ပြတင်းပေါက်ရဲ့အပြင်ဘက်မှာဒီလူည
(00:00:01)
ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများ သည် ဝါကျင်ကျင်ဒိုင်ယာရီစာအုပ်လေးထဲ က စကားလုံးများမဟုတ်ပါ။ ချာလီချက် ပလင်၏မျက်နှာပေါ်တွင် မရှိပါ။ ဦးမော့စ်၏စကား သံများတွင် မရှိပါ။ ဝိုင်၊ ဝက်ပေါင်ခြောက်နဲ့ ဒင်နီတို့သူငယ် ချင်းများတွင် မရှိပါ။ သို့သော် ကျေ နာ့်တွင် ပျော်ရွှင်ခြင်းများ ရှိသည်ကတော့ အမှန်ပင်ဖြစ်ပါတယ်။
( 00:00:10)
နယူတန်သည် ကမ္ဗာ့ဆွဲအားကိုရှာဖွေတွေ့ရှိခဲ့ သည်ဖြစ်စေ/မတွေ့ခဲ့သည်ဖြစ်စေ သစ်ပင်ထက်တွင် စိမ်းစို ဝေဆာခဲ့ေ သာ သစ်ရွက်တို့သည် တခုသောကာလ၌ မြေ ပင်သို့ကြွေကျမည်မှာမလွဲပါဟု ကျေးဇူးကန်း သောအတွေးမျိုး ကျနော့်တွင် မကြာမကြာ ပေါ်လာတတ်ပါတယ်။ "မရှိရင် မဖြစ်ဘူး "ဆိုသော စာတန်း ကိုအခန်းထဲကနေ အြ ပင်ထုတ်ထားခဲ့သည်မှာ
အချိန်အားဖြင့် ကြာမြင့်ခဲ့ပါပြီ။ နယူတန်၏ တွေ့ရှိချက် သည်
သိပ္ပံပညာအတွက်ကြီးမားသော အောင်မြင်မှုနဲ့အသုံးဝင်မှုရှိသော် လည်း သစ်ပင်လေးတွေ အတွက် တော့ မျက်လုံးများရဲ့ စောင့် ကြည့်ခြင်းကို ခံရပြီး လွတ်လပ်သော ခံစားမှုတချို့ ဆုံးရှုံးသွားကြသည် ဟု ကျနော်ယုံကြည်မိပါတယ်။ ထိုယုံ ကြည်ချက်မှာ မှားသည် ဖြစ်စေ မှန်သည်ဖြစ်စေ ထိုယုံကြည်မှုအပေါ် မည်သည့်အခါမှ ကျနော်ဟာသက်သေပြမည်မဟုတ်ပါ။
ယုံကြည်ခြင်းသည် ဆောက်လုပ်ဆွဲသား ချက်များဖြင့် အဖြေရအာင်တွက်ထုတ်ရသော ဂျီဩမေတြီပုစ္ဆာမျိုး မဟုတ်ဟု ယူဆမိသောကြောင့် ဖြစ်ပါတယ်။
(00:01:00)
ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများ သည် သာယာလှပသောကမ်းခြေရှိသဲသောင်ြ ပင်ပေါ်တံင်မရှိပါ။ ရွှင်မြူးတက်ြ ကွသည့်သီချင်းများကြား လွင့်ပျံနေသော မီးရောင်များအောက်တွင် မရှိပါ။ မီးကိုတွေ့ရှိခဲ့သော ရှေး ဦးလူမျိုးတို့တွင်လည်း မရှိပါ။ သို့သော် ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိသည် ကတော့ မငြင်းပယ်နိုင်သည့် အမှန်တရားတ ခုပင်ဖြစ်ပါတယ်။
( 00:10:00 )
