ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၂၈ )
ခေတ်ပြကွက်ကာရန်များ
ကိုနိုင်း
ပြတင်းတံခါးကိုဖွင့်လိုက်တာနဲ့ ၂၁ ရာစုခေတ်ကိုလှမ်းမြင်လိုက် ရတယ်။ ဒီ ၂၁ ရာစု ခေတ်ကြီးထဲမှာ မြန်မာ ပြည်မြေပုံလေးက သေးသေးငယ် ငယ်လေးပါ။ ဒါပေမဲ့ ဒီသေးငယ်တဲ့မြေ ပုံထဲမှာ အသံပေါင်းစုံကြား နေရ တယ်။ မြန်မာပြည်အနောက်ဖက်က ကမ်းရိုးတမ်းဒေသ သေးသေးလေးမှာ ကမ်းခြေကိုတိုက်ခတ်လာတဲ့ မုန်တိုင်းက စည်းရိုးကိုချိုးဖျ က်ဖို့ ကြိုးစားနေသံတွေ။ ဒဂုန်တာ ရာရဲ့ လေနုအေးကိုအစွန်းရောက် အကြမ်းဖက်သမားတွေက ဓားတွေနဲ့ ပို င်းဖြတ်လိုက်တော့ ငြိမ်းချမ်းနေတဲ့မနက်ခင်းတွေ တစစီလွင့်စင် သွားတယ်။ ပြေးကြ လွှားကြ ရှောင်ကြ ပုန်းခိုကြတဲ့အသံတွေ။
နောက် မြန်မာပြည်မြောက်ဖျားတောင်တန်းေ တွပေါ်က သေနတ် သံတွေ၊ ဗုံးခွဲသံတွေ။ ဟိုဘက်နဲ့ ဒီဘက် ပစ်ခတ် သတ်ဖြတ်သံေ တွ ကလည်း မတိတ်နိုင်သေး။
မြန်မာပြည်ကြီးငြိမ်းချမ်းအောင် ၂၁ ရာစုပင်လုံညီလာခံထဲမှာတော့ တိ တ်ဆိတ်နေတယ်။
သူသတ်ကိုယ်ပြေး၊ သူပြေးကိုယ်သတ် နဲ့ အလစ်ချောင်းတိုက်ခိုက်ခဲ့တဲ့သတ် သူနဲ့ပြေးသူတွေက အပစ်ရပ် စားပွဲေ ပ်ါထိုင်နေကြတယ်။ သွေးမစီးတဲ့လက် အချင်းချင်း လက်ဆွဲနှုတ်ဆက်နေတဲ့  လက်တွေက အေးစက် ခဲလို့။
မြို့ပြနဲ့ ကျေးလက်တွေမှာလည်း လယ်လုပ်သူလယ်ေ ပျာက်နေတဲ့ အသံတွေ၊ စက်ရုံတွေထဲ က ထွက်လာတဲ့ ထမင်းငတ်နေတဲ့ အသံ တွေ၊ တရားရုံးမှာမြင်တွေ့နေရတဲ့ မတရား ဥပဒေကို စိတ်ပျက် ညည်းညူနေတဲ့ အသံေ တွ၊ မြို့လယ်ခေါင်မှာ ဓားပြတိုက် သွားတဲ့ အသံတွေ၊ လူသတ်နေတဲ့အသံတွေ ၊ လုယက်မှုဆိုတာ ထမင်းစား ရေသောက်ေ လာက်ပါပဲလို့ ကြောက်ရွံ့တုန်လှုပ်ေ နတဲ့အသံတွေ၊ တရားဥပဒေစိုးမိုးမှု ဟာ ကြောက်ခေတ်ကိုရောက်နေပြီလား။
ပြတင်းတံခါးဖွင့်ပြီး တွေးနေမိတယ် ။
တွေးနေရင်းအပြင်ဖက်ကကျီးအော်သံေ တွကြားလိုက်ရတယ်။ ဒီကျီးကန်းတွေ ဘယ်သူ အော်ခိုင်းတာ လဲ၊၂၀၁၇ သြဂတ်လ၊ မိုးမခ မဂ္ဂဇင်း ထဲက ကျီးကန်းအော်သံတွေပေါ့။ အော်ခို င်းသူက ကဗျာ ဆရာ နေထက်နိုင် ဆိုသူပေါ့။
ငါတို့ ကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့တူနေတယ်။
