Skip to main content
သစ်ခက်သံလွင် ကဗျာ၊ တင်လတ်ကို ၏ " ချစ်သမျှ ~ ၆ "
 |
Google မှ ယူသည် |
ချစ်သမျှ ~ ၆
တင်လတ်ကို
၇ ဇူလိုင်
ချစ်သမျှမှာ
သွေးမြေကျရ။
ချစ်သမျှမှာ
ကျောင်းတံခါးပိတ်ရ။
ချစ်သမျှမှာ
ဝါတွင်းကြီး။
ချစ်သမျှမှာ
အောက်မေ့ဖွယ်။
ချစ်သမျှမှာ
တမိနစ်ငြိမ်ရ။
ချစ်သမျှမှာ
အလံတဝက်။
ချစ်သမျှမှာ
ဥဒါန်း ဘယ်ခါမကြေ။
ချစ်သမျှမှာ
လက်သီးလည်း ဘယ်ခါမှ
မပြေ။ ။
Comments
Post a Comment