![]() |
KT# |
ကိုယ့်ဒုက္ခနဲ့ကိုယ်
ဖိုးရွှေညီမှိုင်း
စိတ်မရှည်တတ်တာ။
လူကြီးလူကောင်းယောင် မဆောင်တတ်တာ။
ရင်ထဲကမပါဘဲ ပြုံးမပြတတ်တာ။
သံခင်းတမန်ခင်းစကားတွေကို မုန်းတီးတတ်တာ။
နေချင်သလိုနေပြီး သေချင်သလိုသေဖို့မကြောက် တတ်တာ။
ဥသြငှက်တွေအားလုံး ဆိုင်းလင့်ခ်လုပ်ခံထားရ
ပိတောက်မပါနွေဦးကိုမှ သင်္ကြန်သီချင်းရေးနေခဲ့ရတာ။
သော့အထပ်ထပ်ခတ် ဂရင်းဟောက်စ်ထဲက
နှင်းဆီခင်းပွင့်ပုံကိုမှ သက်ငြိမ်ပန်းချီရေးချင် ခဲ့ရတာ။
တကယ်အမြဲတမ်းရှိပေမယ့်
ဘယ်သောအခါကမှ ပေါ်မလာခဲ့ဘူးတဲ့
ဒီကောင်းကင်အသစ်ကြယ်အလင်း ရဲ့
အချစ်ကိုမှ
တမ်းတမ်းတတ
ကဗျာတပုဒ် လုပ်ချင်နေခဲ့ရတာ။
ဒါတွေအားလုံးဟာ တကယ်တော့ ...
...
![]() |
KT# |
အစီးအနင်းများ
ကိုခြူးလေး(MP)
လောကဓံတရား ရှစ်ပါးဟာ
အရပ်ရှစ်မျက်နှာကနေ လာခဲ့ပြီးတော့
ဒုက္ခပေါင်း ရှစ်သောင်းလေးထောင်နဲ့
မပြေလည်မှု ရှစ်ကမ္ဘာစာလောက် ပါလာခဲ့သလိုပါပဲ ... ၊၊
စစ်သည်တော်ရှစ်သိန်းအားနဲ့ ညီမျှတဲ့အားနဲ့
ဝန်းရံတိုက်ခိုက်လျက်ပါပဲ... ၊၊
ဘယ်သူမှလည်း
မျက်ကွယ်ပြုလို့လည်း မရဘူး ၊၊ ၊၊
Comments
Post a Comment