ဘာပဲ ဖြစ်ဖြစ် နှစ်ဆယ့်လေးနာရီ ကျီးကန်းတွေလို
အော်နေကြတယ်၊နှစ်ဆယ့်လေးနာရီလော က်ပဲ
ဝိုင်းအော်ကြတယ်။
မကြာခင်က မီဒီယာလောကထဲမှာဝိုင်းအော်သလို အော်ခဲ့ကြတဲ့ ကျီးကန်းတွေကို မထင်မှတ်ပဲသတိရ လိုက်တယ်။
လက်ဖက်ရည်ခွက်ထဲက ယင်ကောင်သေတွေအတွက်
ကျီးတွေလို ဝိုင်းအာခဲ့တယ်။
ငါတို့ဟာ ကျီးကန်းအဖွဲ့အစည်းမဟုတ်ဘူး
ကျီးကန်းတွေက ကဗျာမဖတ်ဘူး
ငါတို့က ကဗျာဖတ်တယ်။
ဒီနေရာမှာ စိတ်ဝင်စားသွားတယ်။ စိတ်ဝင်စားသွားသလို နည်းနည်းလောက်ပြောချင်စိတ်ဖြစ် လာတယ်။ ကဗျာဖတ်တာဘယ်လိုလူစားတွေလဲ။ ကဗျာ ဖတ်တဲ့လူတန်းစားသပ်သပ်ရှိနေပါ တယ်။ ခေတ်ပေါ်ကဗျာ တွေက လူတွေအတွက် ခံစားပြီးရေးတယ်။ လူတွေက ခေတ်ပေါ်ကဗျာကိုမဖတ်ဘူးဆိုရင်၊ လူေ တွက လည်း ကျီးကန်းတွေဖြစ်သွားပြီ။
ပြောချ င်တာက မီဒီယာတွေက ကျီးကန်းတွေလို ကိုယ့်ကိုထိလို့ ဝိုင်းအော်တတ်ကြရင် မီဒီယာသမားတွေ ဟာ ကဗျာဖတ်ဖို့တော့လိုပါတယ်။ ကဗျာ မဖတ်တဲ့လူတွေအတွက် ကိုယ်စားဝင်ခံစားနိုင်မှ မီဒီယာသမားဖြစ် နိုင်မယ်မဟုတ်လား ။
ငါတို့ရေချိုးတယ်၊ ကျီးကန်းတွေလည်း ချိုးပါတယ်
ကျီးကန်းတွေလည်း သူတို့ကိုယ် သူတို့ သကြတယ်
ငါတို့လည်း ငါတို့ကိုယ် ငါတို့ သကြတယ်။
ဒီနေရာမှာလည်းပြောချင်တာလေးေ ပ်ါလာပြန်တယ်။ ကျွန်တော်တို့ရေချိုးကြပါတယ်။ ကိုယ်ခန္ဓာ သန့်ရှင်း အော င်၊ ကျန်းမာရေးအတွက်။ ဒါတွေထက်ပို အရေးကြီးတာက စိတ်တွေကို ရေချိုးဖို့လိုပါတယ်။ စိတ်တွေ လည်း သန့်ရှင်းနေမှ။ စိတ်တွေလည်းကျန်း မာသန်စွမ်းနေမှ။ လောကကြီးလည်း လှ လာမှာပါ။ ဒါပေမဲ့ ကျီး ကန်းတွေေ ရချိုးသလိုတော့မဖြစ်ဖို့လိုပါ တယ်။ ကျီးကန်းတွေကရေဘယ်လောက်ချိုးချိုး ဖြူမလာပါဘူး။ ကျီး ကန်းတွေ ရဲ့အော်သံကို ဆက်နားထောင်ကြဦးစို့ ။
ကျီးကန်းတွေမနက်စာ စားဖို့ပိုက်ဆံမလိုဘူး
ငါတို့က မနက်စာစားဖို့ ပိုက်ဆံအမြဲလိုခဲ့တယ်
ငါတို့က နေ့လည်စာကို စားသောက်ဆိုင်မှာစားတဲ့အခါ
ကျီးကန်းတွေက၊ လမ်းဘေးက အကောင်သေတွေ စားကြတယ်။
ငါတို့မှာ ညီညွတ်တဲ့အော်သံတွေ အမြဲမရှိဘူး
ကျီးကန်းတွေမှာ ညီညွတ်တဲ့အော်သံတွေ အမြဲရှိတယ်။