မနေ့ကမိုးလေဝသတိုင်းထွာချက်အရ ဒီနေ့ကောင်းကင်ဟာ တိမ်ထူထပ်နေပါ တယ်။ မျက်နှာကြက်မှာအကွက်ဖော်ထားသော မှန်ကွက်ကလေးများဆီက အလင်းရောင် ဟာ ဖျော့တော့စွာ ကျဆင်းနေပါတယ်။ နံ ရံပေါ်ကအိမ်မြှောင်တကောင်ဟာ သူ့ရှေ့ဖြတ်သွားသောအစာကို လျှာနဲ့ဖမ်းယူလိုက် ချိန်မှာ ကျေ န်ာနိုးလာခဲ့ပါတယ်။ ကျနော့်ဘေးနား မှာ ညကလက်စမသတ်ရသေးတဲ့ ကဗျာတပုဒ်ဟာ သွေး ထွက်လွန်နေပါ တယ်။ ပတ်ဝန်းကျင်လေထုထဲမှာညှော်နံ့ေ တွက ကျနော့်ရဲ့အနံ့ခံအာရုံဆီ အရှိန်ြ ပင်းပြင်းနဲ့ ဝင် နေပါတယ်။ ကျနော်ဟာ လူသေတယောက်လိုေ အးစက်မှုမျိုးနဲ့ ခဏတာ ငြိမ်သက်နေမိပါတယ်။ ယုံကြည်မှုခံရသောလူတယောက်ရဲ့ အချို့သောဆုံရှုံးမှုတွေအကြောင်း၊ နေပူထဲကလူထက်ပူပြင်းလှသော အပူ ဒဏ်ကို ဘယ်သူမှပိုပြီးမသိနိုင်တဲ့အကြော င်း၊ သန်းခေါင်ထက်နက်စရာမရှိတော့တဲ့ ညတွေအကြောင်း၊ အချစ်ခံရသူတို့ရဲ့ လွတ်လပ်မှုတို့ တိတ်တဆိတ်ပျောက်ဆုံးနေတဲ့အကြော င်းတို့ကို ကျနော်ဟာ မှန်လှောင် အိမ်ထဲကရွှေ ငါးလေးတွေကိုပြောပြချင်မိပါတယ်။ သူတို့လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ထိုသို့တခုခုမှာ တနေရာရာမှာ တစုံတခုဆံးရှုံးနေတဲ့အကြောင်းတွေကို ကျနော်ဘယ်လိုကာကွယ်ပေးနိုင် မလဲ လို့ စိတ်ကြီးဝင်နေခဲ့ပါတယ်။
( 01:00:00 )
ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများ သည် နေ့စဉ်ထုတ်သတင်းစာတချို့၏စာ မျက်နှာများပေါ်တွင် မရှိပါ။ နူးညံ့ သိမ်မွေ့သောမိန့်ခွန်းများတွင် မရှိပါ။ တယောက်ကိုတယောက် လက် ဆွဲနှုတ်ဆက်ကြပြီး ထိုးထားသောလက်မှတ်များပေါ်တွင် မရှိပါ။ သို့သော်ပျော်ရွှင်ခြင်း များ ကျနော့်တွင် ရှိပါတယ်။
( 10:00:00 )
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ မြင်ကွင်းဟာ မိုးရွာသွန်းပြီးစသစ်ပင်တွေလို စိမ်းစိုနေပါတယ်။
