ပြတင်းတံခါးအဖွင့် ဇာခန်းဆီးအလွင့်( ၂၉ )
နိမိတ်ပုံများကိုခံစားခြင်း
ကိုနိုင်း
အခုခေတ်ပေါ်ကဗျာတွေကိုဖတ်ကြည့်လို က်တဲ့အခါ နိမိတ် ပုံရဲ့လှပလေးနက်မှုကိုယူပြီးရေးဖွဲ့ကြတဲ့ ခေတ်ပေါ်ကဗျာ များကို သိပ်မတွေ့ရေ တာ့ပါဘူး။ ခေတ်ပေါ်ကဗျာမှာ နိမိတ် ပုံက အလှတပါးလို့ပြောလို့ ရပါတယ်။ စစ်အာဏာရှင်ခေတ်မှာ စာပေကင်ပေတိုင်လို့ ပြောတဲ့ စာပေစိစစ်ရေးရုံးကိုကျော်ဖြတ်ဖို့  မာယာပရိယာယ်ကို သုံးခဲ့ ရပါတယ်။
စာပေစိစစ်ရေးကိုကျော်ဖြတ်နိုင် ဖို့အတွက် သက်သက် မဟုတ်ပဲ၊ နိမိတ်ပုံလှအောင်ဖွဲ့ပြနိုင်မှ ခေတ်ပေါ် ကဗျာရဲ့ အလှတရားကို တစိမ့် စိမ့်ခံစားရတာပါ။ နိမိတ်ပုံအားကောင်းလေ ခေတ်ပေါ်ကဗျာကကြွလာလေပါ ပဲ။ ကျွန်ေ တ်ာပြောချင်တာက ခေတ်ပေါ်ကဗျာကို နိမိတ်ပုံ လှလှတွေနဲ့တန်ဆာဆင်မှုဟာ ပါးလျပျောက်ကွယ်သွား မှာကိုတော့ စိုးရိမ်နေမိတဲ့အကြောင်းပါ။
”ကဗျာကို ရင်ထဲမှာလှနေတဲ့အတိုင်း ပုံပန်းမပျက်ထုတ်ပြနိုင်ချင်တယ် ။
နဂိုရည်ကို မပျောက်ပျက်ရ အောင်၊ ရင်ထဲအရှိန်တွေကို ယုတ်လျော့မသွားအောင်
အတတ်ပညာကို အသိမ်မွေ့ဆုံး၊ အသုံးပြုနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်” ဆိုပြီး မောင်သိန်းဇော်က ၁၉၉၅ ခုနှစ်က ပိတောက်ပွင့်သစ်မှာ ရေးသွားပါတယ် ။
ခေတ်တွေဘယ်လိုပဲပြောင်းပြောင်း ခေတ်ပေါ်ကဗျာရဲ့အလှက တော့ မပြောင်းေ စချင်ပါဘူး။ ကျွန်တော် ရေးခဲ့သလို ကာမခံစားမှု ကို စကားပြေလိုဖြန့်ချရေးထားပြီး ခေတ်ပေါ်ကဗျာဆုရသွားခဲ့တာ မျိုးေ တွ အဖြစ်များလာမှာ စိုးရိမ်မိပါတယ်။
အခုအခြေအနေမှာတော့ မဂ္ဂဇင်းခေတ်ပေါ်ကဗျာတွေမှာ နိမိတ်ပုံ သုံးပြီး ခံစားရမိတဲ့ကဗျာအချို့တော့ ရှိေ နပါသေးတယ်။၂၀၁၇ ခုနှစ်၊ Idea မဂ္ဂဇင်းထဲက မိုးသက်ငြိမ်ဦး ရဲ့ ကြိုးတန်းလန်း ကဗျာ ကို ခံစားကြည့်ကြ ပါစို့။
တွဲလောင်းကျနေတဲ့ကြိုးတန်းလန်းကို
တွဲလောင်းကျနေတဲ့ စိတ်ဓာတ်တွေနဲ့ လူက
မမှိတ်မသုန် ငေးစိုက်ကြည့်နေတယ်။