ကျီးကန်းတွေက သူတို့အမျိုးအတွက် အော်ကြတယ်
ငါတို့လည်း ငါတို့အမျိုးအတွက်
ငါတို့အခွင့်အရေးတွေအတွက် အော် ကြတာပဲ
အော်တာပဲ။
ကျီးကန်းတွေအော်သလိုလူတွေလည်း ကို ယ့်အမျိုးကိုထိရင် အော်တတ်ကြပါ တယ်။ ကဗျာဆရာပြောသလို ပါပဲ။ အခွင့် အရေးအတွက်ဆို ပိုအော်တတ်ကြပါတယ် ။ ဒါပေမဲ့ ဒါပေမဲ့ပေါ့။ ဒီနိုင် ငံမှာအခွင့်အရေးတွေ ဆုံးရှုံးနေတာ ကြာလှပါပြီ။ ဘယ်လိုအော်အော် အော်တာပဲဖြစ်နေတာတော့ ဝမ်းနည်းကြေကွဲရပါတယ်။
ကျီးကန်းတစ်ကောင်က နင့်အိမ်နား သစ်ပင်ပေါ်ကနေ
သာသာယာယာ အ အ သံပေးရင်
နင်က ဧည့်သည်လာတော့မယ်ဆိုတာသိတယ်။
အဲဒီအချိန်မှာ နင်က မအားချင်ယောင်ဆောင်တယ်။
ကျွန်တော်တို့မြန်မာလူမျိုးတွေ ရဲ့ဓလေ့ဟာ ဧည့်လာရင် အိမ်သာတတ်တယ် ဆိုတဲ့ အယူအဆ ရှိခဲ့ကြပါ တယ်။
အခုအချိန်မှာတော့ ဒီအယူအဆဟာ တဖြည်းဖြည်း ပျောက်ကွယ်လုမတတ်ဖြစ်နေပါပြီ။ ဧည့်သည်လာရင် ညေ့်ဝတ်မကျေမှာကို စိုးရိမ်တတ်ကြတဲ့အကြောက်တရားက မြန်မာလူမျိုးတွေရဲ့ ယဉ်ကျေးမှုဓေ လ့တွေကို ဝါးမြိုလိုက်ပါပြီ။ ခေတ် အခြေအနေအရ လူမှုရေးတွေ ပါးလျကုန်ပါပြီ။ အိမ်ရှင်တွေအနေနဲ့လည်း ဧည့် သည် လာမှာကိုကြောက်နေသလို ဧည့် သည် တွေအနေနဲ့လည်း အလည်သွားရမှာကြောက်နေတဲ့ခေတ်ကို ရောက်နေပါပြီ။
တနေရာရာမှာ တခုခုဖြစ်နေတဲ့အချိန်
ကျီးကန်းတွေအင်တာနက်မသုံးတတ်လို့ 
ငါတို့အိပ်ကောင်းခြင်းအိပ်ရတယ်
ငါတို့ဟာ ကျီးကန်းတွေမဟုတ်ဘူး
ဒါပေမဲ့ ကျီးကန်းတွေနဲ့ တူတူလာတယ်။
ကျွန်တော့်အနေနဲ့ပြောရရင် ကျီးကန်းတွေနဲ့တူနေခဲ့တာကြာလှပါပြီ။ကျီးကန်းတွေလို အော်တတ်တာက မကြာသေးဘူးဆိုပေမယ့် ကျီးလန့်စာစားဘဝတွေဖြစ်တာကြာခဲ့ ပါပြီ။ အော်တတ်ခဲ့တာမကြာသေးဘူး ဆို တာက မအော်နိုင်အောင် ဖိနှိပ်ထားတဲ့အခြေအနေကြောင့် ဆို တာကိုတော့မပြောလည်း သိကြမှာပါ။
ကျီးကန်းအော်သံတွေဆီကနေ အတွေးကို တောင်တန်းတွေဆီပို့လိုက်တယ်။ တော င်တန်းတွေပေါ်မှာ စစ်ပွဲတွေဖြစ်နေတဲ့အသံတွေကို ကြားနေရတယ်။ စစ်ပွဲတွေမှာ ဘယ်သူတြွေေ ပးနေကြရသလဲ။ ဘယ်သူ တွေဒုက္ခရောက်ေ နကြသလဲ။ ဒီလိုဒုက္ခရောက်နေတဲ့လူေ တွကိုမသနားကြတော့ဘူးလား။ ကိုယ်ချ င်းစာနာ စိတ်လေး မရှိနိုင်တော့ဘူး လား။
