သစ်ခက်သံလွင် ကဗျာ၊ မောင်ထိန်လင်း(မြို့သာ)၊ နေလွဏ်းအိမ်၊ မိုးညဖြူ(တွံတေး)နှင့် ရာမညမင်းငြိမ်းချမ်းတို့၏ ကဗျာများ
ဖာနေကျ ဖောက်သည်
မောင်ထိန်လင်း(မြို့သာ) 
ဂါဗိုက်ကြီးနဲ့ဆော်တော့ 
နိုင်ငံတော်ခမျာ ဖင်ဟောင်းလောင်းပေါ်သွားရတယ် 
လက်မှာ အညစ်အပတ်တွေ ပေပွ 
မသန့်စင်ဘဲ စေတနာဗလပွနဲ့ ရာဇပုလ္လင်၊ 
ဓမ္မပုလ္လင် ဝင်ဆေးကြတော့
ပွတ်လေ မည်းလေ ပွတ်လေ မည်းလေ 
လေပါတယ် 
အဖွင့်အခမ်းအနား မိုးပျံပူဖောင်းတွေ 
လေပါတယ် 
မြင်းထိန်းငတာတွေ 
လေပါတယ်
လိုင်စင်ရဂျိမ်းစ်ဘွန်းတွေ 
လေပါတယ် 
ငါ့စကားနွားရတွေ
လေပါတယ်
နိုင်ငံတော်သံဖရိန်ပါးပါးလေး 
၂၀၀၈ ကန်ထရိုက်ဆောက် 
သံဖရိန်လေး မိုးမှန် လေမှန် 
ဂဟေတို့ရာမမြဲ 
စေတနာရှင်တွေက 
လက်ထဲက ဂါဗိုက်ကြီးနဲ့ ဆော်တော့ 
အရည်ပျော်ကျ မျက်နှာမရတဲ့ ကိန်း 
ကူညီရမလဲ….တဲ့
ငြိမ်ငြိမ်လေး ထိုင်နေကြပါ 
လက်မည်းကြီးနဲ့ 
မျက်နှာရှေ့ ဝဲဝဲမလာပါနဲ့။ 
(ဂါဗိုက်= ကာဗိုက်= carbide gas= သံကို အရည်ဖျော်ကာ ဂဟေဆော်တဲ့နည်း)
၂၅.၁၀.၂၀၁၇
…
|  | 
| www.webdesignerdepot.com | 
ကဗျာဆိုတဲ့အရာ
နေလွဏ်းအိမ်
ကဗျာဆိုတာ
ကလေးကစားစရာမဟုတ်ဘူး
ကဗျာဆိုတာ
အလေ့ကျပေါက်တဲ့ပန်းမဟုတ်ဘူ
ကဗျာဆိုတာ
သေပြီးမှဖုတ်ပြန်ဝင်တဲ့
သွေးစုတ်ဖုတ်ကောင်မဟုတ်ဘူး
ကဗျာဆိုတာ
လင်ကောင်မပေါ်ပဲမွေးတဲ့ကေ
ကဗျာဆိုတာ
ဦးခေါင်းမရှိတဲ့လူမဟုတ်ဘူ
ကဗျာဆိုတာ
အိပ်တန်းမတတ်တဲ့ငှက်တကောင်မဟုတ်ဘူး
ကလေးကစားစရာမဟုတ်ဘူး
ကဗျာဆိုတာ
အလေ့ကျပေါက်တဲ့ပန်းမဟုတ်ဘူ
ကဗျာဆိုတာ
သေပြီးမှဖုတ်ပြန်ဝင်တဲ့
သွေးစုတ်ဖုတ်ကောင်မဟုတ်ဘူး
ကဗျာဆိုတာ
လင်ကောင်မပေါ်ပဲမွေးတဲ့ကေ
ကဗျာဆိုတာ
ဦးခေါင်းမရှိတဲ့လူမဟုတ်ဘူ
ကဗျာဆိုတာ
အိပ်တန်းမတတ်တဲ့ငှက်တကောင်မဟုတ်ဘူး
ကဗျာဆိုတာ
ဆရာဝန်တွေဥပေက္ခာပြုထားတဲ့လူ
ကဗျာဆိုတာ
အနာဂတ်ရဲ့ အမှန်တရားပဲ
ကဗျာတွေမှာ သစ္စာရှိတယ်
ကဗျာတွေမှာ ဘုရားရှိတယ်
ကဗျာတွေမှာ ဗြဟ္မဝိဟာရ တရားတွေရှိတယ်
ကဗျာတွေဟာ မလိမ်ဘူး မညာဘူး
ကဗျာတွေဟာ အာဏာရှင်မဆန်ဘူး
ကဗျာတွေဟာ လူသားခြင်းမခွဲခြားဘူး
ဟေ့.....................
