သစ်ခက်သံလွင်ကဗျာ ၊ တည်ဘွားဦး နှင့် လင်းသက်ငြိမ်တို့၏ကဗျာများ

 
KT#


နှစ်ကိုယ်ခွဲ 
တည်ဘွားဦး 

ဟိုအကောင် ဘယ်သေသေကွာ
ငါသာ မသေဖို့အရေးကြီး
ပြောသေးတယ် စစ်ပွဲကြီးပြီးရင် ပြန်တွေ့ကြတာပေါ့ကွာတဲ့
ကမ်းနဖူးမှာ တည်းတည်းကလေးတွဲနေတဲ့မင်းဟာ ငါမဟုတ်ဘူး
မင်းဟာ ငါမဟုတ်ကြောင်း သတင်းစာထဲကြော်ငြာစရာလား
မင်းဟာ ငါမဟုတ်ကြောင်း မီဒီယာတွေကိုဖွစရာလား
မင်းဟာ ငါမဟုတ်ကြောင်း Facebook ပေါ်တင်စရာလား
မင်းဟာ ငါမဟုတ်ကြောင်း
လက်ထိုးပြီးအန်ပစ်လိုက်ရတယ်ကွာ ငါ့ခမျာ
ငါဟာ ငါဟုတ်ကြောင်း ငါ့အသည်းနှလုံးကို
သေချာအောင် အပ်ကလေးနဲ့ဆွဆွပြီးမှ ဒီကဗျာကိုရေးတယ်။ ။ 


...
KT#
ဧရာဝတီတိုင်း
လင်းသက်ငြိမ်

လမ်းတွေပေါ်တက်လိုက်
ရာဇဝင်တွေထဲမျှောပါသွားလိမ့်မယ်
မြုပ်နေတဲ့သမိုင်းက အကျယ်ဆုံးဂီတပဲ
လည်ချောင်းကြီးထဲကထိုးထိုးထွက်လာတဲ့အသံတွေကို
ကြက်သီးဖြန်းဖြန်းထခံစားရ
မြစ်ကိုလူတွေကစီးခဲ့တယ် ။
...

Comments