ကြိုးကိုအသုံးပြုပြီး ဘဝတခု အစဖြတ်ချင်လို့ရတယ်။
ကြိုးကိုအသုံးပြုပြီး ဘဝတခုချင်း ချည်နှောင်ချိတ်ဆက်လို့ရတယ်။
ကြိုးကိုကွင်းလျှောလုပ်ပြီး လည်ပင်းမှာစွပ် ခုန်ချလိုက်ရင် ကြိုးကွင်း
ကြိုးကိုအထုံးထုံးပြီး အောက်ဆုံးကလူကို ချပေးလိုက်ရင် တန်ဖိုးရှိတဲ့ကြိုးထုံး
ကြိုးသဘာဝအတိုင်း တွဲလောင်းကျကာ လှုပ်ယမ်းနေတယ်။
လူကလည်း လူသဘာဝအတိုင်း စိတ်မတည်ငြိမ်လှုပ်ရှားနေတယ်။
တွဲလောင်းကျနေတဲ့စိတ်ဓာတ်တွေကို
တွဲလောင်းကျနေတဲ့ ကြိုးတန်းလန်းက ဘာမှမစွမ်းဆောင်နိုင်ဘူး
တွဲလောင်းကျနေတဲ့အဖြစ်မျိုး မရောက်ခင်အထိ
ကြိုးတန်းလန်းကိုငေးကြည့်နေတယ်
ကြိုးတန်းလန်းကို စိတ်အမှတ်နဲ့။
ဒီကဗျာဟာ နိမိတ်ပုံမပါပါဘူးလို့ပြောလို့ မရပါဘူး။ နိမိတ်ပုံကိုလှလှပပရေြး ပသွားတဲ့ ခေတ်ပေါ်ကဗျာ တပုဒ်ပါ။ အတွေးတခုနဲ့ ကြိုးတခုကို စိတ်နဲ့နှိုင်းယဉ်ပြသွားပါတယ်။
လူတွေရဲ့စိတ်မတည် ငြိမ်ဖြစ်နေတဲ့အချိန်ေ လးတခုမှာ ဘာအစွမ်းအစမှမရှိတဲ့ ကြိုးတချောင်း တွဲလောင်း ကျ နေတယ်ဆိုပြီး ရေးပြသွားတာပါ။ ဒီကဗျာအနေနဲ့ပြောမယ်ဆိုရင် ကဗျာဆရာ တွေးတဲ့အတွေးကို လိုက် တွေးလို့လွယ်ပါလိမ့်မယ်။ ဒါပေမဲ့ ကြိုးတချောင်းနဲ့ စိတ်ရဲ့နောက်ကွယ်မှာအတွေးတွေ အများကြီးရှိပါတယ် ကြိုးတချောင်းကိုအသုံးချတတ်ရင် တန်ဖိုးရှိတဲ့ ကြိုးတချာင်ြး ဖစ်မယ်ဆိုတာကို ကြိုးကိုအထုံးထုံးပြီး အောက်ဆုံးကလူကို ချပေးလိုက်ရင် တန်ဖိုးရှိတဲ့ကြိုးထုံး လို့တင်ပြသွားတာ တခုလောက်ပါ။ လူ့စိတ်ကိုလည်း ကောင်းတဲ့နေရာမှာ ထားရင် တန်ဖိုးရှိနိုင်မှာပါ။
ဒီလိုမျိုးရေးဖွဲ့ပြသွားတဲ့ခေတ်ပေါ်ကဗျာတပုဒ်ကို ၂၀၁၇ သြဂတ်လ ဗြူတီမဂ္ဂဇင်းထဲက နိုင်မွန်အောင်သွင် ရဲ့ ကျကွဲတဲ့နေ့ မှာ တွေ့ရပါတယ်။
အမှိုက်ပုံးနဲ့ ပန်းခြံက
တနေ့တခြား ထိစပ်လာနေတယ်
သေနတ်မှာ ကျည်ဆန်မရှိတဲ့ခံတပ်နဲ့
နတ်သားမှာ ဗျတ်စောင်းမရှိရတာနဲ့
နှင်းဆီမှာ
ကိုယ့်ဆူးနဲ့ ကိုယ်
ချင်းချင်းနီခဲ့ရတာနဲ့
အညှီကြိုက်တဲ့သတ္တဝါဆန်ဆန်