"ဒီ "ထိုးတမ်းကစားနေတဲ့ကျနော်ပိုင် ဆိုင်ခဲ့ဖူးသော၊ နောင်မှာကျနော် လို့ယူဆနိုင်လာမယ့် ချာတိတ်လေးရဲ့  မျက်နှာဟာ ပြုံးပျော်နေပါတယ်။ ကျေေ န်ာလှမ်းခေါ်လိုက်ပေမယ့် ကျနော့်ခေါ်သံကိုကြားပုံမပေါ်ပါဘူး။ ကျနော့်ဘက်ဆီလည်း လှည့်မကြည့် ပါဘူး။ ကျနော်နောက်တကြိမ်ထပ်ေ ခ်ါဖို့ကြိုးစားနေစဉ်မှာပဲ အတွေး တခုဝင်လာခဲ့ပါတယ်။ ဒါနဲ့ လှမ်းမခေါ်ဖြစ်တော့ပဲ ပြတင်းပေါက်နားကနေ လှမ်းကြည့်ေ နလိုက်မိတယ်။ ချာတိတ်နဲ့သူ့သူ ငယ်ချင်းတစု ကစားရင်းငြင်းခုံလိုက်နဲ့။ ပြီးေ တာ့ သူတို့လေးတွေရဲ့မျက်နှာပေါ်မှာပေါ်နေ တဲ့ အပြုံးရိပ်လေးတွေကို ကျနော်ငြိမ်သက်စွာငေးကြည့်နေမိ ပါတယ်။ တော်တော်ကြာလာတော့ သူတို့ သူငယ်ချင်းတစုခေါင်းချ င်းဆိုင်လိုက် တယ်။ နောက်ထပ်ကစား နည်းတမျိုးကိုကစားဖို့ မဲခွဲနေကြပါတယ်။ တယောက်ကပြောလို က်တဲ့သစ်ရွက်ကို ကျန်တဲ့လူတွေက အပြေးအလွှား လိုက်ခူးကြရတယ်။ ပျော် စရာတော့ အကောင်းသားပါပဲ။ တယောက်ြေ ပာတဲ့စကားကိုဝေဖန်ပိုင်းခြားဖို့ မရှိဘဲ ကိုယ့်ကိုမမိအောင် အရေးတကြီးလို က်လုပ်နေကြတဲ့ ချာတိတ်လေးတွေကိုကြည့်ပြီး ကျေ န်ာအသံထွက်အောင် ရယ်လိုက်မိ တယ်။ "ကလေးကွက်ဆိုတာဒါမျိုးပဲဖြစ်မယ် လို့"လို့ကျနော်တွေးမိပါတယ်။
ကျေေ န်ာငေးကြည့်နေစဉ်မှာပဲ ပတ်ဝန်းကျင်မြင်ကွင်းဟာ ရုတ်ချည်းပြောင်းလဲလာတယ်။ အလင်းရောင်ဟာမှိ န်လာတယ်။ မိုးတိမ်တိုက်တွေဟာ ညို လာတယ်။ မကြာပါဘူး။ ကောင်းကင်ပေါ်ကေ န ရေတွေစီးကျလာပါတော့တယ်။ ချာတိ တ်လေးတွေဟာ သစ်ပင်အောက်ကိုပြေးသွားကြပြီး မိုးခိုနေကြ တယ်။ ကျနော်သူတို့အတွက် စိတ်မကောင်းဖြစ်မိသွားတယ်။ သူတို့ ရဲ့ ရယ်မောပျော်ရွှင် သံတွေဟာ ဒီမိုးကြောင့်တိတ်ဆိတ်သွားတဲ့ အတွက်ပါ။ ဒါပေမဲ့ ကျနော့်အတွေး မှားသွားကြောင်း နောက်ထပ်မိနစ် အနည်းငယ် အကြာလောက် မှာ သိလိုက်ရပါတယ်။ ဘယ်အချိန်ကရောက်လာမှန်းမသိတဲ့ေ ဘာလုံးတလုံး ကို သူတို့တွေမိုးရေထဲမှာဝိုင်းလုေ နကြ တယ်။ သူတို့မျက်နှာပေါ်က အပြုံးတွေဟာ မပြောင်းလဲပါဘူး။ ဒီ့အရင်ရယ်သံတွေအတိုင်းပဲ။"ဂိုး " " ဂိုး"ဆိုပြီးသူတို့ဆီကအသံတချို့ ကို ခဏကြာတိုင်းကြားရတယ်။ တဖက်အသင်းကိုဂိုးသွင်းပြီး အောင်ပွဲခံနေပုံကလည်း သိပ်ပြီးထူးထူးခြားခြားမရှိပါဘူး။ သူတို့ဆီကပျံ့လွင့်လာတဲ့ လတ်ဆတ်သင်းပျံ့တဲ့အသံတွေဟာ ကျနော့်အကြားအာရုံမှာပဲ့တင်ထပ်ေ န တယ်။ မိုးစက်တွေစင်နေတဲ့ ပြပတင်းပေါက်ကိုမပိတ်နိုင်အောင် ပဲ ကျနော်ဟာ အမျိုးအမည်မတပ်နိုင်တဲ့ ခံစားမှုတွေနဲ့ ကြည့်နေမိပါတယ်။ အချိန်တော်တော် ကြာလာတော့ ကျနော့်မျက်လုံးကိုလာစင်တဲ့ေ ရစက် ကြောင့် မျက်တောင်တချက်ခတ်လိုက်မိတယ်။ အဲ့ဒီတိုတောင်းလွန်းတဲ့ အချိန်ခဏလေးမှာပဲ ကျနော် ငေးကြည့်နေတဲ့မြင်ကွင်းဟာ ပြောင်းလဲသွားပြန်ပါတယ်။ အလင်းေ ရာင်ဟာပြန်ပြီး တောက်ပလာပါတယ်။ သူတို့သူငယ်ချင်းတွေဟာ ပျော်ပျော်ရွှင်ရွှင် စွန်လွှတ်ေ နကြတယ်။
" ဟား ဟား ဘယ်ရမလဲ ငါ့ကိုလာဖြတ်တဲ့စွန် ခုတော့ပြတ်သွားပြီ"။ အဲ့ဒီအသံေ ကြာင့် ကျနော်ဟာ လေထဲ ဝဲနေတဲ့စွန်တွေဆီ အကြည့်ရောက် သွားပါတယ်။ ဟုတ်ပါတယ် ။ နှစ်ရောင်စပ်စွန်ကလေးတကောင် ဟာ ကြိုးတန်လန်းနဲ့ လေနှင်ရာ လွင့်ပါနေပါတော့တယ်။
**
**
ကျနော့်မှာပျော်ရွှင်စရာများရှိ ပါတယ်။ ကျနော်ဟာငေးမောနေမိပါတယ်။ နှစ်လိုစရာကောင်းတဲ့မြင်ကွင်းမှ ရယ်မြူးသံတွေဟာ လသာနေတဲ့ညလေးတညလိုပါပဲ။
( 00:00:00 )
ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ။ ။
ဒီလူည
ကျနော့်တွင် ပျော်ရွှင်ခြင်းများ ရှိပါတယ်။ ထိုပျော်ရွှင်ခြင်းများ
( 00:00:10)
နယူတန်သည် ကမ္ဗာ့ဆွဲအားကိုရှာဖွေတွေ့ရှိခဲ့
ယုံကြည်ခြင်းသည် ဆောက်လုပ်ဆွဲသား
(00:01:00)
ကျနော့်တွင် ပျော်ရွှင်ခြင်းများ
( 00:10:00 )
မနေ့ကမိုးလေဝသတိုင်းထွာချက်အရ ဒီနေ့ကောင်းကင်ဟာ တိမ်ထူထပ်နေပါ
( 01:00:00 )
ကျနော့်တွင် ပျော်ရွှင်ခြင်းများ
( 10:00:00 )
ပြတင်းပေါက်ကိုဖွင့်လိုက်တော့ မြင်ကွင်းဟာ မိုးရွာသွန်းပြီးစသစ်ပင်တွေလို စိမ်းစိုနေပါတယ်။
"ဒီ "ထိုးတမ်းကစားနေတဲ့ကျနော်ပိုင်
က်ေေ
" ဟား ဟား ဘယ်ရမလဲ ငါ့ကိုလာဖြတ်တဲ့စွန် ခုတော့ပြတ်သွားပြီ"။ အဲ့ဒီအသံေ
**
**
ကျနော့်မှာပျော်ရွှင်စရာများရှိ
( 00:00:00 )
ပြတင်းပေါက်ရဲ့အပြင်ဘက်မှာ။ ။
ဒီလူည
Comments
Post a Comment