အတွေးထဲကို ဒီစစ်ပွဲတွေပြီး သွားရင် ကောင်းမှာပဲလို့တွေးလို က်မိတယ်။ ဒီလိုအတွေးကိုတွေးနေတဲ့  ကဗျာ ဆရာတယောက်ကိုတွေ့လိုက် ရတယ်။ ဒါကို ၂၀၁၇ စက်တင်ဘာ ရုပ်ရှင်တေးကဗျာမဂ္ဂဇင်း ထဲမှာ ကဗျာ ဆရာ မိုးဝေး က စစ်ပြီးစ နှစ်များ ဆိုပြီး ရေးထားပါတယ်။
အတူတူ
ပင့်သက်များ အငွေ့ပျံ
ဘဝထံ ပြန်လာတဲ့ သစ်ရွက်
အကိုင်းဖျားဆီ ပြေးကပ်သလို။
နေရာမကျမှုဟာ
ခုံတန်းအစွန်းဘက် ကပ်ကပ်သွား
အနားစွန်းများတလျှောက်
ပြန်ရောက်လာပါပြီ။
အမည်နာမ မေ့ကြတယ်
ခြေထောက်တဖက် မရှိတော့တာ မေ့ကြတယ်။
ဘယ်အရပ်မှာ ဆုံကြမလဲ
မမြင်ရတော့တဲ့ မျက်လုံးထဲမှာ ပြန်တွေ့ကြတယ်။
စစ်ပြီးစဆိုပဲ
တို့ စောင့်ကြရဦးမယ်။
တကယ်တော့စစ်ပွဲတွေပြီးဆုံးချိန် တန်နေပါပြီ။ စစ်ပွဲတွေမပြီးဆုံး နိုင်အောင်ဖြစ်နေကြတာ အတ္တစိတ်တွေ ပြိုင် နေတာလား။ ကိုယ်ကျိုးစီးပွား အတွက် နယ်မြေလုနေတဲ့လူသတ်မှုတွေလား ဒါတွေမရှိတော့မှ စစ်ပွဲ တွေ ရပ် နိုင်မှာပါ။ အတ္တစိတ်တွေဖယ်ခွာပြီးတော့ ”လာညီနောင်တို့၊ တို့ဖြစ်ေ နတဲ့ စစ်ပွဲတွေ ရပ်လိုက်ကြစို့၊ စစ်ပွဲ ကြောင့် နယ်မြေစွန့်ပြီြးေ ပးရှောင်နေရတဲ့ ဒုက္ခသည်တွေကို နေရပ်ကိုပြန်ပို့ကြစို့ ” ဆိုရင် ဒါကို ကဗျာ ဆရာက ဘဝထံပြန်လာတဲ့သစ် ရွက်လေးနဲ့ တင်စားပြထားပါတယ်။ ဒီ သစ်ရွက်လေးကရောနေခဲ့တဲ့ နေရာ ကိုေ မ့နေမှာလား။
ဒဏ်ရာဒဏ်ချက်တွေအြ ပည့်နဲ့ နေရပ်ကိုပြန်ရောက်လာတယ် ထားဦးတော့ ပြေးနေရတဲ့နှစ်တွေ ကြာေ တာ့ မေ့နေမှာပါပဲ။ မျက်လုံးထဲမှာပြန်ေ တွးကြည့်ပြီး ကြည့်နေတာတောင် ပြန်မမြင်ရတော့ဘူး။ စစ်ပြီးစ နှစ်များ ကို တွေးပြီးရေးပြသွားတာ လှတော့လှတယ်လောက်ပဲ ထားရတော့မှာ ပါပဲ။ ကဗျာဆရာကနောက်ဆုံးရေးသွားသလို” တို့ စောင့်ကြရဦးမယ်”။
ဒီလိုစောင့်နေရတဲ့ကာလတွေမှာကဗျာ အပြင်ဘက်မှာဘဝတွေရှိနေဦးမှာပါ။ ဒါကို ခေတ်ရနံ့ မဂ္ဂဇင်း ထဲကကဗျာဆရာ လင်းခ(မော်လမြိုင်) ကအပြပုံစံမျိုးနဲ့မြင်တွေ့နေရတဲ့ မြင်ကွင်းလေး တခု၊ ကြားနေရတဲ့ အသံကို ရေးပြသွားတာ တွေ့လိုက်ရပါတယ်။