မဖုံးနိုင် မဖိနိုင်
အဆီပြန်မျက်နှာတွေနဲ့
ကိလေသာတွေ တလွှားလွှားနဲ့
မသူတော်ချင်း
ပုလင်းတူ ဗူးဆို့လိုက်နဲ့
အကုသိုလ်မှာ
သွေးလေညီညွတ်နေကြပုံ။
မနေ့ကအထိ ဘဝဟာ ပန်းခြံထဲမှာ
ဒီနေ့တော့ မလွှာသာ မရှောင်သာ
အကျိုးကျိုးအကြေကြေ စိတ်တွေနဲ့ အမှိုက်ပုံးထဲ
မီးသီးအကွဲတလုံးပမာ။
လူတွေရဲ့သာယာလှပတဲ့ဘဝတွေကနေ တန်ဖိုးမရှိတဲ့ အဖြစ်တွေကို ရောက်သွားတတ်တာကို အေ တွးနဲ့ နိမိတ်ပုံကို ပြသွားပါတယ်။
လူသားတွေဆိုတာ စောစောကပြောသလို ကြိုးတချောင်းကိုအသုံးမချတတ် ရင်
ကိုယ့်လည် ပင်းမှာ ကိုယ် ကြိုးကွင်းစွပ်လိုက်သလိုမျိုးဖြစ်တတ်တာနဲ့၊
လူ့သဘာဝအရ အညီကြိုက်တတ် တာကိုမထိမ်းနိုင်ရင် အမှိုက်ပုံးထဲရောက်ရမှာပါပဲ။
ပန်ြး ခံထဲက လူ့ဘဝကိုသာယာနေတာပြပေမယ့် အမှိုက်ပုံးနဲ့ အတော်နီးစပ် တာကို သတိရှိကြဖို့ရေးပြသွားတဲ့ ခေတ်ပေါ်ကဗျာတပုဒ်ပါ။
ဖြန့်ကျဲေ တွးရင် တွေးစရာတွေရှိလာပါလိမ့် မယ်။
ခေတ်ပေါ်ကဗျာတွေဟာ ဖြစ်စဉ်ကိုတိုက်ရိုက် ရေးပြတာ ထက် ခေတ်ပေါ်ကဗျာဖတ်သူအတွက်
ဖြန့်ကျက်တွေးရတဲ့ အရသာကိုပေးနိုင်ပါတယ်။ မြင်ကွင်းတခုကို
မြင်နေရတဲ့အတိုင်း လက်ညှိုးထိုးပြတာထက်၊ မြင်နေရတဲ့နောက်မှာ ဖုံးကွယ်ထား တာတွေကိုတွေးပြီး သိလာခဲ့မယ်ဆို ရင် အနည်းဆုံး ကျေနပ်ပီတိကို ရစေနိုင်ပါ တယ်။ ဒါကိုခေတ်ပေါ်ကဗျာရေးသူတွေ ခံစား တတ်တဲ့အလှတရားတခုပါ။
ဒီခေတ်ပေါ်ကဗျာရဲ့အလှကို လှပစွာရေးဖွဲ့ပြတတ်မယ်ဆိုရင်တော င် ခေတ်ပေါ်ကဗျာရေးသူရောဖတ်သူပါ ပီတိဖြစ်နိုင်ပါလိမ့်မယ်။ ဒီလိုလှပစွာနဲ့ ရေးပြခဲ့တာကတော့ ၂၀၁၇ သြဂတ်လ THE PEOPLE’S DIGEST ထဲကအံ့ဘွယ်ဇင် ရဲ့ စာလုံးလေးနှစ်လုံး ကဗျာမှာပါ။
ကော်ဖီရနံ့သင်းသင်းလေးက
တမြို့တည်းဆိုတဲ့ အသိစိတ်ကို
ပိုနွေးထွေးစေတယ်။
တကယ်ပဲ ရထားလုံးဖြူဖြူလေးတွေကို
မှာခဲ့တာပါ
မိုးလေးတစိမ့်စိမ့်ဖြစ်နေတဲ့
ကောင်းကင်ကြီးကိုငေးရင်း
မီးခိုးရောင်တိမ်တွေ လိုက်စီးမိတယ်။
ထင်းရူးပင်လေးတွေဆီက
တစက်စက်ကျနေတဲ့
ရေစက်လေးတွေ
