သစ်ခက်သံလွင် ကဗျာများ၊ ဆိုင်းဗျူ၊ မောင်ထိန်လင်း(မြို့သာ) နှင့် ကျော်စွာတို့၏ကဗျာများ

Pinterest
ငွေကြေးဖောင်းပွမှု ထဲ ငါ့ခန္ဓာ ပျော်ဝင်သွားခြင်းများ
ဆိုင်းဗျူ

ငါ့ခန္ဓာကို တစ်နေ့ ၈ နာရီလုပ်ပါဆိုတဲ့ သူဌေးတယောက်ရဲ့လက်ပတ်နာရီပေါ် အပ်နှံခဲ့တယ် ။
ငွေကြေးဖောင်းပွမှုထဲ မွေးကတည်းက
ကျင်လည်ခဲ့ပေမဲ့ အခုချိန်ထိ သေဆုံးချိန် မရောက်သေးဘူး။ 

တစ်သောင်းတန် ငါးထောင်တန်ရဖို့ င့ါခန္ဓာကို
တစ်နေ့ ၈ နာရီ ပေးဆပ်လိုက်ရတယ် ။

ငွေကြေးဖောင်ပွမှုနှုန်းမရပ်တန့်ဘဲ လည်ပတ်နေပုံနာရီဟာ
နေ့စား အလုပ်သမားများအတွက်တော့ အသံတိတ် လူသတ်သမားလား ။
ဒီယန္တရားကြီး စတင်ခဲ့တာ
ဘယ်သူလဲ ဘယ်ကောင်လဲ ဘယ်အစိုးရလဲ ။

ငါတို့သွေးတွေ ရက်ရက်စက်စက် ဖောက်ထုတ်ခံရတာ
ငွေကြေး ဖောင်ပွမှုကြောင့်လား ။
တရားရုံးမှာ အမှန်တရားရှုံးရတာ
ငွေကြေးဖောင်းပွမှုကြောင့်လား ။
မိသားစုထမင်းဝိုင်း စားလို့မကောင်းတာ
ငွေကြေးဖောင်းပွမှုကြောင့်လား ။
စက္ကူချင်းတူပေမဲ့တန်ဖိုးမရှိရတာ
ဘာကြောင့်လဲ ။ 

ဒီကျိန်စာက ငါပဲ လွတ်မြောက်နိုင်မလား
ငါ့သားသမီးတွေ မလွတ်မြောက်နိုင်တော့ဘူးလား ။
 
Pinterest
အလွဲ

မောင်ထိန်လင် (မြို့သာ)
 

အိပ်ပျော်တဲ့ သူတော်စင်ကြီးက
သန်ခေါင်​​ကျော်အကျယ်ကြီး
တရားချစ်ခင်လိုက်​​တော့
အိမ်နီးချင်းများခမျာ
အိပ်ချင်မူးတူး
သာဓုနုမောဒနာလိုက်ရတယ်

အသံမစဲခြေရင်းအိမ်က အဘွားအို
မူးတယ်​​မော်တယ်ဆိုလို့
Ear Plug
လုပ်ဖို့ ဂွမ်းတစ်ထုပ်​​ပေးပြီး
ဆေးကုခဲ့ဖူးတယ်

မနက်မနက်မိုးမလင်းခင်
ဓမ္မဒါန အကြီးကြီး ယူ
ဂီတ အကျယ်ကြီး ချစ်မြတ်နိုးသူတွေကြောင်
အိပ်​​ရေးမနပ်မှန်သူတွေ
ခေါင်းတခြမ်းကိုက်ကျန်ရစ်ကြ။

အကုသိုလ်များမှာစိုးလို့
တိုးတိုးတိတ်တိတ်ကြိတ်ခံ
နိဗ္ဗာန်နဲ့ နီးစပ်သူတွေလေ...
ကုသိုလ်ရမယ်ထင်ပြီး
နင်နင်​​ မျို ချ
မာဃရဲ့သားသမီးတွေလေ...
နတ်ပြည်က ငါးမျှားချိတ်ကို လှမ်းဟပ်​​နေတယ်

www.pinterest.com
နာမည်​အကြီးကြီး​တွေချိတ်​ထားတယ်
ကျော်​စွာ


ခင်​ဗျားတို့ပိုသိပါတယ်
တိမ်​​တွေ​နေရာမမှန်​တဲ့အ​ကြောင်း
ရေ​အေးစီး​ကြောင်း​တွေ
ရေ​နွေးစီး​ကြောင်း​တွေအ​ကြောင်း
ခင်​ဗျားတို့ကပင်​လယ်​ဓားပြ​တွေပဲ
ဘယ်​အချိန်
ရွက်​လွင့်​ရမလည်း
ဘယ်​အချိန်
ကျောက်ချရမလည်း
ခင်​ဗျားတို့ပိုသိပါတယ်
ခင်​ဗျားတို့ဟာပင်​လယ်​ဓားပြ​တွေပါ
ဆားပွင့်​​တွေနဲ့
ဂျပ်​​ခေါက်​​နေတဲ့အင်္ကျီ​တွေနဲ့
နာမည်​ကြီး​ကောင်​​တွေပါ
လေ​တွေ
လှိုင်း​တွေ
ဘယ်​အချိန်​ထရမယ်​ဆိုတာ
ခင်​ဗျားတို့ပိုသိပါတယ်
လှိုင်းမမူးတဲ့​ကောင်​​တွေ
အရက်​မမူးတတ်​​တော့တဲ့​ကောင်​​တွေရဲ့
အရက်​စည်​​တွေမှာ
ရတနာကျွန်း​မြေပုံ​တွေပြည့်​လို
အာ​လေးလျှာ​လေးသီချင်းသံ​တွေဟာ
မုန်​တိုင်း​တွေကို​ချော့သိပ်​ပြီး
ရွက်​ကြိုး​တွေဆွဲကြတယ်
ကုန်းပါတ်​​တွေတိုက်​ကြ
ခင်​ဗျားတို့ပိုသိပါတယ်
ထိကရုန်း​လေးညိုးသွားချိန်
ခင်​ဗျားတို့ပိုသိပါတယ်
ကုက္ကိုရွက်​ ​တွေအိပ်​ချိန်
ခင်​ဗျားတို့ပိုသိပါတယ်
ဘယ်​အချိန်
ကာမအားတိုး​ဆေး​သောက်​ရမယ်​ဆိုတာ
ဂျပ်​စ်​ပဲရိုးရဲ့သံလိုက်​အိမ်​​မြောင်​နဲ့
ပုလဲနက်​သ​င်္ဘောမရှိလည်း
နာမည်​ဘယ်​လိုကြီးရမယ်​ဆိုတာ
ခင်​ဗျားတို့သိပြီးသား
တံဘိုးခရာများမှုတ်​ကြပါ
ကိုယ့်​ဓား​တွေမှာကိုယ်​နာမည်​ထိုးလို့
အလံတင်​လိုက်​ကြပါ
ခင်​ဗျားတို့သည်
နာမည်​ကြီးပင်​လယ်​ဓားပြများဖြစ်​​ကြောင်း
မျက်​စိတစ်​ဖက်​လပ်​​နေတဲ့အလံ​တော်​ဟာ
အရိုး​ခေါင်း​တွေ​ပေါ်
နာမည်​အကြီးကြီး​ရေးသွားခဲ့ကြတယ်

Comments