ငါ့ရင်ထဲကနတ်သား
LA Now - Los Angeles Times |
ငါပူလောင်လည်း သူအေးချမ်း
ငါယောက်ယက်ခပ်နေချိန် သူတည်ငြိမ်
ငါရှုံ့မဲ့နေချိန်တွေ သူရယ်ပြုံး
ငါ့ ထမင်းလုတ်တွေကို ငါလိုက်ဖမ်းရင်း
ငါခဏခဏလဲကျ
သူ့ကျ ထမင်းလည်း မလို
ငါ့လမပြည့်ချိန်တွေ သူလင်းထိန်လို့
သူ့ကိုယ်ရောင်ကိုယ်ဝါတွကို ငါကြွေရ
ငါ့ရင်ထဲကနတ်သားဟာ
အတိတ် ပစ္စုပ္ပန် အနာဂတ်တွေကနေ လွန်မြောက်
ပရိဒေဝတွေနဲ့ ငါလောင်ကျွမ်းနေချိန်
သူ့လက်ထဲ ကြာပန်းတွေနဲ့
အလိုမကျမှုတွေနဲ့ ငါ့ဆဲရေးသံတွေကို
သူမကြားယောင်ပြုနေတတ်ရဲ့
ငါ့ရင်ထဲကနတ်သား
ရုပ်အဆင်းကိုမတွေ့ရလည်း ငါသိတယ်
သူ့အသံကိုမပြုလည်း ငါကြားရတယ်
အရှိမဲ့ တည်ရှိနေတဲ့ ငါ့ရင်ထဲက နတ်သား
ဒီကဗျာလည်း သူရေးတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
လင်းသက်ငြိမ်
…
ငါတို့ဟာငှက်တွေဖြစ်တယ်
coloringpages24x7.com |
စုန်လိုက်ဆန်လိုက်ကောင်း
ငါတို့ရဲ့တောင်ပံတွေဟာမောဟို
အဖြူရောင်ဖဲကြိုးဆီကိုပျံသန်
လူသားကမ္ဘာမှာတွေ့နေရတာတွေက
ဓားလှံလေးမြှားတွေ ဖွေးဖွေးဖြူကွန်ဒုံးတွေ
အလှပြင်ထားတဲ့မြွေတွေ မွေ့ယာပေါ်ကဘရာဇီယာတွေ
ကိုယ့်အသိုက်နဲ့ကိုနေတယ်
နေရာတကာမှာကျော့ကွင်းတွေရှိ
နေရာတကာမှာထောင်ချောက်တွေ
ကြယ်တွေကိုငေးကြည့်နေရင်း
ဘုရားသခင်နဲ့အတူမစားသုံးနိုင်
ငါ....တို့....ဟာ.... ငှက်....တွေ....ဖြစ်....တယ်။
နေခန့်(မလှိုင်)
Comments
Post a Comment