သူတို့နဲ့ပျော်ဝင်ဖို့
လက်ယပ်ခေါ်နေကြတယ်။
ဖွင့်ထားတဲ့ပြတင်းပေါက်လေးကလည်း
လေအလာမှာ
အိမ်ဘက်ကိုယိမ်းယိမ်းလာလို့
ပြန်ပြန်တွန်းထားရတယ်။
ပန်းကလေးတွေအများကြီးကြားမှာ
ကျွန်တော်ရှာမတွေ့တဲ့ ပန်းလေးတပွင့်ရှိနေတယ်။
ယူကလစ်ပင်လေးကတော့
ကိုယ်ချင်းစာစိတ်နဲ့
သူ့အရေပြားပေါ် တက်တူးထိုးခွင့်ပေးတယ်
ကျွန်တော် စာလုံးလေးနှစ်လုံး ရေးထိုးခဲ့မိပါတယ်
တခွင်ခွင်နဲ့ မြင်းခွာသံလေးတွေ စည်းချက်ကျနေတဲ့
သူမ ချစ်တဲ့ မြို့ကလေးမှာ။
သိပ်ပြီးတွေးစရာမပါပေမယ့်၊ နိမိတ်ပုံလေးတွေကိုလှလှပပလေးေ ခ်ါယူရေးဖွဲ့ထားတဲ့ ခေတ်ပေါ်ကဗျာ တပုဒ်ပါ။ ကဗျာဖတ်သူရဲ့စိတ်ကို ကြည်နူးပီတိဖြစ်စေပါလိမ့်မယ်။
ကဗျာရေးသူပြောပြသွားတဲ့ မေမြို့ကို စိတ်ထဲကမြင်နိုင်ပါတယ်။ ခေတ်ေ ပ်ါကဗျာတွေက အတွေးကို ဆင့်ပွား တွေးနိုင်သလို၊ လှပအောင်ရေးဖွဲ့တာကိုလည်းသိနို င်ပါလိမ့်မယ်။ ဒါက နိမိတ်ပုံကိုအသုံးချတတ်မှု ပါပဲ။ တကယ်တော့ ခေတ်ပေါ်ကဗျာမှာ နိမိတ်ပုံရဲ့လှပစွာတင်စားမှုဟာ အေ ရးတကြီးပါဝင်နေ တုန်းပါ။ နိမိတ်ပုံကိုအလေးမထားပဲရေးေ နကြတဲ့ ခေတ်ပေါ်ကဗျာ တွေကတော့ ကဗျာရဲ့အလှမာယာမပါတော့ ရိုးရှင်းေ နပါတယ်။
ခေတ်ပေါ်ကဗျာဖြစ်တည်လာခဲ့တဲ့ ခေတ်တွေကိုပြန်ကြည့်ရင် နိမိတ်ပုံပါတဲ့ကဗျာတွေကပဲ ရှင်သန်အောင် ရုန်းထခဲ့ကြတာကိုေ တွ့မြင်ရမှာပါ။
နိမိတ်ပုံနဲ့ရေးဖွဲ့ထားတဲ့ခေတ်ေ ပ်ါကဗျာများက ဘယ်လိုအကြောင်းအရာကိုပဲရေးရေး အတွေး တွေကအစ လှနေပါလိမ့်မယ်။အခု အချိန်မှာပွင့်လင်းမြင်သာတဲ့ခေတ်ဆိုပြီး ပြည်သူတွေဖတ်နိုင်ရေးကိုအကြောင်းပြုပြီး နိမိတ်ပုံလွယ်လွယ်၊ တချို့ခေတ်ေ ပ်ါကဗျာတွေဆို လုံးဝမပါတော့ပဲ ရေးလာကြပါပြီ။ စကားပြေဆန်လာကြပါပြီ။
ခေတ်ပေါ်ကဗျာရဲ့အကျဖက်ကိုရောက်လာပြီလားလို့တောင် မပြောတတ်တော့ပါဘူး။ ခေတ်ပေါ်ကဗျာတွေဟာ အနည်းဆုံးတော့ နိမိတ်ပုံပါတဲ့ကဗျာတွေကို ရေးကြေ စလိုပါတယ်။ အခုနိမိတ်ပုံအသုံးပြုပြီးရေးတဲ့ခေတ်ပေါ်ကဗျာကိုခံစားမိ ရင်း...
