သစ်ခက်သံလွင် ကဗျာ၊ ရိုးတံ (ပုလဲနယ်)၊ ​ကျော်​စွာ နှင့် ဉာဏ​ကျော်​ တို့၏ကဗျာများ

Pinterest
 ဘဝရဲ့ပေတံ
ရိုးတံ (ပုလဲနယ်)

အတိုင်းအတာတခုထိပဲ
ဘဝကို အားတုံ့အားနာဖြစ်ရတယ်
ရင်တွင်းကွေ့ကောက်ခြင်းအတွက်
လူတစ်ယောက်ရဲ့အဆုံးအဖြတ်ကို
နာခံလို့မရဘူး
အသေးစိတ်ရေတွက်မိရင်
အသေးအဖွဲကိစ္စ
ရှိကောင်းရှိနေနိုင်လိမ့်မယ်
ကောင်းမလေးရေ
အဲဒီအခိုက်အတန့်လေးထဲမှာ
ငါကိုတွေ့အောင်ရှာကြည့်ပါ ။
Pinterest
 နာမည်​အကြီးကြီး​တွေချိတ်​ထားတယ်
ကျော်​စွာ

ခင်​ဗျားတို့ပိုသိပါတယ်
တိမ်​​တွေ​နေရာမမှန်​တဲ့အ​ကြောင်း
ရေ​အေးစီး​ကြောင်း​တွေ
ရေ​နွေးစီး​ကြောင်း​တွေအ​ကြောင်း
ခင်​ဗျားတို့ကပင်​လယ်​ဓားပြ​တွေပဲ
ဘယ်​အချိန်
ရွက်​လွင့်​ရမလည်း
ဘယ်​အချိန်
ကျောက်ချရမလည်း
ခင်​ဗျားတို့ပိုသိပါတယ်
ခင်​ဗျားတို့ဟာပင်​လယ်​ဓားပြ​တွေပါ
ဆားပွင့်​​တွေနဲ့
ဂျပ်​​ခေါက်​​နေတဲ့အင်္ကျီ​တွေနဲ့
နာမည်​ကြီး​ကောင်​​တွေပါ
လေ​တွေ
လှိုင်း​တွေ
ဘယ်​အချိန်​ထရမယ်​ဆိုတာ
ခင်​ဗျားတို့ပိုသိပါတယ်
လှိုင်းမမူးတဲ့​ကောင်​​တွေ
အရက်​မမူးတတ်​​တော့တဲ့​ကောင်​​တွေရဲ့
အရက်​စည်​​တွေမှာ
ရတနာကျွန်း​မြေပုံ​တွေပြည့်​လို
အာ​လေးလျှာ​လေးသီချင်းသံ​တွေဟာ
မုန်​တိုင်း​တွေကို​ချော့သိပ်​ပြီး
ရွက်​ကြိုး​တွေဆွဲကြတယ်
ကုန်းပါတ်​​တွေတိုက်​ကြ
ခင်​ဗျားတို့ပိုသိပါတယ်
ထိကရုန်း​လေးညိုးသွားချိန်
ခင်​ဗျားတို့ပိုသိပါတယ်
ကုက္ကိုရွက်​ ​တွေအိပ်​ချိန်
ခင်​ဗျားတို့ပိုသိပါတယ်
ဘယ်​အချိန်
ကာမအားတိုး​ဆေး​သောက်​ရမယ်​ဆိုတာ
ဂျပ်​စ်​ပဲရိုးရဲ့သံလိုက်​အိမ်​​မြောင်​နဲ့
ပုလဲနက်​သ​င်္ဘောမရှိလည်း
နာမည်​ဘယ်​လိုကြီးရမယ်​ဆိုတာ
ခင်​ဗျားတို့သိပြီးသား
တံဘိုးခရာများမှုတ်​ကြပါ
ကိုယ့်​ဓား​တွေမှာကိုယ်​နာမည်​ထိုးလို့
အလံတင်​လိုက်​ကြပါ
ခင်​ဗျားတို့သည်
နာမည်​ကြီးပင်​လယ်​ဓားပြများဖြစ်​​ကြောင်း
မျက်​စိတစ်​ဖက်​လပ်​​နေတဲ့အလံ​တော်​ဟာ
အရိုး​ခေါင်း​တွေ​ပေါ်
Pinterest
 ခါး​နေတဲ့အမှန်​တရား​တွေ
ဉာဏ​ကျော်


ကမ္ဘာကြီးလုံးသည်​ဖြစ်​​စေ
ကမ္ဘာကြီးပြားသည်​ဖြစ်​​စေ
ကောင်​ကင်​က​တော့ တ​ဦးတည်းမဟုတ်​လား။

ပင်​လယ်​က​ရေ​တွေကိုလက်​နဲ့ခပ်​ထုတ်​ပါ
အတ္တမဲ့တဲ့ငါး​တွေကိုချန်​ထားခဲ့ပါ
အိုင်​​သေး​သေး​လေးမှာ​မေတ္တာတရားရှိတိုင်း
သမုဒ္ဒရာကြီးမှာလည်းရှိတယ်​မထင်​ပါနဲ့။

လူကိုလူလိုမြင်​ရင်
ဘယ်​​တော့မှမိုးမ​ခေါင်​။

သစ်​ပင်​​တွေစကား​ပြောသည်​ဖြစ်​​စေ
စကားမ​ပြောသည်​ဖြစ်​​စေ
သခါင်္ရကိုအ​ဖော်​ပြုတတ်​ရင်
ငရဲမှာတံခါးမရှိ​လောက်​ပါဘူး။

ထီးနဲ့ဖိနပ်​ထဲကို​တော့
အမှန်​တရား​တွေထည့်​ထားတတ်​ပါ​စေ....။  


Comments