငါးတွေရယ်
အမြဲတမ်းပြန်တက်သွားတဲ့ကြယ်တွေရယ် ဖြစ်ချင်ခဲ့တာ
အဲ့ဒီ မျှော်လင့်ချက်တွေနဲ့ ကျွန်တော့်အိတ်ကပ်ထဲက
ကြယ် ငါးအရုပ်လေးကိုကျစ်ကျစ်ပါအောင်ဆုပ်
လမ်းမပေါ် ငေးမောစွာရပ်ရင်း
အားပါးတရအရိုင်းဆန်ပစ်လိုက်တယ်
ငါးလည်းငါးမပီသသလို
ကြယ်လည်းကြယ်မပီသတဲ့လောကကို
ကျွန်တော်အရမ်းမုန်းတယ် ။    



Comments