ကဗျာဆိုတာ လမင်းမဟုတ်ရင်တောင်
ကြယ်တွေထက်တော့နှိမ့်မသွား
…
|  | 
| mulpix.com | 
 ဆာလောင်ခြင်း
လှောင်အိမ်ထဲကလွတ်တဲ့ ငှက်တကောင်လို
ငါတို့ ဟာ အတောင်ပံတွေစုံခဲ့
ခြေဆန့်ပျံသန်းနေရတဲ့ဝေဟင်ထဲ
လောကဓံဟာကြမ်းသလား
ဒါလည်း ငါတို့ မသိခဲ့ ။
ကျောက်ပေါက်မာတွေနဲ့ မျက်နှာစာထက်မှာ
ပျာပန်းခတ် လှုပ်ရှားနေတဲ့ ဘဝတွေ
ဝေဟင်ကိုကြည့်ပြန်တော့
အိပ်တန်းပျံ ငှက်တစ်အုပ်
လှုပ်လီလှုပ်လဲ့ နီယွန်းမီရောင်စုံနဲ့ 
ညနေခင်းဟာ အမောဖောက်နေလေရဲ့။
ငါတို့ ခုန်ချလိုက်တဲ့ချောက်ကမ်းပါးဟာ
ဘဝတွေတဖဲ့ဖဲ့တအိအိ ပြို ဆင်း
ရေကြည်ရာမြက်နုရာ ရှာနေဆဲ အလင်းတန်းမှာ
လိပ်တစ်ကောင်လို တွားသွားနေရ
ဆင်ခြေလျှောမရှိတဲ့ တောင်ကုန်းတွေလို
ဒုတိယဘုရားသခင်ကိုမှ ကိုးကွယ်နေကြ
ဆာတယ်ဆာတယ် ဘာကိုဆာလောင်နေကြရတာလဲ
ထမင်းဆာတာလား
ရေဆာတာလား
လောဘမောဟတွေလား
အကုသိုလ်လား
ကုသိုလ်လား
ငါတို့ အဖြေရှာကြည့်တော့
ဝိရောဓိတွေထဲ စုန်းစုန်းမြုပ်သွားခဲ့ ။
…
|  | 
| www.pinterest.com | 
ညစာ
ရာမညမင်းငြိမ်းချမ်း
ရာမညမင်းငြိမ်းချမ်း
ဓာတ်ကြိုးပေါ်
ခိုနဲ့စာငှက်တွေ
အပူအပင်ကင်းကင်း နားခိုနိုင်။
ဒုတိယဘုရားသခင်ကိုသုံးပြီး
မျက်နှာဖုံးစွပ်များက
အတ္တအတွက်အမြတ်ထုတ်။
အိမ်နိမ့်စံငှက်တွေ
လှောင်အိမ်ထဲနစ်မွန်း
ညစာအတွက်
တဖြည်းဖြည်းအသက်ရှကြပ်လာ။
မှိန်ပျပျလဆန်းရက်
ဓူဝံကြယ်ရဲ့အလင်း
တင်းကြပ်နေတဲ့ညကို
အကြောမလျော့နိုင်။

ကဗျာလေးတွေ နေရာတစ်နေရာ ရကြပြီ။
ReplyDeleteကဗျာလေးတွေ နေရာတစ်နေရာ ရကြပြီ။
ReplyDelete