သစ်ခက်သံလွင် ကဗျာ၊ မောင်နောင်မွန် ၏ " ရော့ခ်သီချင်းတပုဒ်ကို နားဆင်ခြင်း"

ရော့ခ်သီချင်းတပုဒ်ကို နားဆင်ခြင်း
  မောင်နောင်မွန်
Studio International

ကျယ်ပြန့်သောမြက်ခင်းပြင်ကြီးတခု
သေနတ်ခါးကြားထိုး မြင်းစီးသမားများ
ခါးသက်သက်ကော်ဖီစေ့များစွာပြန့်ကျဲ။

ဘရန်ဒီလိုရူးသွပ်မှုအပြည့်နဲ့
နွေလယ်ခင်းရဲ့တနင်္ဂနွေနေ့များ
ဆူညံအက်ကွဲနေသော ပေါက်ကွဲသံများ။

ဆယ်ကျော်သက်ကလေးမလေးများ
ကျောင်းကပေးလိုက်သော အိမ်စာတပိုင်းတစနဲ့
အဝေးကလှိုင်းခတ်သံများ
ဆံပင်ရှည်ရှည်ကောင်လေးတယောက်
ရဲ့
ရင်ကွဲနာကျသံစဉ်များ။

ဗယ်လင်တိုင်နေ့များ
ပန်းစည်းများနှင့် ပို့စကဒ်များ
ရင်ဘတ်ထဲရောက်လာတဲ့ အမည်မသိမှုများ
ကာရန်မညီတဲ့ ဂီတတီးခတ်မှုများ
ရော့ခ်ကီတယောက်ရဲ့ဟန်ပန်များ
မြို့ပြတခုရဲ့ ညလယ်ပါတီခင်း
မီးခိုးမှိုင်းတွေအပြည့်နဲ့ ဆူညံမိန်းမောမှုကြား
ရော့ခ်သီချင်းတပုဒ်ဟာ အရိုင်းဆန်စွားထွက်ပေါ်လာခဲ့တယ်။

မိတ်ဆွေ
" အမိမဲ့သားတယောက်ရဲ့မညီမညာခြင်
းတေးသံများအား
နှလုံးသားနွေးနွေးဖြင့် ဖမ်းယူနားဆင်ပါ" ။  ။

  မောင်နောင်မွန်

Comments