သစ်ခက်သံလွင် ကဗျာ၊ မောင်ထိန်လင်း(မြို့သာ) နှင့် နေခန့် (မလှိုင်) တို့၏ကဗျာများ

americanveterancoalition.org
 နှမ်းသိမ်းချိန်
မောင်​ထိန်​လင်း(မြို့သာ)

 
တမိုးလိုနဲ့
နှမ်းအပျို အရွယ်​​ရောက်
မြီး​ကောင်​​ပေါက်​မှ အပျိုဖြန်း
လိပ်​ပြာနဲ့
အချစ်​ဇာတ်​လမ်းတခန်းရပ်
မတ်​တပ်​မ​နေနိုင်
ခွေယိုင်​​ဝါ​ဖျော့ ​ခေါင်းမ​မော့နိုင်​။

ကမ္ဘာ​မြေအတွက်
ရင်​​သွေး​လေး​တွေ ​မွေး​ပေးခဲ့မယ့်
မိခင်​စိတ်​ဓာတ်​နဲ့
ခေါင်းအဖြတ်​ခံခဲ့
တလင်းအလယ်​​ခေါင်
စည်း​နှောင်​ ​ထောင်​ထားခံခဲ့
နေပူပြင်းပြင်းမှာ
တဗျင်း​ဗျင်း အရိုက်​ခံခဲ့
နှမ်းတလုံးထဲနဲ့ ဆီဖြစ်​ခဲ့ပါတယ်​။

ဖွားခနဲ ဖွားခနဲ ကျလာတဲ့
အနက်​​ရောင်
အနီ​ရောင်
အဖြူ​ရောင်​ က​လေး​တွေ
သွေးမျက်​ရည်​ကြားက
အပြုံးနဲ့အား​ပေး
တိတ်​တိတ်​​လေးခွဲခွာ
နွားစာစဉ်းခုံမှာ ပိုင်းပိုင်းပြတ်
အာဟာရဓာတ်​အဖြစ်
ဇာတ်​သိမ်းရအုံးမှာပါကွယ်​။


၆.၇.၂၀၁၇
ည ၇း၂၁
....
Exposition Art Blog


ဆေးရုံ
နေခန့်​(မလှိုင်​)

သင်္ခါရတရားဟာ
သေမင်းနဲ့အတူ လတစင်းလို

သိမ်​ငယ်​​နေတဲ့မျက်​လုံး​တွေကိုမှ
တွန်းတွန်းချ​နေကြ

တချို့က
ဗြဟ္မစိုရ်​တရားကိုပွတ်​သပ်​ကြတယ်

တချို့က
သွေးစုတ်​ဖုတ်​​ကောင်​ဝင်​စားကြတယ်

အဲဒီမှာ
မိန်းမတယောက်​လို​ကောက်​​ကြောင်းမလှဘူး...။






Comments