ကျွန်တော်ကတော့
မြန်မာပြည်မှာမွေး မြန်မာပြည်မှာကြီး
သန်းခေါင်စာရင်းမရှိတဲ့ နိုင်ငံသားတယောက်
ကျွန်တော့်အဖေကတော့
ထမင်းစားကျောက်ဆိုလား ရှာရင်းနဲ့
မြေစာပုံအောက်မှာ ပျောက်သွားသလိုလို
ပေါ်တာပါသွားလို့ မိုင်းနင်းမိပြီး ပြန်မလာသလိုလို
အမေပြောပြတာက မရေရာမသေချာ။
ကျွန်တော့်အမေကတော့
ကျွန်တော့်အဖေ မရှိကတည်းက
ဝမ်းရေးအတွက် တအိမ်တက်တအိမ်ဆင်း
သူတပါးအဝတ်တွေ ကူလျှော်တယ်
ကျွန်တော်ကတော့ တလမ်းဝင်တလမ်းထွက်
ပလတ်စတစ်ကောက်ရင်း ဗိုက်အဆာပြေအောင် ကော်ရှုတယ်လေ။
ကျွန်တော်တို့နေတဲ့ရပ်ကွက်က ကျူးကျော်
ကျွန်တော်သေသေချာချာကြည့်ကြည့်ေ တာ့
ယိုးဒယားဘက်ကိုလည်းမကျူး
ဘင်္ဂလားဘက်ကိုလည်းမကျော်
မြန်မာပြည်မြေပုံထဲမှာသာ။
ကျွန်တော့်မှာ သူငယ်ချင်းတွေအများကြီးရှိတယ်
တချို့က ကျွန်တော့်လို ပလတ်စတစ်ကောက်တယ်
တချို့က လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးတယ်
တချို့က မီးပွိုင့်လမ်းဆုံတွေမှာ စံပယ်ပန်းရောင်းတယ်
တချို့က အမှိုက်လှည်းတွေနဲ့ အမှိုက်လိုက်သိမ်းတယ်။
ကျွန်တော်တို့သူငယ်ချင်းအားလုံး မှာ
တူညီတဲ့အချက်နှစ်ချက်ရှိတယ်
အဲဒါကတော့
ကမ္ဘာမကြေသီချင်းကို အားလုံးတူတူဆိုတတ်တာရယ်
အဖြူအစိမ်းဝတ်ထားတဲ့
ရွယ်တူကောင်လေး ကောင်မလေးတွေမြင်ရင်
ငေးပြီးကြည့်နေတတ်တာရယ်။
ကြားလိုက်ရတဲ့အသံတွေက ကြားနေကျမို့ပေမယ့်လည်း ရင်ထဲကို ဆို့နင့်သွားမြဲပါပဲ။ ဒီ လိုမြင်ကွင်းတွေ ပျောက်ကွယ်သွားရအောင်ဆိုတာကလည်း စောင့်ရဦးမှာပါလို့ပြောရင်း အဖြူအစိမ်းနဲ့ စပယ်ဖူးလေးတွေ ပွင့်လန်းရှင်သန်နိုင်ပါစေလို့ ဆုတောင်းရုံကလွဲပြီး.....။
ကိုနိုင်း
ခံစားသုံးသပ်မိတဲ့ခေတ်ပေါ်ကဗျာများ
၁။ နေထက်နိုင်(ကျီးကန်း)၊ မိုး မခမဂ္ဂဇင်း၊ သြဂတ်လ၊၂၀၁၇။
၂။ မိုးဝေး(စစ်ပြီးစ နှစ်များ)၊ ရုပ်ရှင်တေးကဗျာမဂ္ဂ ဇင်း၊ စက်တင်ဘာဘ၊၂၀၁၇။
၃။ လင်းခ(မော်လမြိုင်) (ဒီကဗျာအပြင်ဘက်မှာ ကျွန်တော်တို့ဘဝတွေရှိတယ်)၊ ခေတ် ရနံ့မဂ္ဂဇင်း၊ စက်တင်ဘာလ၊၂၀၁၇။
- The Sun Rays Journal, Vol 1. No 164. 9 Sep 2017
Comments
Post a Comment