အဲဒီခေတ်ပေါ်ကဗျာကတော့ ၂၀၁၇ စက်တင်ဘာလ ဖက်ရှင်မဂ္ဂဇင်း ထဲက ကဗျာဆရာ ကျော်စိုးလူ ရေးတဲ့ ခဲတလုံးတည်းနဲ့ ပစ်မှတ်လေးငါးခုကို ဆိုတဲ့ကဗျာပါ။
အရွေ့တခုမှာ
မှားနေတဲ့ သီချင်းတပုဒ်ကို
သိသိနဲ့
နောက်မဆုတ်ပဲ ဆက်ဆိုနေခဲ့ကြတော့
တွေးတော စာနာမှုဟာ
အလိုတူ အလိုပါဆိုပြီး နာမည်ပျက်ရတယ်
အဖုံးဖွင့်ထားတဲ့ ပုလင်းတလုံးက
သူ့ဘဝခြောက်ပစ်ကင်းစင်ပါကြောင်း
အများရှေ့ရပ်ပြလာတဲ့အခါ
တယောက်ရဲ့လိပ်စာကို
နောက်တယောက်က ပြတ်ပြတ်သားသား
(မမေးရဲ/မတောင်းရဲ) တဲ့အနေအထားတွေက
ငါတို့ရှေ့မှာ တွေ့မြင်ခဲ့ရ
သံသယတွေ တသွင်သွင်နဲ့ စီးဆင်းနေကြသော မြစ်/ပင်လယ်များ
ပြွတ်ခနဲ
ကြားလိုက်ရတဲ့အသံနောက်မှာ မိတ်ဖွဲ့ဖို့
လိုက်ရင်း လိုက်ရင်းနဲ့
စားပွဲပေါ်က ငါတို့စားရမယ့် ထမင်းတပွဲ
ဘယ်သူတွေ နေရာရွှေ့ထားလိုက်ကြသလဲ
ဟုတ်တယ်… ဘယ်သူတွေ…
နေ့သစ်တွေထဲမှာ အခါခါ ရွှေ့ထားလိုက်ရတဲ့အခါ
ကိုင်းဆက်ကူးထားတဲ့ဘဝတွေနဲ့
ဝေးလုခါ
ငြိမ်းအေးတဲ့အခြားတဖက်ဆီမှာသာ။
ကျွန်တော်တို့ခေတ်က ခေတ်ပေါ်ကဗျာတွေကို စကားပြေဆန်သော အခြေအနေကနေ ကင်းလွတ်ပါစေ။ ခေတ်ပေါ်ကဗျာဖြတ် သန်းလာတဲ့ဘဝကို ကိုင်းဆက်ကူးနိုင်ပါစေ။
ကိုနိုင်း
ခံစားသုံးသပ်မိတဲ့ခေတ်ပေါ်ကဗျာများ။
၁။ မိုးသက်ငြိမ်ဦး၊(ကြိုးတန်းလန်း )။Idea မဂ္ဂဇင်း၊ သြဂတ်လ ၂၀၁၇။
၂။ နိုင်မွန်အောင်သွင်(ကျကွဲတဲ့ေ န့)။ ဗြူတီမဂ္ဂဇင်း၊ သြဂတ်လ ၂၀၁၇။
၃။ အံ့ဘွယ်ဇင်(စာလုံးလေးနှစ်လုံး )၊ THE PEOPLE’S DIGEST။ သြဂတ်လ ၂၀၁၇။
၎။ ကျော်စိုးလူ(ခဲတလုံးတည်းနဲ့ ပစ်မှတ်လေးငါးခု)၊ ဖက်ရှင်မဂ္ဂဇင်း၊ စက်တင်ဘာလ ၂၀၁၇။
-
The Sun Rays Journal, Vol-1, No-165, Sept 16,2017
Comments
Post a Comment