တနင်္ဂနွေမှာရေးတဲ့စာ
မိုးခါး
မိုးခါး
သီချင်းနဲ့သတင်းတစ်လှည့်စီဖတ်ကြားနေရတဲ့အချိန်
သံသယစိတ်မှာ
ဘယ်အချိန်ထပေါက်ကွဲမလဲစိုးရိမ်နေမိ
အဓိပ္ပာယ်အားလုံးအမှန်ချည်းပဲလို့မဆိုလိုပါဘူး
သက်တံကိုင်းနဲ့မလွတ်တဲ့ပဲ့တင်သံမှာ
ကာယကံမမြောက်တဲ့အရှူံးတွေအဖြစ်
မမြင်ချင်၊
ဟန်ဆောင်ထားတဲ့အသားတစ်တွေကို
ပန်းဓားနဲ့လှီးဖြတ်နေရသမို့
သိမ်မွေ့စိတ်မှာနူးညံမှုတော့လိုတာပေါ့။ ။
…
EDII_ECA_PTG_0164 |
ဘဝဖြတ်မျဉ်းများ
ရိုးတံ (ပုလဲနယ်)
ရိုးတံ (ပုလဲနယ်)
ဘဝဆိုတာ
မျက်ရည်တွေနဲ့ပန်းတက်ခူးရသလို
အပြုံးတွေနဲ့ ကန့်သတ်ထားတာလည်းရှိတယ်…
ဘဝဆိုတာ
မြစ်တစ်ခုလို ကွေ့ကောက်သလောက်
စီးဆင်းမှုကတော့
အဆက်မပြတ် ဖြောင့်တန်းနေတယ်…
ဘဝဆိုတာ
ရွေ့လျားနေတဲ့ တိမ်တွေဖြစ်ပြီး
တည်ငြိမ်နေတဲ့ ကောင်းကင်ပေါ်မှာ
ရပ်တန့်သွားတယ်…
ဘဝဆိုတာ
လိုချင်သလို ခူးခပ်မရပေမယ့်လည်း
ချစ်ခင်တတ်တဲ့ အမြတ်တခုရှိရင်
အဓိပ္ပာယ်ကတော့ ပိုလေးနက်လာတယ်…
ဘဝဆိုတာ
အဆန်တွေ ဆန်တက်ရင်း
လောကဓံမှာ
ကိုယ်ကိုယ်တိုင် ဆန့်ကျင်ဘက်ဖြစ်သွားတယ်…
…
ငါတို့ဟာငှက်တွေဖြစ်တယ်
နေခန့်(မလှိုင်)
စုန်လိုက်ဆန်လိုက်ကောင်းကင်ကြီးထဲ
ငါတို့ရဲ့တောင်ပံတွေဟာမောဟိုက်နေလို့
အဖြူရောင်ဖဲကြိုးဆီကိုပျံသန်းချင်ပေမယ့်
လူသားကမ္ဘာမှာတွေ့နေရတာတွေက
ဓားလှံလေးမြှားတွေ ဖွေးဖွေးဖြူ
ကွန်ဒုံးတွေ
အလှပြင်ထားတဲ့မြွေတွေ
မွေ့ယာပေါ်ကဘရာဇီယာတွေ
ကိုယ့်အသိုက်နဲ့ကိုနေတယ်
နေရာတကာမှာကျော့ကွင်းတွေရှိတယ်
နေရာတကာမှာထောင်ချောက်တွေရှိတယ်
ကြယ်တွေကိုငေးကြည့်နေရင်း
ဘုရားသခင်နဲ့အတူမစားသုံးနိုင်သေးတဲ့
ငါ....တို့....ဟာ.... ငှက်....တွေ....ဖြစ်....တယ်။
Comments
Post a Comment